ဘာရယ်လာနဲ့ လိုကာတယ်လီ အစလွန်တာကနေ ကံကောင်းလို့ ထမသတ်ခဲ့ကြတဲ့

အီတလီနဲ့ဝေးလ်စ်တို့ရဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲကို ရုပ်သံကနေကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေဟာ အီတလီကစားသမားနှစ်ဦးဖြစ်တဲ့ ဘာရယ်လာနဲ့လိုကာတယ်လီတို့ရဲ့ အဖြစ်အပျက်ကို တော်တော်လေးနှစ်သက်သဘောကျနေကြပါတယ်။

ဖြစ်ပုံကတော့ အရန်ခုံတန်းမှာ ဘာရယ်လာက လိုကာတယ်လီကို ပတ်တီးလိပ်နဲ့ပစ်ပေါက်စနောက်ခဲ့ပြီး လိုကာတယ်လီက မကျေနပ်တဲ့ပုံနဲ့ အဲဒီပတ်တီးလိပ်ကို ပြန်ပစ်ပေါက်ခဲ့တာပါ။

ဘာရယ်လာက စပ်ဖြီးဖြီးနဲ့ နောက်ပြောင်ခဲ့တာဖြစ်ပေမယ့် လိုကာတယ်လီမျက်နှာက တကယ်ဒေါသထွက်နေတဲ့ပုံပေါ်တာကြောင့် ဒီနှစ်ယောက် ထမသတ်ခဲ့တာ တော်သေးတယ်လို့ပဲပြောရမယ်။

အီတလီအသင်းဟာ ဝေးလ်စ်နဲ့ပွဲမတိုင်ခင်ကတည်းက အုပ်စုအဆင့်ကတက်သွားပြီဖြစ်လို့ နည်းပြမန်စီနီက ဘာရယ်လာနဲ့လိုကာတယ်လီတို့နှစ်ဦးကို အနားပေးခဲ့တာဖြစ်ပါတယ်။

ဘာရယ်လာနဲ့လိုကာတယ်လီတို့ရဲ့ မထင်မှတ်တဲ့အဖြစ်က Twitter ပေါ်မှာ ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ရပြီး လိုကာတယ်လီကို နောက်ပြောင်ရေးသားခဲ့ကြပါတယ်။

အခုလောလောဆယ် အာဆင်နယ်အသင်းက လိုကာတယ်လီကို ခေါ်ယူဖို့ချိတ်ဆက်နေတာကြောင့် ပရိသတ်တစ်ဦးက “အာဆင်နယ်အသင်းက ခေါ်ယူဖို့ကြိုးပမ်းနေတဲ့သတင်းကို လိုကာတယ်လီ ကြားလိုက်ရပြီးတဲ့နောက် သူ့ရဲ့ခံစားချက်”လို့ ရေးသားခဲ့သလို နောက်တစ်ဦးကလည်း “ဂျူဗင်တပ်စ်အသင်းက မကမ်းလှမ်းဘဲ အာဆင်နယ်ဆီ ပြောင်းရတော့မယ်လို့ လိုကာတယ်လီ သိလိုက်ရတဲ့အခါ”လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။

ဘောလုံးအသင်းတွေမှာ အသင်းဖော်အချင်းချင်း ချကြ၊ ဆော်ကြတဲ့အဖြစ်အပျက်တွေက မကြာခဏဆိုသလိုဖြစ်လေ့ရှိတာကြောင့် ဘာရယ်လာနဲ့လိုကာတယ်လီသာ အချင်းချင်းထချကြရင် အီတလီအသင်းအတွက် မျက်နှာပျက်စရာဖြစ်မှာ အမှန်ပါပဲ။

zawgyi

ဘာရယ္လာနဲ႔ လိုကာတယ္လီ အစလြန္တာကေန ကံေကာင္းလို႔ ထမသတ္ခဲ့ၾကတဲ့

အီတလီနဲ႔ေဝးလ္စ္တို႔ရဲ႕ ယူ႐ိုအုပ္စုေနာက္ဆုံးပြဲကို ႐ုပ္သံကေနၾကည့္ရႈခဲ့ၾကတဲ့ပရိသတ္ေတြဟာ အီတလီကစားသမားႏွစ္ဦးျဖစ္တဲ့ ဘာရယ္လာနဲ႔လိုကာတယ္လီတို႔ရဲ႕ အျဖစ္အပ်က္ကို ေတာ္ေတာ္ေလးႏွစ္သက္သေဘာက်ေနၾကပါတယ္။ ျဖစ္ပုံကေတာ့ အရန္ခုံတန္းမွာ ဘာရယ္လာက လိုကာတယ္လီကို ပတ္တီးလိပ္နဲ႔ပစ္ေပါက္စေနာက္ခဲ့ၿပီး လိုကာတယ္လီက မေက်နပ္တဲ့ပုံနဲ႔ အဲဒီပတ္တီးလိပ္ကို ျပန္ပစ္ေပါက္ခဲ့တာပါ။

ဘာရယ္လာက စပ္ၿဖီးၿဖီးနဲ႔ ေနာက္ေျပာင္ခဲ့တာျဖစ္ေပမယ့္ လိုကာတယ္လီမ်က္ႏွာက တကယ္ေဒါသထြက္ေနတဲ့ပုံေပၚတာေၾကာင့္ ဒီႏွစ္ေယာက္ ထမသတ္ခဲ့တာ ေတာ္ေသးတယ္လို႔ပဲေျပာရမယ္။ အီတလီအသင္းဟာ ေဝးလ္စ္နဲ႔ပြဲမတိုင္ခင္ကတည္းက အုပ္စုအဆင့္ကတက္သြားၿပီျဖစ္လို႔ နည္းျပမန္စီနီက ဘာရယ္လာနဲ႔လိုကာတယ္လီတို႔ႏွစ္ဦးကို အနားေပးခဲ့တာျဖစ္ပါတယ္။

ဘာရယ္လာနဲ႔လိုကာတယ္လီတို႔ရဲ႕ မထင္မွတ္တဲ့အျဖစ္က Twitter ေပၚမွာ ပရိသတ္ေတြအတြက္ ပြဲက်စရာျဖစ္ခဲ့ရၿပီး လိုကာတယ္လီကို ေနာက္ေျပာင္ေရးသားခဲ့ၾကပါတယ္။ အခုေလာေလာဆယ္ အာဆင္နယ္အသင္းက လိုကာတယ္လီကို ေခၚယူဖို႔ခ်ိတ္ဆက္ေနတာေၾကာင့္ ပရိသတ္တစ္ဦးက “အာဆင္နယ္အသင္းက ေခၚယူဖို႔ႀကိဳးပမ္းေနတဲ့သတင္းကို လိုကာတယ္လီ ၾကားလိုက္ရၿပီးတဲ့ေနာက္ သူ႔ရဲ႕ခံစားခ်က္”လို႔ ေရးသားခဲ့သလို ေနာက္တစ္ဦးကလည္း “ဂ်ဴဗင္တပ္စ္အသင္းက မကမ္းလွမ္းဘဲ အာဆင္နယ္ဆီ ေျပာင္းရေတာ့မယ္လို႔ လိုကာတယ္လီ သိလိုက္ရတဲ့အခါ”လို႔ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။

ေဘာလုံးအသင္းေတြမွာ အသင္းေဖာ္အခ်င္းခ်င္း ခ်ၾက၊ ေဆာ္ၾကတဲ့အျဖစ္အပ်က္ေတြက မၾကာခဏဆိုသလိုျဖစ္ေလ့ရွိတာေၾကာင့္ ဘာရယ္လာနဲ႔လိုကာတယ္လီသာ အခ်င္းခ်င္းထခ်ၾကရင္ အီတလီအသင္းအတြက္ မ်က္ႏွာပ်က္စရာျဖစ္မွာ အမွန္ပါပဲ။