ကိုဗစ် Positive ဖြစ်ခဲ့တဲ့ ဂီလ်မောနဲ့ ဖက်လဲတကင်းစကားပြောဆိုသွားတာကြောင့် Quarantine ဝင်ရမယ့် မေဆင်မောင့်နဲ့ ချီဝဲလ်

အင်္ဂလန်အသင်းကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူမေဆင်မောင့်နဲ့ နောက်ခံလူ ချီဝဲလ်တို့ဟာ မကြာသေးခင်က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ စကော့တလန်ကစားသမား ဂီလ်မောနဲ့ထိတွေ့မိခဲ့တာကြောင့် တစ်ဦးတည်းသီးသန့် (၁၀)ရက်ကြာနေထိုင်ရတော့မှာဖြစ်ပြီး ဒီနေ့ကစားမယ့် ချက်အသင်းနဲ့ အုပ်စုပွဲကို လွဲချော်ဖို့သေချာသွားပါပြီ။

မေဆင်မောင့်နဲ့ ချီဝဲလ်တို့နှစ်ဦးဟာ စကော့တလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ သူတို့ကလပ်အသင်းဖော်လူငယ်ကွင်းလယ်လူ ဂီလ်မောကို ပွေ့ဖက်နှုတ်ဆက်တာတွေပြုလုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဂီလ်မောဟာ ကိုဗစ် Positive ဖြစ်နေတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ရတာကြောင့် ကိုယ်တိုင်လည်း တစ်ဦးတည်းသီးသန့်နေထိုင်နေရသလို အခု မေဆင်မောင့်နဲ့ ချီဝဲလ်တို့ပါ Quarantine ဝင်ရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း(Public Health England)ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုးရှိသူတစ်ယောက်နဲ့ (၁၅)မိနစ်ကျော်ကြာအောင် ထိတွေ့စကားပြောဆိုခဲ့သူတိုင်း Self Quarantine ဝင်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ထားပြီး မေဆင်မောင့်၊ ချီဝဲလ်တို့ဟာ အဝတ်လဲခန်းသွားတဲ့လမ်းတစ်လျှောက် ဂီလ်မောနဲ့ ဖက်လဲတကင်းစကားပြောဆိုသွားတာကြောင့် ဒီကစားသမားနှစ်ဦးကို (၁၀)ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်စေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဂီလ်မောဟာ အခုအချိန်မှာ (၁၀)ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ရတဲ့အတွက် အခုညကစားမယ့် ခရိုအေးရှားနဲ့ အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းကစားသမားနှစ်ဦးဖြစ်တဲ့ မေဆင်မောင့်နဲ့ ချီဝဲလ်တို့ဟာလည်း လာမယ့်ဇွန်လ(၂၈)ရက်အထိ အသင်းနဲ့အတူပူးပေါင်းလေ့ကျင့်ခွင့်မရဘဲ တစ်ဦးတည်းသီးသန့်လေ့ကျင့်မှုတွေပြုလုပ်သွားရမှာဖြစ်သလို အင်္ဂလန်အသင်းကစားရမယ့် ချက်အသင်းနဲ့အုပ်စုနောက်ဆုံးပွဲကို လွဲချော်ဖို့သေချာသွားပါပြီ။

အင်္ဂလန်အသင်းဟာ ချက်အသင်းနဲ့ပွဲမတိုင်ခင်ကတည်းက ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားပြီဖြစ်ပြီး အုပ်စုရပ်တည်မှုမသေချာသေးတာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲကို ဇွန်လ(၂၈)ရက်၊ ဒါမှမဟုတ် (၂၉)ရက်မှာကစားဖို့ရှိနေတဲ့အတွက် အဲဒီပွဲမှာလည်း မေဆင်မောင့်နဲ့ ချီဝဲလ်တို့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

မေဆင်မောင့်ဟာ အင်္ဂလန်အသင်းကစားခဲ့တဲ့ အုပ်စုပွဲစဉ်နှစ်ပွဲမှာ အဓိက ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိခဲ့ပြီး ချီဝဲလ်ကတော့ တစ်ပွဲမှပွဲထွက်ခွင့်မရသေးချိန်မှာ အခု Quarantine ဝင်ရမှာဖြစ်လို့ သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

zawgyi

ကိုဗစ္ Positive ျဖစ္ခဲ့တဲ့ ဂီလ္ေမာနဲ႔ ဖက္လဲတကင္းစကားေျပာဆိုသြားတာေၾကာင့္ Quarantine ဝင္ရမယ့္ ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္

အဂၤလန္အသင္းကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူေမဆင္ေမာင့္နဲ႔ ေနာက္ခံလူ ခ်ီဝဲလ္တို႔ဟာ မၾကာေသးခင္က ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ စေကာ့တလန္ကစားသမား ဂီလ္ေမာနဲ႔ထိေတြ႕မိခဲ့တာေၾကာင့္ တစ္ဦးတည္းသီးသန႔္ (၁၀)ရက္ၾကာေနထိုင္ရေတာ့မွာျဖစ္ၿပီး ဒီေန႔ကစားမယ့္ ခ်က္အသင္းနဲ႔ အုပ္စုပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာသြားပါၿပီ။

ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္တို႔ႏွစ္ဦးဟာ စေကာ့တလန္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ သူတို႔ကလပ္အသင္းေဖာ္လူငယ္ကြင္းလယ္လူ ဂီလ္ေမာကို ေပြ႕ဖက္ႏႈတ္ဆက္တာေတြျပဳလုပ္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ဂီလ္ေမာဟာ ကိုဗစ္ Positive ျဖစ္ေနတယ္လို႔ စမ္းသပ္ေတြ႕ရွိခဲ့ရတာေၾကာင့္ ကိုယ္တိုင္လည္း တစ္ဦးတည္းသီးသန႔္ေနထိုင္ေနရသလို အခု ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္တို႔ပါ Quarantine ဝင္ရေတာ့မွာျဖစ္ပါတယ္။

အဂၤလန္ႏိုင္ငံ ျပည္သူ႔က်န္းမာေရးအဖြဲ႕အစည္း(Public Health England)ရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါပိုးရွိသူတစ္ေယာက္နဲ႔ (၁၅)မိနစ္ေက်ာ္ၾကာေအာင္ ထိေတြ႕စကားေျပာဆိုခဲ့သူတိုင္း Self Quarantine ဝင္ရမယ္လို႔ စည္းမ်ဥ္းသတ္မွတ္ထားၿပီး ေမဆင္ေမာင့္၊ ခ်ီဝဲလ္တို႔ဟာ အဝတ္လဲခန္းသြားတဲ့လမ္းတစ္ေလွ်ာက္ ဂီလ္ေမာနဲ႔ ဖက္လဲတကင္းစကားေျပာဆိုသြားတာေၾကာင့္ ဒီကစားသမားႏွစ္ဦးကို (၁၀)ရက္ၾကာ တစ္ဦးတည္းသီးသန႔္ေနထိုင္ေစဖို႔ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ကို အသိေပးအေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

ဂီလ္ေမာဟာ အခုအခ်ိန္မွာ (၁၀)ရက္ၾကာ တစ္ဦးတည္းသီးသန႔္ေနထိုင္ရတဲ့အတြက္ အခုညကစားမယ့္ ခ႐ိုေအးရွားနဲ႔ အုပ္စုတက္ေရးအဆုံးအျဖတ္ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အဂၤလန္အသင္းကစားသမားႏွစ္ဦးျဖစ္တဲ့ ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္တို႔ဟာလည္း လာမယ့္ဇြန္လ(၂၈)ရက္အထိ အသင္းနဲ႔အတူပူးေပါင္းေလ့က်င့္ခြင့္မရဘဲ တစ္ဦးတည္းသီးသန႔္ေလ့က်င့္မႈေတြျပဳလုပ္သြားရမွာျဖစ္သလို အဂၤလန္အသင္းကစားရမယ့္ ခ်က္အသင္းနဲ႔အုပ္စုေနာက္ဆုံးပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာသြားပါၿပီ။

အဂၤလန္အသင္းဟာ ခ်က္အသင္းနဲ႔ပြဲမတိုင္ခင္ကတည္းက ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္သြားၿပီျဖစ္ၿပီး အုပ္စုရပ္တည္မႈမေသခ်ာေသးတာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲကို ဇြန္လ(၂၈)ရက္၊ ဒါမွမဟုတ္ (၂၉)ရက္မွာကစားဖို႔ရွိေနတဲ့အတြက္ အဲဒီပြဲမွာလည္း ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္တို႔ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။ ေမဆင္ေမာင့္ဟာ အဂၤလန္အသင္းကစားခဲ့တဲ့ အုပ္စုပြဲစဥ္ႏွစ္ပြဲမွာ အဓိက ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိခဲ့ၿပီး ခ်ီဝဲလ္ကေတာ့ တစ္ပြဲမွပြဲထြက္ခြင့္မရေသးခ်ိန္မွာ အခု Quarantine ဝင္ရမွာျဖစ္လို႔ သူ႔အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။