၃နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အပြုအမူဟာ တကယ်ကို ချစ်စရာကောင်းပြီး OG ကြောင့် ကြေကွဲနေရတဲ့ ဟမ်မဲလ်

ယူရိုပြိုင်ပွဲရဲ့ မရဏအုပ်စုမှာ ပါဝင်နေတဲ့ ဂျာမနီဟာ အုပ်စုအဖွင့်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးသွားခဲ့ပါတယ်။ ဂျာမနီအသင်း ရှုံးသွားရတဲ့ ဂိုးကလည်း ပြိုင်ဘက်အသင်းက သွင်းယူခဲ့တာမျိုးမဟုတ်ဘဲ ပြိုင်ဘက်အသင်းက သွင်းတာမဟုတ်ဘဲ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ရှုံးသွားခဲ့ရတာပါ။

ဒါဟာ ဂျာမနီအသင်းပရီသတ်တွေအတွက် အတော်လေး ခံစားရခက်မှာပါ။ OG သွင်းမိတဲ့ နောက်ခံလူ ဟမ်မဲလ်တစ်ယောက်လည်း ဖြေမဆည်နိုင်အောင်ပါပဲ။ဒါဟာ ဗိုလ်လုပွဲမဟုတ်ပေမယ့် ဗိုလ်လုပွဲကိုရောက်ဖို့ ပထမဆုံးပွဲလည်း ဖြစ်နေနိုင်တာကြောင့် ဟမ်မဲလ်တစ်ယောက် ကြေကွဲနေတာပါ။

ဒီအချိန်မှာ ဒီပွဲကို ပွဲကြည့်စင်ပေါ်မှာ ကြည့်နေတဲ့ ဟမ်မဲလ်ရဲ့ ၃နှစ်အရွယ် သားငယ်လေးက လက်ခုပ်တီးပြီး သူ့အဖေအတွက် အောင်ပွဲခံခဲ့ပါတယ်။ ဒီအကြောင်းကို ဟမ်မဲလ်က ” ကိုယ့်ဂိုးကိုယ်သွင်းတယ် (Own Goal) ဆိုတာ ဘာမှန်းမသိသေးတဲ့ အရွယ်ဆိုတော့ ဂိုးပိုက်ထဲ ဘောလုံးဝင်တာနဲ့ ဂိုးပီဆိုပြီး လုပ်လိုက်တာပါ။

ဒါကြောင့် သူ အောင်ပွဲခံတာပါ။ ကျွန်တော့် သားလေး စိတ်ထဲမှာ ကျွန်တော်သွင်းလိုက်တာ ပြိုင်ဖက်အသင်းလို့ ထင်နေပုံရတယ်။ OG ဆိုတာကို သူမသိသေးတာပဲ ကျေးဇူးတင်ရမှာပါ။ နောက်တော့မှ သူ့ကို ကျွန်တော် သေချာရှင်းပြရမယ်” လို့ ပြောကြားသွားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မက်ဆီရဲ့ သားငယ်လီယိုတစ်ယောက် ငယ်ငယ်တုန်းက ဘာကာကစားသမားတွေနဲ့ မိသားစုဝင်တွေအတွက် သီးသန့်စီစဉ်ထားတဲ့နေရာမှာ ဆွာရက်ဇ်တို့ မိသားစုနဲ့အတူ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တစ်ခုသွားကြည့်ရင်း ပြိုင်ဘက်အသင်းက ဘာစီလိုနာကို ဂိုးသွင်းလိုက်တဲ့အချိန်မှာ ဂိုးပီဆိုပြီး အောင်ပွဲထခံခဲ့သလိုပါပဲ။

နောက်တော့မှ လီယိုလေးကို သူ့အဖေ မက်ဆီနဲ့ ဆွာရက်ဇ်တို့က ဘာစီလိုနာဂိုးသွင်းတာမဟုတ်တဲ့အကြောင်း ပြန်ပြောခဲ့ကြရပါတယ်။ ဘောလုံးပွဲတွေအကြောင်း သေချာမသိသေးတဲ့ ဟမ်မဲလ်ရဲ့ ၃နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အပြုအမူဟာ တကယ်ကို ချစ်စရာကောင်းပြီး OG ကြောင့် ကြေကွဲနေရတဲ့ ဟမ်မဲလ်အတွက် ငိုအားထက် ရယ်အားပိုရတဲ့ အဖြစ်ပါပဲ။

zawgyi

၃ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ အျပဳအမူဟာ တကယ္ကို ခ်စ္စရာေကာင္းၿပီး OG ေၾကာင့္ ေၾကကြဲေနရတဲ့ ဟမ္မဲလ္

ယူ႐ိုၿပိဳင္ပြဲရဲ႕ မရဏအုပ္စုမွာ ပါဝင္ေနတဲ့ ဂ်ာမနီဟာ အုပ္စုအဖြင့္ပြဲမွာ ကမာၻ႔ခ်န္ပီယံ ျပင္သစ္ကို တစ္ဂိုးတည္းနဲ႔ ကပ္ရႈံးသြားခဲ့ပါတယ္။ ဂ်ာမနီအသင္း ရႈံးသြားရတဲ့ ဂိုးကလည္း ၿပိဳင္ဘက္အသင္းက သြင္းယူခဲ့တာမ်ိဳးမဟုတ္ဘဲ ၿပိဳင္ဘက္အသင္းက သြင္းတာမဟုတ္ဘဲ ကိုယ့္ဂိုးကိုယ္သြင္းမိလို႔ ရႈံးသြားခဲ့ရတာပါ။ ဒါဟာ ဂ်ာမနီအသင္းပရီသတ္ေတြအတြက္ အေတာ္ေလး ခံစားရခက္မွာပါ။ OG သြင္းမိတဲ့ ေနာက္ခံလူ ဟမ္မဲလ္တစ္ေယာက္လည္း ေျဖမဆည္ႏိုင္ေအာင္ပါပဲ။

ဒါဟာ ဗိုလ္လုပြဲမဟုတ္ေပမယ့္ ဗိုလ္လုပြဲကိုေရာက္ဖို႔ ပထမဆုံးပြဲလည္း ျဖစ္ေနႏိုင္တာေၾကာင့္ ဟမ္မဲလ္တစ္ေယာက္ ေၾကကြဲေနတာပါ။ ဒီအခ်ိန္မွာ ဒီပြဲကို ပြဲၾကည့္စင္ေပၚမွာ ၾကည့္ေနတဲ့ ဟမ္မဲလ္ရဲ႕ ၃ႏွစ္အ႐ြယ္ သားငယ္ေလးက လက္ခုပ္တီးျပီး သူ႔အေဖအတြက္ ေအာင္ပြဲခံခဲ့ပါတယ္။ ဒီအေၾကာင္းကို ဟမ္မဲလ္က ” ကိုယ့္ဂိုးကိုယ္သြင္းတယ္ (Own Goal) ဆိုတာ ဘာမွန္းမသိေသးတဲ့ အ႐ြယ္ဆိုေတာ့ ဂိုးပိုက္ထဲ ေဘာလုံးဝင္တာနဲ႔ ဂိုးပီဆိုၿပီး လုပ္လိုက္တာပါ။

ဒါေၾကာင့္ သူ ေအာင္ပြဲခံတာပါ။ ကြၽန္ေတာ့္ သားေလး စိတ္ထဲမွာ ကြၽန္ေတာ္သြင္းလိုက္တာ ၿပိဳင္ဖက္အသင္းလို႔ ထင္ေနပုံရတယ္။ OG ဆုိတာကို သူမသိေသးတာပဲ ေက်းဇူးတင္ရမွာပါ။ ေနာက္ေတာ့မွ သူ႔ကို ကြၽန္ေတာ္ ေသခ်ာရွင္းျပရမယ္” လို႔ ေျပာၾကားသြားပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး မက္ဆီရဲ႕ သားငယ္လီယိုတစ္ေယာက္ ငယ္ငယ္တုန္းက ဘာကာကစားသမားေတြနဲ႔ မိသားစုဝင္ေတြအတြက္ သီးသန႔္စီစဥ္ထားတဲ့ေနရာမွာ ဆြာရက္ဇ္တို႔ မိသားစုနဲ႔အတူ ဘာစီလိုနာအသင္းရဲ႕ ပြဲစဥ္တစ္ခုသြားၾကည့္ရင္း ၿပိဳင္ဘက္အသင္းက ဘာစီလိုနာကို ဂိုးသြင္းလိုက္တဲ့အခ်ိန္မွာ ဂိုးပီဆိုၿပီး ေအာင္ပြဲထခံခဲ့သလိုပါပဲ။

ေနာက္ေတာ့မွ လီယိုေလးကို သူ႔အေဖ မက္ဆီနဲ႔ ဆြာရက္ဇ္တို႔က ဘာစီလိုနာဂိုးသြင္းတာမဟုတ္တဲ့အေၾကာင္း ျပန္ေျပာခဲ့ၾကရပါတယ္။ ေဘာလုံးပြဲေတြအေၾကာင္း ေသခ်ာမသိေသးတဲ့ ဟမ္မဲလ္ရဲ႕ ၃ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ အျပဳအမူဟာ တကယ္ကို ခ်စ္စရာေကာင္းၿပီး OG ေၾကာင့္ ေၾကကြဲေနရတဲ့ ဟမ္မဲလ္အတြက္ ငိုအားထက္ ရယ္အားပိုရတဲ့ အျဖစ္ပါပဲ။