ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ စကော့တလန်ကွင်းလယ်လူဂီလ်မောကြောင့် စကော့တလန်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့

စကော့တလန်အသင်းလူငယ်ကွင်းလယ်လူ ဘီလီဂီလ်မောဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ယူရိုပြိုင်ပွဲအုပ်စုအဆင့်ကတက်ဖို့ ပစ်မှတ်ထားနေတဲ့ စကော့တလန်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဂီလ်မောဟာ အင်္ဂလန်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဲဒီပွဲရဲ့အကောင်းဆုံးကစားသမား(Man Of The Match)ဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စကော့တလန်အသင်းဟာ အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ တစ်မှတ်သာရရှိထားတာကြောင့် အကောင်းဆုံးတတိယနေရာမျှော်လင့်ချက်အတွက် ခရိုအေရှားနဲ့ အဆုံးအဖြတ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမှာပါ။

ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကွင်းလယ်လူ ဂီလ်မောဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အတွက် (၁၀)ရက်ကြာအောင် Qurentine ဝင်ရမှာဖြစ်လို့ ခရိုအေးရှားနဲ့ပွဲအပြင် စကော့တလန်အသင်း နောက်တစ်ဆင့်တက်နိုင်ခဲ့ရင်တောင် အသင်းအတွက် ပါဝင်ကစားခွင့်ရမှာမဟုတ်တော့ပါဘူး။

ဂီလ်မောဟာ စကော့တလန်အသင်းရဲ့အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ချက်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ဘဲ အင်္ဂလန်နဲ့ဒုတိယပွဲမှ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နာမည်ကျော်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ဗီအဲရာ၊ ဆောင်းနက်စ်၊ ဂယ်ရီနဗီးလ်တို့ကတောင် ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ဂီလ်မောရဲ့အခြေအနေနဲ့ပတ်သက်လို့ စကော့တလန်ဘောလုံးအဖွဲ့ချုပ်က “ဂီလ်မောဟာ ကိုဗစ်ရောဂါပိုး Positive ပြခဲ့တဲ့အတွက် တစ်ဦးတည်းသီးသန့် (၁၀)ရက်ကြာနေထိုင်ရမှာဖြစ်တာကြောင့် မနက်ဖြန်မှာကစားမယ့် ခရိုအေးရှားနဲ့ပွဲကို လွဲချော်ဖြစ်ပါတယ်”လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဂီလ်မောနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေကို Isolation ပြုလုပ်ဖို့ရှိ၊ မရှိကတော့ စကော့တလန်ဘောလုံးအဖွဲ့ချုပ်က သဲသဲကွဲကွဲ မထုတ်ပြန်ခဲ့ပါဘူး။

zawgyi

ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ စေကာ့တလန္ကြင္းလယ္လူဂီလ္ေမာေၾကာင့္ စေကာ့တလန္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့

စေကာ့တလန္အသင္းလူငယ္ကြင္းလယ္လူ ဘီလီဂီလ္ေမာဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲအုပ္စုအဆင့္ကတက္ဖို႔ ပစ္မွတ္ထားေနတဲ့ စေကာ့တလန္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။ အသက္(၂၀)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂီလ္ေမာဟာ အဂၤလန္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အဲဒီပြဲရဲ႕အေကာင္းဆုံးကစားသမား(Man Of The Match)ဆုပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

စေကာ့တလန္အသင္းဟာ အုပ္စုပြဲစဥ္ႏွစ္ပြဲကစားၿပီးခ်ိန္မွာ တစ္မွတ္သာရရွိထားတာေၾကာင့္ အေကာင္းဆုံးတတိယေနရာေမွ်ာ္လင့္ခ်က္အတြက္ ခ႐ိုေအရွားနဲ႔ အဆုံးအျဖတ္ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္ကစားရမွာပါ။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ သူတို႔ရဲ႕လူငယ္ၾကယ္ပြင့္ကြင္းလယ္လူ ဂီလ္ေမာဟာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့အတြက္ (၁၀)ရက္ၾကာေအာင္ Qurentine ဝင္ရမွာျဖစ္လို႔ ခ႐ိုေအးရွားနဲ႔ပြဲအျပင္ စေကာ့တလန္အသင္း ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ရင္ေတာင္ အသင္းအတြက္ ပါဝင္ကစားခြင့္ရမွာမဟုတ္ေတာ့ပါဘူး။

ဂီလ္ေမာဟာ စေကာ့တလန္အသင္းရဲ႕အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ခ်က္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ပါဝင္ကစားခြင့္မရခဲ့ဘဲ အဂၤလန္နဲ႔ဒုတိယပြဲမွ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြျဖစ္တဲ့ ဗီအဲရာ၊ ေဆာင္းနက္စ္၊ ဂယ္ရီနဗီးလ္တို႔ကေတာင္ ခ်ီးက်ဴးစကားဆိုခဲ့ၾကပါတယ္။

ဂီလ္ေမာရဲ႕အေျခအေနနဲ႔ပတ္သက္လို႔ စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က “ဂီလ္ေမာဟာ ကိုဗစ္ေရာဂါပိုး Positive ျပခဲ့တဲ့အတြက္ တစ္ဦးတည္းသီးသန႔္ (၁၀)ရက္ၾကာေနထိုင္ရမွာျဖစ္တာေၾကာင့္ မနက္ျဖန္မွာကစားမယ့္ ခ႐ိုေအးရွားနဲ႔ပြဲကို လြဲေခ်ာ္ျဖစ္ပါတယ္”လို႔ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ ဂီလ္ေမာနဲ႔ထိေတြ႕ဆက္ဆံခဲ့သူေတြကို Isolation ျပဳလုပ္ဖို႔ရွိ၊ မရွိကေတာ့ စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က သဲသဲကြဲကြဲ မထုတ္ျပန္ခဲ့ပါဘူး။