ဝေးလ်စ်နဲ့ပွဲမှာ ဂိုးသမားဒွန်နာရမ်မာနဲ့ ဆီရီဂူကို လူစားလဲပြီး စတန့်ထွင်ခဲ့တဲ့ မန်စီနီ

ယူရို-၂၀၂၀ အုပ်စု(A)နောက်ဆုံးပွဲအဖြစ် အီတလီနဲ့ဝေးလ်စ်တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင်လည်းဖြစ်၊ ခြေစွမ်းလည်းကောင်းနေတဲ့ အီတလီအသင်းကပဲ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တယ်။

ဒီပွဲမှာ ထူးထူးခြားခြားဖြစ်ခဲ့တာက အနီကတ်နဲ့အထုတ်ခံခဲ့ရတဲ့ ဝေးလ်စ်ကွင်းလယ်လူ အမ်ပါဒူ(၂၀နှစ်၊ ၂၇၉ရက်)ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အနီကတ်ပြသခံခဲ့ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို နောက်ထပ်ထူးခြားတာက အီတလီအသင်းနည်းပြမန်စီနီဟာ ပွဲပြီးခါနီးမှာ ဘာမဆိုင်ညာမဆိုင်နဲ့ ဂိုးသမားဒွန်နာရမ်မာအစား အရန်ဂိုးသမားဆီရီဂူကို ရုတ်တရက်လူစားလဲခဲ့တာပါပဲ။ ဒွန်နာရမ်မာ ဒဏ်ရာရသွားလို့လားမေးရအောင်လည်း ဒွန်နာရမ်မာက အကောင်းကြီးရှိနေတဲ့အပြင် လူစားလဲတော့ ဆီရီဂူနဲ့တောင် ဖက်လှဲတကင်းလုပ်ခဲ့ပါသေးတယ်။

ဘောလုံးပွဲတွေမှာ ဂိုးသမားဒဏ်ရာမရဘဲ လူစားလဲတာတွေရှိကောင်းရှိပေမယ့် အများစုက သာမန်ခြေစမ်းပွဲတွေမှာသာ နည်းပြတွေက အဲဒီလိုလူစားလဲတာမျိုးရှိပြီး ၂၀၁၄ ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ကော်စတာရီကာနဲ့ပွဲတုန်းက နယ်သာလန်နည်းပြဗန်ဟားလ်ဟာ ပယ်နယ်တီအဆုံးအဖြတ်မကန်ခင် ဂိုးသမားဆီလက်ဆင်အစား ကရူးလ်ကို ထူးထူးခြားခြားလူစားလဲတာမျိုး ရှိခဲ့ပေမယ့် ယူရိုပြိုင်ပွဲသမိုင်းမှာတော့ ဂိုးသမားတစ်ဦးဒဏ်ရာမရဘဲ အရန်ဂိုးသမားနဲ့လူစားလဲတာက မရှိသလောက်ရှားပါတယ်။

ဒါပေမဲ့ မန်စီနီကတော့ ပွဲချိန်(၈၉)မိနစ်မှာ ဒွန်နာရမ်မာကို ဆီရီဂူနဲ့လူစားလဲခဲ့ပြီး ဆီရီဂူဟာ ပွဲပြီးသွားချိန်မှာ ဘောလုံးတောင်တစ်ချက်မှမထိလိုက်ရပါဘူး။ အဲဒါကြောင့် မန်စီနီရဲ့လုပ်ရပ်က ပရိသတ်တွေ အံ့အားသင့်စရာဖြစ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ရယ်ပွဲဖွဲ့စရာဖြစ်ခဲ့ရတယ်။ ပရိသတ်တစ်ဦးက “နောက်တစ်ကြိမ်လူစားလဲမယ်ဆိုရင် မန်စီနီကိုယ်တိုင် ဝင်ကစားပါလိမ့်မယ်”လို့ နောက်ပြောင်ခဲ့သလို တခြားပရိသတ်တစ်ဦးကတော့ “ဒွန်နာရမ်မာဟာ PSG အသင်းဆီပြောင်းရွှေ့ဖို့ ဆေးစစ်မှုခံယူရမှာဖြစ်တာကို မန်စီနီ သိလို့များ အခုလိုလူစားလဲခဲ့တာများလား”လို့ သုံးသပ်ခဲ့ပါတယ်။

ဒါပေမဲ့ မန်စီနီဟာ ဒွန်နာရမ်မာနဲ့ဆီရီဂူကို လူစားလဲခဲ့တာက အကြောင်းမဲ့သက်သက်တော့မဟုတ်ပါဘူး။ ဘောလုံးသမားဘဝတုန်းက မန်စီနီဟာ အီတလီအသင်းနဲ့အတူ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရပေမယ့် တစ်သင်းလုံးမှာ သူတစ်ယောက်ပဲ ပွဲကစားခွင့်မရခဲ့တာကြောင့် အဲဒီအဖြစ်အပျက်က သူ့အတွက် ရင်နာစရာအကောင်းဆုံးလို့ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

အဲဒါကြောင့် သူ့လိုမျိုး မကြုံရစေဖို့အတွက် ဝေးလ်စ်နဲ့ပွဲမှာ ဒွန်နာရမ်မာနဲ့ ဆီရီဂူကို လူစားလဲခဲ့တာပါပဲ။ အီတလီအသင်းကစားခဲ့တဲ့ ယူရိုအုပ်စု(၃)ပွဲမှာ တတိယဂိုးသမားအဲလက်စ်မာရက်ကလွဲလို့ ကျန်တဲ့ကစားသမားတိုင်း အသင်းအတွက်ပါဝင်ကစားခွင့်ရခဲ့ပြီး တချို့ကတော့ မန်စီနီရဲ့လုပ်ရပ်အပေါ် ချီးကျူးပြောဆိုနေကြပါပြီ။

zawgyi

ေဝးလ္စ္နဲ႔ပြဲမွာ ဂိုးသမားဒြန္နာရမ္မာနဲ႔ ဆီရီဂူကို လူစားလဲၿပီး စတန႔္ထြင္ခဲ့တဲ့ မန္စီနီ

ယူ႐ို-၂၀၂၀ အုပ္စု(A)ေနာက္ဆုံးပြဲအျဖစ္ အီတလီနဲ႔ေဝးလ္စ္တို႔ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး အိမ္ရွင္လည္းျဖစ္၊ ေျခစြမ္းလည္းေကာင္းေနတဲ့ အီတလီအသင္းကပဲ (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တယ္။ ဒီပြဲမွာ ထူးထူးျခားျခားျဖစ္ခဲ့တာက အနီကတ္နဲ႔အထုတ္ခံခဲ့ရတဲ့ ေဝးလ္စ္ကြင္းလယ္လူ အမ္ပါဒူ(၂၀ႏွစ္၊ ၂၇၉ရက္)ဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အနီကတ္ျပသခံခဲ့ရတဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ေနာက္ထပ္ထူးျခားတာက အီတလီအသင္းနည္းျပမန္စီနီဟာ ပြဲၿပီးခါနီးမွာ ဘာမဆိုင္ညာမဆိုင္နဲ႔ ဂိုးသမားဒြန္နာရမ္မာအစား အရန္ဂိုးသမားဆီရီဂူကို ႐ုတ္တရက္လူစားလဲခဲ့တာပါပဲ။ ဒြန္နာရမ္မာ ဒဏ္ရာရသြားလို႔လားေမးရေအာင္လည္း ဒြန္နာရမ္မာက အေကာင္းႀကီးရွိေနတဲ့အျပင္ လူစားလဲေတာ့ ဆီရီဂူနဲ႔ေတာင္ ဖက္လွဲတကင္းလုပ္ခဲ့ပါေသးတယ္။

ေဘာလုံးပြဲေတြမွာ ဂိုးသမားဒဏ္ရာမရဘဲ လူစားလဲတာေတြရွိေကာင္းရွိေပမယ့္ အမ်ားစုက သာမန္ေျခစမ္းပြဲေတြမွာသာ နည္းျပေတြက အဲဒီလိုလူစားလဲတာမ်ိဳးရွိၿပီး ၂၀၁၄ ကမာၻ႔ဖလားကြာတားဖိုင္နယ္ ေကာ္စတာရီကာနဲ႔ပြဲတုန္းက နယ္သာလန္နည္းျပဗန္ဟားလ္ဟာ ပယ္နယ္တီအဆုံးအျဖတ္မကန္ခင္ ဂိုးသမားဆီလက္ဆင္အစား က႐ူးလ္ကို ထူးထူးျခားျခားလူစားလဲတာမ်ိဳး ရွိခဲ့ေပမယ့္ ယူ႐ိုၿပိဳင္ပြဲသမိုင္းမွာေတာ့ ဂိုးသမားတစ္ဦးဒဏ္ရာမရဘဲ အရန္ဂိုးသမားနဲ႔လူစားလဲတာက မရွိသေလာက္ရွားပါတယ္။

ဒါေပမဲ့ မန္စီနီကေတာ့ ပြဲခ်ိန္(၈၉)မိနစ္မွာ ဒြန္နာရမ္မာကို ဆီရီဂူနဲ႔လူစားလဲခဲ့ၿပီး ဆီရီဂူဟာ ပြဲၿပီးသြားခ်ိန္မွာ ေဘာလုံးေတာင္တစ္ခ်က္မွမထိလိုက္ရပါဘူး။ အဲဒါေၾကာင့္ မန္စီနီရဲ႕လုပ္ရပ္က ပရိသတ္ေတြ အံ့အားသင့္စရာျဖစ္ခဲ့ၿပီး လူမႈကြန္ရက္ေပၚမွာ ရယ္ပြဲဖြဲ႕စရာျဖစ္ခဲ့ရတယ္။ ပရိသတ္တစ္ဦးက “ေနာက္တစ္ႀကိမ္လူစားလဲမယ္ဆိုရင္ မန္စီနီကိုယ္တိုင္ ဝင္ကစားပါလိမ့္မယ္”လို႔ ေနာက္ေျပာင္ခဲ့သလို တျခားပရိသတ္တစ္ဦးကေတာ့ “ဒြန္နာရမ္မာဟာ PSG အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ေဆးစစ္မႈခံယူရမွာျဖစ္တာကို မန္စီနီ သိလို႔မ်ား အခုလိုလူစားလဲခဲ့တာမ်ားလား”လို႔ သုံးသပ္ခဲ့ပါတယ္။

ဒါေပမဲ့ မန္စီနီဟာ ဒြန္နာရမ္မာနဲ႔ဆီရီဂူကို လူစားလဲခဲ့တာက အေၾကာင္းမဲ့သက္သက္ေတာ့မဟုတ္ပါဘူး။ ေဘာလုံးသမားဘဝတုန္းက မန္စီနီဟာ အီတလီအသင္းနဲ႔အတူ ၁၉၉၀ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ တစ္သင္းလုံးမွာ သူတစ္ေယာက္ပဲ ပြဲကစားခြင့္မရခဲ့တာေၾကာင့္ အဲဒီအျဖစ္အပ်က္က သူ႔အတြက္ ရင္နာစရာအေကာင္းဆုံးလို႔ ဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။ အဲဒါေၾကာင့္ သူ႔လိုမ်ိဳး မႀကဳံရေစဖို႔အတြက္ ေဝးလ္စ္နဲ႔ပြဲမွာ ဒြန္နာရမ္မာနဲ႔ ဆီရီဂူကို လူစားလဲခဲ့တာပါပဲ။ အီတလီအသင္းကစားခဲ့တဲ့ ယူ႐ိုအုပ္စု(၃)ပြဲမွာ တတိယဂိုးသမားအဲလက္စ္မာရက္ကလြဲလို႔ က်န္တဲ့ကစားသမားတိုင္း အသင္းအတြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး တခ်ိဳ႕ကေတာ့ မန္စီနီရဲ႕လုပ္ရပ္အေပၚ ခ်ီးက်ဴးေျပာဆိုေနၾကပါၿပီ။