အင်အားကြီး ပြင်သစ်ကို ဟန်ဂေရီတို့ ခေါင်းခေါက်နိုင်ခဲ့ပါပြီ

ဘယ်ကိစ္စမဆို မဖြစ်နိုင်တာ မရှိပါဘူး။ ဘောလုံးဆိုတာလည်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခုတော့ အင်အားကြီး ပြင်သစ်ကို ဟန်ဂေရီတို့ ခေါင်းခေါက်နိုင်ခဲ့ပါပြီ။ သရေရလဒ်ဆိုတော့ ခေါင်းကွဲအောင်တော့ မခေါက်နိုင်ခဲ့ဘူးပေါ့။

ဒါပေမယ့် သရေ ဆိုတာကပဲ ဟန်ဂေရီသားတို့ အတွက် အားတက်စရာပါ။ ဟန်ဂေရီဟာ ပြင်သစ် အတွက်တော့ အုပ်စုတွင်းအားအနည်းဆုံးပြိုင်ဘက်ပါ။ အခုတော့ အချို အချောင်ပွဲဆိုပြီး ကစားခဲ့ရာ မှာ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ဟန်ဂေရီ အတွက် ဂိုးကို ဖီအိုလာ က သွင်းယူခဲ့တာဖြစ်ပြီး ပြင်သစ်အတွက် ချေပဂိုးကို ဂရစ်ဇ်မန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့ကြရာပွဲချိန်ပြီးဆုံးခါနီးမှာဖီအိုလာက အဖွင့်ဂိုးသွင်းခဲ့တာဖြစ်ပြီး၊ ဟန်ဂေရီတို့ ထိန်းမနိုင် သိမ်းမရ အောင်ပွဲခံကြပါတယ်။ ဖီအိုလာတို့ တစ်သိုက် တားဆီးထားတဲ့ ကြိုးကို ကျော်ခွကာ၊ သတင်းထောက်စားပွဲရှိရာအပြေး သွားခဲ့ပါတယ်။အမျိုးသမီး သတင်းထောက်က အစတုန်းက အမှုမဲ့အမှတ်မဲ့ပါပဲ။

ဖီအိုလာတစ်ယောက် စားပွဲပေါ်က ရေဘူး၊ စာရွက်တွေကို မွှေနှောက် ပျံ့ကြဲအောင် လုပ်လိုက်တော့မှ အဲဒီအမျိုးသမီးလည်း လက်ထဲမိုက်လေးကိုင်၊ ဘာလုပ်ရမှန်း မသိ ရယ်ပြီး ကြည့်နေပါတော့တယ်။ အချိန်ခဏအတွင်းဖြစ်တဲ့ အဖြစ်အပျက်ဟာ ပစ္စည်းတွေ ဖရိုဖရဲဖြစ် ရှုပ်ပွတာကလွဲလို့ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။

ဟန်ဂေရီဟာ ဒုတိယပိုင်းမှာ ခံစစ်ကိုသာ အာရုံစိုက်ခဲ့ပေမယ့် ပေါ်တူဂီအသင်းနဲ့ပွဲတုန်းကလို တောင့်မခံနိုင်ခဲ့ဘဲ ချေပဂိုးပေးခဲ့ရတာကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ဟန်ဂေရီကစားသမား ဖီအိုလာရဲ့ အဖွင့်ဂိုးက ပြင်သစ်အသင်းအတွက် နောက်ဆုံး ၆ပွဲမှာ ပထမဆုံး ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ အသင်းအတွက်ချေပဂိုးကိုသွင်းယူခဲ့ပြီးနောက်သူ့ရဲ့ ကစားသမားဘ၀ ယူရိုပြိုင်ပွဲသွင်းဂိုးမှာ (၇)ဂိုးအထိရှိလာခဲ့ကြောင်းသိရပါတယ်။ အခုဆိုပြင်သစ်အသင်းကတော့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနဲ့ ပွဲမှာ ဖိအားတွေနဲ့ ကစားသွားရဖို့ ရှိနေပါတယ်။

zawgyi

အင္အားႀကီး ျပင္သစ္ကို ဟန္​ေဂရီတို႔ ​ေခါင္း​ေခါက္ႏိုင္ခဲ့ပါၿပီ

ဘယ္ကိစၥမဆို မျဖစ္ႏိုင္တာ မရွိပါဘူး။ ​ေဘာလုံးဆိုတာလည္း ဘာမဆို ျဖစ္သြားႏိုင္ပါတယ္။ အခု​ေတာ့ အင္အားႀကီး ျပင္သစ္ကို ဟန္​ေဂရီတို႔ ​ေခါင္း​ေခါက္ႏိုင္ခဲ့ပါၿပီ။ သ​ေရရလဒ္ဆို​ေတာ့ ​ေခါင္းကြဲ​ေအာင္​ေတာ့ မ​ေခါက္ႏိုင္ခဲ့ဘူး​ေပါ့။

ဒါ​ေပမယ့္ သ​ေရ ဆိုတာကပဲ ဟန္​ေဂရီသားတို႔ အတြက္ အားတက္စရာပါ။ ဟန္​ေဂရီဟာ ျပင္သစ္ အတြက္​ေတာ့ အုပ္စုတြင္းအားအနည္းဆုံးၿပိဳင္ဘက္ပါ။ အခု​ေတာ့ အခ်ိဳ အ​ေခ်ာင္ပြဲဆိုၿပီး ကစားခဲ့ရာ မွာ တစ္ဖက္တစ္ဂိုးစီ သေရက်သြားခဲ့ပါတယ္။ဟန္ေဂရီ အတြက္ ဂိုးကို ဖီအိုလာ က သြင္းယူခဲ့တာျဖစ္ၿပီး ျပင္သစ္အတြက္ ေခ်ပဂိုးကို ဂရစ္ဇ္မန္းက သြင္းယူခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အျပန္အလွန္တိုက္စစ္ဖြင့္ကစားခဲ့ၾကရာပြဲခ်ိန္ၿပီးဆုံးခါနီးမွာဖီအိုလာက အဖြင့္ဂိုးသြင္းခဲ့တာျဖစ္ၿပီး၊ ဟန္​ေဂရီတို႔ ထိန္းမႏိုင္ သိမ္းမရ ​ေအာင္ပြဲခံၾကပါတယ္။ ဖီအိုလာတို႔ တစ္သိုက္ တားဆီးထားတဲ့ ႀကိဳးကို ​ေက်ာ္ခြကာ၊ သတင္း​ေထာက္စားပြဲရွိရာအ​ေျပး သြားခဲ့ပါတယ္။

အမ်ိဳးသမီး သတင္း​ေထာက္က အစတုန္းက အမႈမဲ့အမွတ္မဲ့ပါပဲ။ ဖီအိုလာတစ္​ေယာက္ စားပြဲ​ေပၚက ​ေရဘူး​၊ စာ႐ြက္​ေတြကို ​ေမႊ​ေႏွာက္ ပ်ံ႕ႀကဲ​ေအာင္ လုပ္လိုက္​ေတာ့မွ အဲဒီအမ်ိဳးသမီးလည္း လက္ထဲမိုက္​ေလးကိုင္၊ ဘာလုပ္ရမွန္း မသိ ရယ္ၿပီး ၾကည့္​ေနပါ​ေတာ့တယ္။ အခ်ိန္ခဏအတြင္းျဖစ္တဲ့ အျဖစ္အပ်က္ဟာ ပစၥည္း​ေတြ ဖ႐ိုဖရဲျဖစ္ ရႈပ္ပြတာကလြဲလို႔ ဆိုးဆိုး႐ြား႐ြား မျဖစ္ပါဘူး။

ဟန္ေဂရီဟာ ဒုတိယပိုင္းမွာ ခံစစ္ကိုသာ အာ႐ုံစိုက္ခဲ့ေပမယ့္ ေပၚတူဂီအသင္းနဲ႔ပြဲတုန္းကလို ေတာင့္မခံႏိုင္ခဲ့ဘဲ ေခ်ပဂိုးေပးခဲ့ရတာေၾကာင့္ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရပါတယ္။ဟန္ေဂရီကစားသမား ဖီအိုလာရဲ႕ အဖြင့္ဂိုးက ျပင္သစ္အသင္းအတြက္ ေနာက္ဆုံး ၆ပြဲမွာ ပထမဆုံး ဂိုးေပးလိုက္ရတာ ျဖစ္ပါတယ္။

ျပင္သစ္အသင္းရဲ႕ တိုက္စစ္မႉး ဂရစ္ဇ္မန္းက​ေတာ့ အသင္းအတြက္ေခ်ပဂိုးကိုသြင္းယူခဲ့ၿပီးေနာက္သူ႔ရဲ႕ ကစားသမားဘ၀ ယူ႐ိုၿပိဳင္ပြဲသြင္းဂိုးမွာ (၇)ဂိုးအထိရွိလာခဲ့ေၾကာင္းသိရပါတယ္။ အခုဆိုျပင္သစ္အသင္းကေတာ့ အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ေပၚတူဂီနဲ႔ ပြဲမွာ ဖိအားေတြနဲ႔ ကစားသြားရဖို႔ ရွိေနပါတယ္။