ယူရိုမှာ ဆန်ချိုကို ဘာကြောင့်မသုံးလဲဆိုတာ ဆောက်ဂိတ် ဆင်ခြေပေး

ယူနိုက်တက် ရဲ့ ထိပ်တန်းပစ်မှတ် ဆန်ချို ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ နိုင်ငံ အသင်း ဖြစ်တဲ့ အင်္ဂလန် အတွက် တစ်ပွဲမှ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ တိုက်စစ်ကစားသမား ဆန်ချိုကို ပါဝင်ကစားစေဖို့ ဆုံးဖြတ်ရဖွယ်ရှိကြောင်း ထုတ်ပြောလာပါတယ်။

ယူရိုပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲမှာ ဆန်ချိုဟာ အရန်လူစာရင်းမှာတောင် ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒုတိယမြောက်ပွဲဖြစ်တဲ့ စကော်တလန်ပွဲမှာတော့ အရန်လူစာရင်းမှာ ပါဝင်လာပေမယ့် လူစားဝင်ကစားခွင့် မရခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ် ဟာ ဆန်ချို ကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ ၁၉ ကြိမ် ပါဝင် ကစားခိုင်း ခဲ့ဖူးပြီး ၁၀ ကြိမ်ကသာ ပွဲထွက် ကစားစေခဲ့ခြင်း ဖြစ်ကာ ကျန်ပွဲတွေမှာ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုခဲ့ပါတယ်။

ချက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာတော့ တိုက်စစ်အတွက် ဆန်ချိုကို ထည့်သုံးဖို့ စဉ်းစားသွားရမှာဖြစ်ကြောင်း နည်းပြ ဆောက်ဂိတ်က ဝန်ခံပြောဆိုခဲ့ပါတယ်။အင်္ဂလန်နည်းပြက ” ကျွန်တော်တို့မှာ တိုက်စစ်အတွက် ရွေးချယ်စရာတွေ ရှိနေပါတယ်။ ကစားသမား အများအပြားရဲ့ အတွေ့အကြုံပိုင်းက ယူရိုလို ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ် ပါဝင်ကစားဖူးကြတာဖြစ်ပြီး သူတို့က သိပ်ငယ်ပါသေးတယ်။”

”ဒါကြောင့် နည်းပြ တစ်ဦး အနေနဲ့ သူတို့ တစ်ဦးချင်း အပေါ် မျှော်လင့်ထားမှုတွေ အပေါ် ခဏ ဘေးဖယ်ထားပြီး လက်တွေ့ကျကျပဲ ကြည့်မြင် ရပါတယ်။ ဂျေဒန် ဆန်ချို ကလည်း အဲဒီ အထဲမှာ ပါပါတယ်။”

“ပြီးခဲ့တဲ့ ရက်ပိုင်းက သူ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း ဆော့ကစား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ များနေတော့ ပွဲထွက်အတွက် ဒီလို ပဲ ဆုံးဖြတ်ချက် ချရတာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်ကစားသမား ဆန်ချိုဟာ မနှစ်ကရာသီမှာ ဒေါ့မွန်အသင်းအတွက် ၃၈ ပွဲ ကစားပြီး ကိုယ်တိုင် ၁၆ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု အကြိမ် ၂၀ လုပ်ပေးခဲ့ပါတယ်။ဆန်ချို ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်တော့ သုံးဂိုးသွင်း ၊ ငါးဂိုး ဖန်တီး ပေးထား နိုင်သူ ဖြစ်ပါတယ်။

zawgyi

ယူ႐ိုမွာ ဆန္ခ်ိဳကို ဘာေၾကာင့္မသုံးလဲဆိုတာ ေဆာက္ဂိတ္ ဆင္ေျခေပး

ယူႏိုက္တက္ ရဲ႕ ထိပ္တန္းပစ္မွတ္ ဆန္ခ်ိဳ ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ သူ႔ရဲ႕ ႏိုင္ငံ အသင္း ျဖစ္တဲ့ အဂၤလန္ အတြက္ တစ္ပြဲမွ ပါဝင္ ကစားရျခင္း မရွိေသးပါဘူး ။ အဂၤလန္နည္းျပ ေဆာက္ဂိတ္က အဂၤလန္ရဲ႕ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ တိုက္စစ္ကစားသမား ဆန္ခ်ိဳကို ပါဝင္ကစားေစဖို႔ ဆုံးျဖတ္ရဖြယ္ရွိေၾကာင္း ထုတ္ေျပာလာပါတယ္။

ယူ႐ိုၿပိဳင္ပြဲအတြင္း အဂၤလန္အသင္းရဲ႕ အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ခ႐ိုေအးရွားနဲ႔ပြဲမွာ ဆန္ခ်ိဳဟာ အရန္လူစာရင္းမွာေတာင္ ပါဝင္ခြင့္မရခဲ့ပါဘူး။ ဒုတိယေျမာက္ပြဲျဖစ္တဲ့ စေကာ္တလန္ပြဲမွာေတာ့ အရန္လူစာရင္းမွာ ပါဝင္လာေပမယ့္ လူစားဝင္ကစားခြင့္ မရခဲ့တာျဖစ္ပါတယ္။

နည္းျပ ေဆာက္ဂိတ္ ဟာ ဆန္ခ်ိဳ ကို အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာ ၁၉ ႀကိမ္ ပါဝင္ ကစားခိုင္း ခဲ့ဖူးၿပီး ၁၀ ႀကိမ္ကသာ ပြဲထြက္ ကစားေစခဲ့ျခင္း ျဖစ္ကာ က်န္ပြဲေတြမွာ လူစားဝင္ ကစားသမား အျဖစ္သာ အသုံးျပဳခဲ့ပါတယ္။

ခ်က္နဲ႔ ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္မွာေတာ့ တိုက္စစ္အတြက္ ဆန္ခ်ိဳကို ထည့္သုံးဖို႔ စဥ္းစားသြားရမွာျဖစ္ေၾကာင္း နည္းျပ ေဆာက္ဂိတ္က ဝန္ခံေျပာဆိုခဲ့ပါတယ္။အဂၤလန္နည္းျပက ” ကြၽန္ေတာ္တို႔မွာ တိုက္စစ္အတြက္ ေ႐ြးခ်ယ္စရာေတြ ရွိေနပါတယ္။ ကစားသမား အမ်ားအျပားရဲ႕ အေတြ႕အႀကဳံပိုင္းက ယူ႐ိုလို ၿပိဳင္ပြဲႀကီးမွာ ပထမဆုံးအႀကိမ္ ပါဝင္ကစားဖူးၾကတာျဖစ္ၿပီး သူတို႔က သိပ္ငယ္ပါေသးတယ္။”

”ဒါေၾကာင့္ နည္းျပ တစ္ဦး အေနနဲ႔ သူတို႔ တစ္ဦးခ်င္း အေပၚ ေမွ်ာ္လင့္ထားမႈေတြ အေပၚ ခဏ ေဘးဖယ္ထားၿပီး လက္ေတြ႕က်က်ပဲ ၾကည့္ျမင္ ရပါတယ္။ ေဂ်ဒန္ ဆန္ခ်ိဳ ကလည္း အဲဒီ အထဲမွာ ပါပါတယ္။”

“ၿပီးခဲ့တဲ့ ရက္ပိုင္းက သူ ေလ့က်င့္ေရးကြင္းမွာ ေကာင္းေကာင္း ေဆာ့ကစား ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာေတြ မ်ားေနေတာ့ ပြဲထြက္အတြက္ ဒီလို ပဲ ဆုံးျဖတ္ခ်က္ ခ်ရတာပါပဲ။” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္သား တိုက္စစ္ကစားသမား ဆန္ခ်ိဳဟာ မႏွစ္ကရာသီမွာ ေဒါ့မြန္အသင္းအတြက္ ၃၈ ပြဲ ကစားၿပီး ကိုယ္တိုင္ ၁၆ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ အႀကိမ္ ၂၀ လုပ္ေပးခဲ့ပါတယ္။ဆန္ခ်ိဳ ဟာ အဂၤလန္ လက္ေ႐ြးစင္ အသင္းအတြက္​ေတာ့ သုံးဂိုးသြင္း ၊ ငါးဂိုး ဖန္တီး ေပးထား ႏိုင္သူ ျဖစ္ပါတယ္။