အဆပေါင်းများစွာသာလွန်နေတဲ့ ပြင်သစ်အသင်းကို ရှိန်နေတာမျိုးမရှိဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြတဲ့ ဟန်ဂေရီ

ဟန်ဂေရီအသင်းကတော့ ချီးကျူးစရာ စကားလုံးရှာမတွေ့လောက်အောင် မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်၊ ထိုက်တန်တဲ့ ရလဒ်ကို ရယူပြနိုင်ခဲ့တယ်။ ယူရိုချန်ပီယံပေါ်တူဂီနဲ့ပွဲတုန်းက ပြိုင်ဘက်ကို အခက်တွေ့အောင်လုပ်ပြခဲ့တဲ့ ဟန်ဂေရီအသင်း အဲဒီပွဲကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ပါတယ်။ ဘာပေမရှိ၊ ပေါ့ဘာမရှိ၊ ဘန်ဇီမာ မရှိတဲ့ ကမ္ဘာ့အဆင့် ၃၇ က အသင်းငယ်လေးဟာ ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းကို အနိုင်ရလုနီးပါးစွမ်းဆောင်ခဲ့ပြီး အမှားတစ်ချက်ကြောင့်သာ သရေနဲ့ကျေနပ်ခဲ့ရတာပါ။

ဒီပွဲမှာ ဟန်ဂေရီပရိသတ်တွေကို ၁၂ ယောက်မြောက်ကစားသမားလို့ တင်စားရမှာဖြစ်ပြီး သူတို့ရဲ့ တရစပ်အားပေးသံတွေကြောင့်လည်း ဟန်ဂေရီအသင်း အခုလိုရလဒ်မျိုးပိုင်ဆိုင်ခဲ့တယ်လို့ပြောရမယ်။ ပြင်သစ်အသင်းဟာ ဟန်ဂေရီအသင်းရဲ့ မထင်မှတ်တဲ့ တုံ့ပြန်မှုကြောင့် ကစားရခက်သွားပြီး အသင်းကြီးတစ်သင်းဆိုတဲ့ အနေအထားရှိနေလို့သာ မရှုံးခဲ့တာပါ။ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်စ်ဟာ ဘယ်နောက်ခံလူနေရာမှာ သီယိုဟာနန်ဒက်စ်အစား ဒစ်ဂ်နေးကို အသုံးပြုခဲ့တာကလွဲလို့ ဂျာမနီနဲ့ပွဲက လူစာရင်းကို ကြီးကြီးမားမားအပြောင်းအလဲ မလုပ်ခဲ့ဘူး။ ဘန်ဇီမာက ဘယ်ခြမ်းထွက်ကစားပြီး ဘာပေက အထောင်တိုက်စစ်မှူးပုံစံ ကစားသွားခဲ့တယ်။ အံ့အားသင့်ဖို့ကောင်းတာက လက်ရွေးစင်အသင်း တစ်ကျော့ပြန်တိုက်စစ်မှူး ဘန်ဇီမာ ရီးယဲလ်မှာလို ပြင်သစ်အသင်းတိုက်စစ်မှာ Influence မလုပ်နိုင်တာပါပဲ။

ကစားပြီးတဲ့ နှစ်ပွဲစလုံးမှာ ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်က သာမန်ထက် မပိုသလို အခုပွဲမှာလည်း အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ဖြုန်းတီးခဲ့ပါသေးတယ်။ ဟန်ဂေရီကစားသမားတွေဟာ သူတို့ထက် အဆပေါင်းများစွာသာလွန်နေတဲ့ ပြင်သစ်အသင်းကို ရှိန်နေတာမျိုးမရှိဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြတဲ့အပြင် ချီးကျူးစရာကောင်းတာက အသင်းငယ်တွေရဲ့ ထုံးစံအတိုင်း ခံစစ်ကို ရုပ်ပျက်ဆင်းပျက်ပိတ်ဆော့တာမျိုး မဟုတ်ဘဲ Counter Attacking Play ကို ပီပီပြင်ပြင်ကစားနိုင်ခဲ့တယ်။ ဝါရင့်ကွင်းလယ်လူ ကိုင်းဟက်စလာဟာ ပြင်သစ်အသင်းတိုက်စစ်ဆင်လို့ မရအောင် ခြေစွမ်းပြကစားနိုင်ခဲ့သလို ဖီအိုလာ၊ ရှိုလိုင်းတို့ဟာလည်း အကောင်းဆုံးကစားပြနိုင်ခဲ့ကြတယ်။

ဟန်ဂေရီကွင်းဘက်ခြမ်းမှာ Space လုံးဝမရှိလို့ Speedy Player ဖြစ်တဲ့ ဘာပေအတွက် ပြေးလမ်းကြောင်းတွေ မရှိတဲ့အပြင် ဟန်ဂေရီခံစစ်ကလည်း ဘာပေကို အတတ်နိုင်ဆုံးထိန်းချုပ်ကစားခဲ့တယ်။ ပထမပိုင်းမှာ ပြင်သစ်အခွင့်အရေးတချို့ရခဲ့ပြီး ဘာပေရဲ့ခေါင်းတိုက်ချက်၊ ဘန်ဇီမာရဲ့ Volley ကန်ချက်တွေ လွဲချော်ခဲ့တာကြောင့် ပြင်သစ်ဂိုးမရခဲ့ဘူး။ ဟန်ဂေရီအသင်းဟာ Counter ကစားရင် တစ်ကြိမ်ဆိုတစ်ကြိမ် ပြင်သစ်အသင်းကို ထိထိရောက်ရောက် ဒုက္ခပေးခဲ့ပြီး ပြင်သစ်ကွင်းလယ်က ရာဘီယူ၊ ပေါ့ဘာ၊ ကွန်တေတို့က တိုက်စစ်ကိုပဲ အာရုံစိုက်နေတာကြောင့် ကွင်းလယ်အဖျက်အားနည်းခဲ့လို့လည်း ဟန်ဂေရီရဲ့ Counter တွေက ထိရောက်ခဲ့တာပါ။

အဲဒါကြောင့်ပဲ ပထမပိုင်းပြီးခါနီးမှာ Counter နေ ရှိုလိုင်း ထိုးဖောက်ပေးခဲ့တာကနေတစ်ဆင့် ဘယ်ခြမ်း Wing back အဖြစ်ကစားတဲ့ ဖီအိုလာက ဆွဲပြေးကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူခဲ့တယ်။ ဂိုးသွင်းအပြီး ဟန်ဂေရီကစားသမားတွေ အောင်ပွဲခံပုံက တကယ့်ကို ကျေနပ်အားရစရာပါပဲ။ ပြင်သစ်အသင်းဟာ ပြိုင်ပွဲစုံ ၆ ပွဲဆက် ပေးဂိုးမရှိခဲ့ဘဲ အခု ၅၂၇ မိနစ်အကြာမှ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒက်စ်ချမ့်စ်ဟာ ဒုတိယပိုင်းမှာ ဒမ်ဘီလီ၊ ဂျရူးတို့ကိုထည့်ပြီး တိုက်စစ်အရှိန်မြှင့်ခဲ့ပေမယ့် ဟန်ဂေရီအသင်းရဲ့ ကစားပုံက အရမ်းကို Stable ဖြစ်နေလို့ ဂိုးရဖို့ခက်ခဲနေခဲ့တယ်။

ဒါပေမဲ့ ၆၆ မိနစ်မှာ ဘာပေ ပင်နယ်တီဧရိယာ ညာခြမ်းကနေ ချိုးပေးလိုက်တဲ့ဘောလုံးကို ဟန်ဂေရီနောက်ခံလူ တားဆီးတာမှာ မသပ်ရပ်တာကြောင့် ဂရစ်ဇ်မန်းဆီရောက်သွားပြီး အမှားအယွင်းမရှိကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဂရစ်ဇ်မန်းလည်း အဲဒီတစ်ကြိမ်လောက်သာ ထင်ထင်ရှားရှားလုပ်ပြနိုင်ခဲ့ပြီး ကျန်တဲ့အချိန်အများစုမှာ ခြေစွမ်းက ဘာမှထူးထူးခြားခြား မဟုတ်ခဲ့ဘူး။ ပြင်သစ်အသင်း အနိုင်ဂိုးရဖို့ ဖိကစားခဲ့ပေမယ့် ဟန်ဂေရီခံစစ်က အမှားမရှိတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဟန်ဂေရီအသင်းဟာ အသင်းရဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဦးဆောင်ဂိုးသွင်းပြီးရင် မရှုံးတဲ့မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ၂ပွဲနိုင်၊ ၁ပွဲသရေကျခဲ့ပါတယ်။

zawgyi

အဆေပါင္းမ်ားစြာသာလြန္ေနတဲ့ ျပင္သစ္အသင္းကို ရွိန္ေနတာမ်ိဳးမရွိဘဲ ရဲရဲဝံ့ဝံ့ရင္ဆိုင္ခဲ့ၾကတဲ့ ဟန္ေဂရီ

ဟန္ေဂရီအသင္းကေတာ့ ခ်ီးက်ဴးစရာ စကားလုံးရွာမေတြ႕ေလာက္ေအာင္ မယုံႏိုင္ေလာက္တဲ့ စြမ္းေဆာင္ရည္၊ ထိုက္တန္တဲ့ ရလဒ္ကို ရယူျပႏိုင္ခဲ့တယ္။ ယူ႐ိုခ်န္ပီယံေပၚတူဂီနဲ႔ပြဲတုန္းက ၿပိဳင္ဘက္ကို အခက္ေတြ႕ေအာင္လုပ္ျပခဲ့တဲ့ ဟန္ေဂရီအသင္း အဲဒီပြဲကထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးျပသႏိုင္ခဲ့ပါတယ္။ ဘာေပမရွိ၊ ေပါ့ဘာမရွိ၊ ဘန္ဇီမာ မရွိတဲ့ ကမာၻ႔အဆင့္ ၃၇ က အသင္းငယ္ေလးဟာ ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းကို အႏိုင္ရလုနီးပါးစြမ္းေဆာင္ခဲ့ၿပီး အမွားတစ္ခ်က္ေၾကာင့္သာ သေရနဲ႔ေက်နပ္ခဲ့ရတာပါ။

ဒီပြဲမွာ ဟန္ေဂရီပရိသတ္ေတြကို ၁၂ ေယာက္ေျမာက္ကစားသမားလို႔ တင္စားရမွာျဖစ္ၿပီး သူတို႔ရဲ႕ တရစပ္အားေပးသံေတြေၾကာင့္လည္း ဟန္ေဂရီအသင္း အခုလိုရလဒ္မ်ိဳးပိုင္ဆိုင္ခဲ့တယ္လို႔ေျပာရမယ္။ ျပင္သစ္အသင္းဟာ ဟန္ေဂရီအသင္းရဲ႕ မထင္မွတ္တဲ့ တုံ႔ျပန္မႈေၾကာင့္ ကစားရခက္သြားၿပီး အသင္းႀကီးတစ္သင္းဆိုတဲ့ အေနအထားရွိေနလို႔သာ မရႈံးခဲ့တာပါ။ ျပင္သစ္အသင္းနည္းျပ ဒက္စ္ခ်မ့္စ္ဟာ ဘယ္ေနာက္ခံလူေနရာမွာ သီယိုဟာနန္ဒက္စ္အစား ဒစ္ဂ္ေနးကို အသုံးျပဳခဲ့တာကလြဲလို႔ ဂ်ာမနီနဲ႔ပြဲက လူစာရင္းကို ႀကီးႀကီးမားမားအေျပာင္းအလဲ မလုပ္ခဲ့ဘူး။ ဘန္ဇီမာက ဘယ္ျခမ္းထြက္ကစားၿပီး ဘာေပက အေထာင္တိုက္စစ္မႉးပုံစံ ကစားသြားခဲ့တယ္။ အံ့အားသင့္ဖို႔ေကာင္းတာက လက္ေ႐ြးစင္အသင္း တစ္ေက်ာ့ျပန္တိုက္စစ္မႉး ဘန္ဇီမာ ရီးယဲလ္မွာလို ျပင္သစ္အသင္းတိုက္စစ္မွာ Influence မလုပ္ႏိုင္တာပါပဲ။

ကစားၿပီးတဲ့ ႏွစ္ပြဲစလုံးမွာ ဘန္ဇီမာရဲ႕ စြမ္းေဆာင္ရည္က သာမန္ထက္ မပိုသလို အခုပြဲမွာလည္း အပိုင္ဂိုးသြင္းခြင့္တစ္ႀကိမ္ ျဖဳန္းတီးခဲ့ပါေသးတယ္။ ဟန္ေဂရီကစားသမားေတြဟာ သူတို႔ထက္ အဆေပါင္းမ်ားစြာသာလြန္ေနတဲ့ ျပင္သစ္အသင္းကို ရွိန္ေနတာမ်ိဳးမရွိဘဲ ရဲရဲဝံ့ဝံ့ရင္ဆိုင္ခဲ့ၾကတဲ့အျပင္ ခ်ီးက်ဴးစရာေကာင္းတာက အသင္းငယ္ေတြရဲ႕ ထုံးစံအတိုင္း ခံစစ္ကို ႐ုပ္ပ်က္ဆင္းပ်က္ပိတ္ေဆာ့တာမ်ိဳး မဟုတ္ဘဲ Counter Attacking Play ကို ပီပီျပင္ျပင္ကစားႏိုင္ခဲ့တယ္။ ဝါရင့္ကြင္းလယ္လူ ကိုင္းဟက္စလာဟာ ျပင္သစ္အသင္းတိုက္စစ္ဆင္လို႔ မရေအာင္ ေျခစြမ္းျပကစားႏိုင္ခဲ့သလို ဖီအိုလာ၊ ရႈိလိုင္းတို႔ဟာလည္း အေကာင္းဆုံးကစားျပႏိုင္ခဲ့ၾကတယ္။

ဟန္ေဂရီကြင္းဘက္ျခမ္းမွာ Space လုံးဝမရွိလို႔ Speedy Player ျဖစ္တဲ့ ဘာေပအတြက္ ေျပးလမ္းေၾကာင္းေတြ မရွိတဲ့အျပင္ ဟန္ေဂရီခံစစ္ကလည္း ဘာေပကို အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ကစားခဲ့တယ္။ ပထမပိုင္းမွာ ျပင္သစ္အခြင့္အေရးတခ်ိဳ႕ရခဲ့ၿပီး ဘာေပရဲ႕ေခါင္းတိုက္ခ်က္၊ ဘန္ဇီမာရဲ႕ Volley ကန္ခ်က္ေတြ လြဲေခ်ာ္ခဲ့တာေၾကာင့္ ျပင္သစ္ဂိုးမရခဲ့ဘူး။ ဟန္ေဂရီအသင္းဟာ Counter ကစားရင္ တစ္ႀကိမ္ဆိုတစ္ႀကိမ္ ျပင္သစ္အသင္းကို ထိထိေရာက္ေရာက္ ဒုကၡေပးခဲ့ၿပီး ျပင္သစ္ကြင္းလယ္က ရာဘီယူ၊ ေပါ့ဘာ၊ ကြန္ေတတို႔က တိုက္စစ္ကိုပဲ အာ႐ုံစိုက္ေနတာေၾကာင့္ ကြင္းလယ္အဖ်က္အားနည္းခဲ့လို႔လည္း ဟန္ေဂရီရဲ႕ Counter ေတြက ထိေရာက္ခဲ့တာပါ။

အဲဒါေၾကာင့္ပဲ ပထမပိုင္းၿပီးခါနီးမွာ Counter ေန ရႈိလိုင္း ထိုးေဖာက္ေပးခဲ့တာကေနတစ္ဆင့္ ဘယ္ျခမ္း Wing back အျဖစ္ကစားတဲ့ ဖီအိုလာက ဆြဲေျပးကန္သြင္းၿပီး ဦးေဆာင္ဂိုးသြင္းယူခဲ့တယ္။ ဂိုးသြင္းအၿပီး ဟန္ေဂရီကစားသမားေတြ ေအာင္ပြဲခံပုံက တကယ့္ကို ေက်နပ္အားရစရာပါပဲ။ ျပင္သစ္အသင္းဟာ ၿပိဳင္ပြဲစုံ ၆ ပြဲဆက္ ေပးဂိုးမရွိခဲ့ဘဲ အခု ၅၂၇ မိနစ္အၾကာမွ ဂိုးျပန္ေပးခဲ့ရတာျဖစ္ပါတယ္။ ဒက္စ္ခ်မ့္စ္ဟာ ဒုတိယပိုင္းမွာ ဒမ္ဘီလီ၊ ဂ်႐ူးတို႔ကိုထည့္ၿပီး တိုက္စစ္အရွိန္ျမႇင့္ခဲ့ေပမယ့္ ဟန္ေဂရီအသင္းရဲ႕ ကစားပုံက အရမ္းကို Stable ျဖစ္ေနလို႔ ဂိုးရဖို႔ခက္ခဲေနခဲ့တယ္။

ဒါေပမဲ့ ၆၆ မိနစ္မွာ ဘာေပ ပင္နယ္တီဧရိယာ ညာျခမ္းကေန ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ဟန္ေဂရီေနာက္ခံလူ တားဆီးတာမွာ မသပ္ရပ္တာေၾကာင့္ ဂရစ္ဇ္မန္းဆီေရာက္သြားၿပီး အမွားအယြင္းမရွိကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဂရစ္ဇ္မန္းလည္း အဲဒီတစ္ႀကိမ္ေလာက္သာ ထင္ထင္ရွားရွားလုပ္ျပႏိုင္ခဲ့ၿပီး က်န္တဲ့အခ်ိန္အမ်ားစုမွာ ေျခစြမ္းက ဘာမွထူးထူးျခားျခား မဟုတ္ခဲ့ဘူး။ ျပင္သစ္အသင္း အႏိုင္ဂိုးရဖို႔ ဖိကစားခဲ့ေပမယ့္ ဟန္ေဂရီခံစစ္က အမွားမရွိတာေၾကာင့္ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဟန္ေဂရီအသင္းဟာ အသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဦးေဆာင္ဂိုးသြင္းၿပီးရင္ မရႈံးတဲ့မွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္ခဲ့ၿပီး ၂ပြဲႏိုင္၊ ၁ပြဲသေရက်ခဲ့ပါတယ္။