စံချိန်မှတ်တမ်းကောင်းတွေရရှိခဲ့တဲ့ အီတလီနဲ့အတူ ဝေးလ်စ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်

ယူရိုပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်တွေဖြစ်တဲ့ အီတလီနဲ့ဝေးလ်စ်အသင်းတို့ရဲ့ပွဲမှာ အီတလီအသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့သလို တခြားပွဲစဉ်တစ်ပွဲမှာတော့ ဆွစ်ဇာလန်က တူရကီအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

အီတလီအသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက အုပ်စုကနေတက်သွားပြီဖြစ်တာကြောင့် နည်းပြမန်စီနီဟာ ပွဲထွက်ကစားသမားအပြောင်းအလဲ (၈)ဦးအထိပြုလုပ်ခဲ့ပြီး ဒါဟာ အီတလီအသင်းသမိုင်းတစ်လျှောက် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ကစားသမားအပြောင်းအလဲအများဆုံးလုပ်ခဲ့တာပါပဲ။

ပွဲထွက်ကစားသမားအပြောင်းအလဲ အများကြီးလုပ်ခဲ့ပေမယ့် အီတလီအသင်းရဲ့ခြေစွမ်းက ပုံမပျက်သွားဘဲ နိုင်ပွဲဆက်စံချိန်ရရှိရေးအတွက် အာရုံစိုက်ကစားခဲ့ပြီး (၃၉)မိနစ်မှာ ဗာရက်တီရဲ့ပေးပို့မှုကနေ ပက်ဆီနာ သွင်းယူခဲ့တဲ့ဂိုးကြောင့် (၃)ပွဲဆက်အနိုင်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ပေါ်တူဂီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ပွဲ(၃၀)ဆက်တိုက်ရှုံးပွဲမရှိတော့ဘဲ ဂန္ထဝင်နည်းပြကြီးပေ့ါဇိုလက်ထက် ၁၉၃၅ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အတွင်းတင်ရှိခဲ့တဲ့ ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် အီတလီအသင်းရဲ့ ပြိုင်ပွဲစုံနိုင်ပွဲဆက်စံချိန်က(၁၁)ပွဲအထိရှိလာပြီး အံ့အားသင့်စရာကောင်းလောက်အောင် အဲဒီ(၁၁)ပွဲစလုံး ပေးဂိုးမရှိခဲ့ပါဘူး။ အီတလီအသင်းဟာ ၂၀၁၃ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတုန်းက ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ပွဲမှာ သူတို့အသင်းဂိုးသွင်းနိုင်ရင် မရှုံးခဲ့တဲ့ပွဲအရေအတွက်က (၅၁)ပွဲအထိရှိလာပြီး (၃၉)ပွဲနိုင်၊ (၁၂)ပွဲသရေကျခဲ့ပါတယ်။

အီတလီအသင်းအနေနဲ့ အုပ်စုဗိုလ်အဖြစ်တက်ရောက်ခဲ့တာကြောင့် လာမယ့်ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု (C)က ဒုတိယရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ယူကရိန်း/သြစတြီးယားတို့ထဲကတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားပါပြီ။

ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဝေးလ်စ်အသင်းက ဆွစ်ဇာလန်အသင်းနဲ့ (၄)မှတ်တူဂိုးကွာခြားချက်မှာ (+၁)ဖြစ်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဝေးစ်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အသင်းကြီးတွေနဲ့ရှောင်လွှဲနိုင်ခဲ့ပြီး အုပ်စု(B)က ဒုတိယရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်တာကြောင့် ကွာတားဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိနေဆဲပါပဲ။

ဆွစ်ဇာလန်အသင်းကတော့ တတိယနေရာနဲ့သာကျေနပ်ခဲ့ရတဲ့အတွက် ရှုံးထွက်(၁၆)သင်းတက်ဖို့ အကောင်းဆုံးအုပ်စုတတိယစာရင်းထဲမှာ ပါဝင်နိုင်မလားဆိုတာ ကျန်တဲ့အုပ်စုနောက်ဆုံးပွဲရလဒ်တွေကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

zawgyi

စံခ်ိန္မွတ္တမ္းေကာင္းေတြရရွိခဲ့တဲ့ အီတလီနဲ႔အတူ ေဝးလ္စ္ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္

ယူ႐ိုၿပိဳင္ပြဲ အုပ္စု(A)ပြဲစဥ္ေတြျဖစ္တဲ့ အီတလီနဲ႔ေဝးလ္စ္အသင္းတို႔ရဲ႕ပြဲမွာ အီတလီအသင္းက (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့သလို တျခားပြဲစဥ္တစ္ပြဲမွာေတာ့ ဆြစ္ဇာလန္က တူရကီအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ယူခဲ့ပါတယ္။

အီတလီအသင္းဟာ ဒီပြဲမတိုင္ခင္ကတည္းက အုပ္စုကေနတက္သြားၿပီျဖစ္တာေၾကာင့္ နည္းျပမန္စီနီဟာ ပြဲထြက္ကစားသမားအေျပာင္းအလဲ (၈)ဦးအထိျပဳလုပ္ခဲ့ၿပီး ဒါဟာ အီတလီအသင္းသမိုင္းတစ္ေလွ်ာက္ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ကစားသမားအေျပာင္းအလဲအမ်ားဆုံးလုပ္ခဲ့တာပါပဲ။

ပြဲထြက္ကစားသမားအေျပာင္းအလဲ အမ်ားႀကီးလုပ္ခဲ့ေပမယ့္ အီတလီအသင္းရဲ႕ေျခစြမ္းက ပုံမပ်က္သြားဘဲ ႏိုင္ပြဲဆက္စံခ်ိန္ရရွိေရးအတြက္ အာ႐ုံစိုက္ကစားခဲ့ၿပီး (၃၉)မိနစ္မွာ ဗာရက္တီရဲ႕ေပးပို႔မႈကေန ပက္ဆီနာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ (၃)ပြဲဆက္အႏိုင္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့ပါတယ္။

အီတလီအသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ေပၚတူဂီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ပြဲ(၃၀)ဆက္တိုက္ရႈံးပြဲမရွိေတာ့ဘဲ ဂႏၴဝင္နည္းျပႀကီးေပ့ါဇိုလက္ထက္ ၁၉၃၅ ခုႏွစ္ကေန ၁၉၃၉ ခုႏွစ္အတြင္းတင္ရွိခဲ့တဲ့ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။

ဒါ့အျပင္ အီတလီအသင္းရဲ႕ ၿပိဳင္ပြဲစုံႏိုင္ပြဲဆက္စံခ်ိန္က(၁၁)ပြဲအထိရွိလာၿပီး အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အဲဒီ(၁၁)ပြဲစလုံး ေပးဂိုးမရွိခဲ့ပါဘူး။ အီတလီအသင္းဟာ ၂၀၁၃ ဖီဖာကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပြဲတုန္းက ဘရာဇီးလ္နဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ပြဲမွာ သူတို႔အသင္းဂိုးသြင္းႏိုင္ရင္ မရႈံးခဲ့တဲ့ပြဲအေရအတြက္က (၅၁)ပြဲအထိရွိလာၿပီး (၃၉)ပြဲႏိုင္၊ (၁၂)ပြဲသေရက်ခဲ့ပါတယ္။

အီတလီအသင္းအေနနဲ႔ အုပ္စုဗိုလ္အျဖစ္တက္ေရာက္ခဲ့တာေၾကာင့္ လာမယ့္ရႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု (C)က ဒုတိယရတဲ့အသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး ယူကရိန္း/ၾသစႀတီးယားတို႔ထဲကတစ္သင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။

ဒီပြဲမွာ ရႈံးနိမ့္ခဲ့ေပမယ့္ ေဝးလ္စ္အသင္းက ဆြစ္ဇာလန္အသင္းနဲ႔ (၄)မွတ္တူဂိုးကြာျခားခ်က္မွာ (+၁)ျဖစ္ခဲ့တာေၾကာင့္ အုပ္စုဒုတိယနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ ေဝးစ္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အသင္းႀကီးေတြနဲ႔ေရွာင္လႊဲႏိုင္ခဲ့ၿပီး အုပ္စု(B)က ဒုတိယရတဲ့အသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္တာေၾကာင့္ ကြာတားဖိုင္နယ္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနဆဲပါပဲ။

ဆြစ္ဇာလန္အသင္းကေတာ့ တတိယေနရာနဲ႔သာေက်နပ္ခဲ့ရတဲ့အတြက္ ရႈံးထြက္(၁၆)သင္းတက္ဖို႔ အေကာင္းဆုံးအုပ္စုတတိယစာရင္းထဲမွာ ပါဝင္ႏိုင္မလားဆိုတာ က်န္တဲ့အုပ္စုေနာက္ဆုံးပြဲရလဒ္ေတြကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။