အင်္ဂလန်အသင်းက ရက်ဖို့ဒ်ကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုသင့်တာလဲ ?

စကော့တလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းက အုပ်စုပထမနေရာအတွက် ချက် ရီပက်ဘလစ်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ အင်္ဂလန်က အုပ်စုပွဲစဉ် ( ၂ ) ခုမှာ သွင်းဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့ပြီး စိတ်ပျက်စရာ တိုက်စစ်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပါတယ်။

မန်နေဂျာအနေနဲ့ တိုက်စစ်ကစားသမားတွေရဲ စွမ်းဆောင်ရည်ကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပါတယ်။ ဖီးလ် ဖိုဒင်က အချိန်အများစုမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိသလို ခရိုအေးရှားနဲ့ ပွဲစဉ်မှာ တစ်လုံးတည်း‌သော အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရာဟင်း စတာလင်ကလည်း အုပ်စုပွဲစဉ် ( ၂ )ခုလုံးမှာ အားနည်းခဲ့ပါတယ်။ အင်္ဂလန်က လက်ရှိမှာ ( ၄ ) မှတ်ရထားပြီးဖြစ်တဲ့အတွက် နောက်တစ်ဆင့် တက်ရောက်ဖို့တော့ သေချာသလောက်ရှိနေပါတယ်။ ဒါပေမယ့် ယခုပြိုင်ပွဲမှာ အောင်မြင်မှု ရလိုပါက တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ပိုကောင်းလာဖို့ လိုအပ်ပါတယ်။

လူတိုင်းက ဂျက် ဂရေးလစ်ကို ပြောဆိုနေကျပေမယ့် ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်း လိုအပ်နေတဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို ရရှိဖို့ မားကတ် ရက်ဖို့ဒ် ကို အသုံးပြုသင့်ပါတယ်။ အသက် ( ၂၃ ) နှစ်အရွယ် တောင်ပံကစားသမားက စကော့တလန်နဲ့ ပွဲစဉ်မှာ ( ၁၆ ) မိနစ်ပါဝင်ခွင့်ရခဲ့ပေမယ့် သူတွဲဖက်ကစားသင့်တဲ့ ဟယ်ရီကိန်းနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်အနေနဲ့ တောင်ပံကစားသမားရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ရရှိဖို့ ကြိုးစားသင့်ပါတယ်။

ရက်ဖို့ဒ်က လက်ရှိ အင်္ဂလန်အသင်းမှာ တိုက်ရိုက်အကျဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဘာမှမဟုတ်တဲ့အနေအထားတစ်ခုကနေ သွင်းဂိုး ရယူပေးနိုင်တဲ့သူပါ။

စတာလင်းက နေရာလွတ်တွေကနေ တိုက်စစ်ဆင်ရာမှာ ကောင်းမွန်ပေမယ့် ရက်ဖို့ဒ်လို ခံစစ်ကစားသမားတွေကို ကျော်ဖြတ်နိုင်စွမ်းမရှိပါဘူး။ နောက်ပြီးသူက ဘယ်ခြမ်းမှာ ယူနိုက်တက်တောင်ပံကစားသမားလို လုခ်ရှောနဲ့ အတွဲညီညီ ကစားနိုင်ခြင်းမရှိပါဘူး။ ရက်ဖို့ဒ်က အင်္ဂလန်အသင်းနဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး ပျမ်းမျှ ( ၁၁၇ ) မိနစ်မှာ နိုင်ငံအတွက် သွင်းဂိုးတစ်ဂိုး ရယူထားနိုင်သူဖြစ်ပါတယ်။

မားကတ် ရက်ဖို့ဒ်က သွင်းဂိုးရယူပေးနိုင်ရုံသာမက တိုက်စစ် ကူးပြောင်းရာမှာလည်း များစွာအထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် အင်္ဂလန် နှင့် ဂါရတ် ဆောက်ဂိတ်တို့ဟာ ယခုပြိုင်ပွဲမှာ အောင်မြင်မှုရလိုပါက မားကတ် ရက်ဖို့ဒ်ကို အသုံးပြုဖို့လိုအပ်တယ်လို့ ယူဆမိကြောင်းပါ။ ။

zawgyi

အဂၤလန္အသင္းက ရက္ဖို႔ဒ္ကို ပြဲထြက္ကစားသမားအေနနဲ႔ အသုံးျပဳသင့္တာလဲ ?

စေကာ့တလန္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ဂါရတ္ ေဆာက္ဂိတ္ရဲ႕ အသင္းက အုပ္စုပထမေနရာအတြက္ ခ်က္ ရီပက္ဘလစ္ကို အႏိုင္ကစားဖို႔ လိုအပ္ေနပါတယ္။ အဂၤလန္က အုပ္စုပြဲစဥ္ ( ၂ ) ခုမွာ သြင္းဂိုးတစ္ဂိုးသာ ရယူႏိုင္ခဲ့ၿပီး စိတ္ပ်က္စရာ တိုက္စစ္စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားပါတယ္။

မန္ေနဂ်ာအေနနဲ႔ တိုက္စစ္ကစားသမားေတြရဲ စြမ္းေဆာင္ရည္ကို ျပန္လည္ဆန္းစစ္ဖို႔ လိုအပ္ေနပါတယ္။ ဖီးလ္ ဖိုဒင္က အခ်ိန္အမ်ားစုမွာ ေျခစြမ္းျပသႏိုင္ျခင္းမရွိသလို ခ႐ိုေအးရွားနဲ႔ ပြဲစဥ္မွာ တစ္လုံးတည္း‌ေသာ အႏိုင္ဂိုးသြင္းယူခဲ့တဲ့ ရာဟင္း စတာလင္ကလည္း အုပ္စုပြဲစဥ္ ( ၂ )ခုလုံးမွာ အားနည္းခဲ့ပါတယ္။

အဂၤလန္က လက္ရွိမွာ ( ၄ ) မွတ္ရထားၿပီးျဖစ္တဲ့အတြက္ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ေတာ့ ေသခ်ာသေလာက္ရွိေနပါတယ္။ ဒါေပမယ့္ ယခုၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရလိုပါက တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္ပိုေကာင္းလာဖို႔ လိုအပ္ပါတယ္။

လူတိုင္းက ဂ်က္ ဂေရးလစ္ကို ေျပာဆိုေနက်ေပမယ့္ ေဆာက္ဂိတ္အေနနဲ႔ အဂၤလန္အသင္း လိုအပ္ေနတဲ့ တိုက္စစ္စြမ္းေဆာင္ရည္ကို ရရွိဖို႔ မားကတ္ ရက္ဖို႔ဒ္ ကို အသုံးျပဳသင့္ပါတယ္။ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားက စေကာ့တလန္နဲ႔ ပြဲစဥ္မွာ ( ၁၆ ) မိနစ္ပါဝင္ခြင့္ရခဲ့ေပမယ့္ သူတြဲဖက္ကစားသင့္တဲ့ ဟယ္ရီကိန္းနဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ ေဆာက္ဂိတ္အေနနဲ႔ ေတာင္ပံကစားသမားရဲ႕ အျမင့္မားဆုံး စြမ္းေဆာင္ရည္ကို ရရွိဖို႔ ႀကိဳးစားသင့္ပါတယ္။

ရက္ဖို႔ဒ္က လက္ရွိ အဂၤလန္အသင္းမွာ တိုက္႐ိုက္အက်ဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး ဘာမွမဟုတ္တဲ့အေနအထားတစ္ခုကေန သြင္းဂိုး ရယူေပးႏိုင္တဲ့သူပါ။

စတာလင္းက ေနရာလြတ္ေတြကေန တိုက္စစ္ဆင္ရာမွာ ေကာင္းမြန္ေပမယ့္ ရက္ဖို႔ဒ္လို ခံစစ္ကစားသမားေတြကို ေက်ာ္ျဖတ္ႏိုင္စြမ္းမရွိပါဘူး။ ေနာက္ၿပီးသူက ဘယ္ျခမ္းမွာ ယူႏိုက္တက္ေတာင္ပံကစားသမားလို လုခ္ေရွာနဲ႔ အတြဲညီညီ ကစားႏိုင္ျခင္းမရွိပါဘူး။ ရက္ဖို႔ဒ္က အဂၤလန္အသင္းနဲ႔ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားၿပီး ပ်မ္းမွ် ( ၁၁၇ ) မိနစ္မွာ ႏိုင္ငံအတြက္ သြင္းဂိုးတစ္ဂိုး ရယူထားႏိုင္သူျဖစ္ပါတယ္။

မားကတ္ ရက္ဖို႔ဒ္က သြင္းဂိုးရယူေပးႏိုင္႐ုံသာမက တိုက္စစ္ ကူးေျပာင္းရာမွာလည္း မ်ားစြာအေထာက္အကူေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အဂၤလန္ ႏွင့္ ဂါရတ္ ေဆာက္ဂိတ္တို႔ဟာ ယခုၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရလိုပါက မားကတ္ ရက္ဖို႔ဒ္ကို အသုံးျပဳဖို႔လိုအပ္တယ္လို႔ ယူဆမိေၾကာင္းပါ။ ။