အကောင်းဆုံး ကစားသမားဆုကို လူငယ်ကစားသမား ဘီလီဂေးလ်မားက ရရှိ

အင်္ဂလန်နဲ့ စကော့တလန်အသင်းတို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ကို အသက်(၂၀)အရွယ် လူငယ်ကစားသမား ဘီလီဂေးလ်မားက ရရှိသွားပါတယ်။

စကော့တလန်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့နေ့မှာပဲ ဂေးလ်မားဟာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေပြသသွားတာပါ။ အင်္ဂလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဂေးလ်မားဟာ မက်ဂရီဂေါ် ၊ မက်ကင်း စတဲ့ ကစားသမားနှစ်ဦးနဲ့ တွဲဖက်ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၆မိနစ်မှာတော့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အမ်းစထရောင်းနဲ့ လူစားလဲခဲ့ရပါတယ်။

လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် စကော့တလန် အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ရော်ဘတ်ဆန်ကတော့ ဘီလီ ဂေးလ်မားဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးပြောဆိုထားပါတယ်။

စကော့တလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က “သူက တကယ့်ကို ကောင်းမွန်တဲ့ လူငယ်တစ်ဦးပါ။ ဟိုတယ်မှာ သူနဲ့ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကွင်းထဲမှာလည်း ခင်ဗျားတို့ သူ့ကို မြင်ခဲ့ရတာပဲ။ ဘယ်အရာကမှဂေးလ်မားကို ကြောက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပဲ သူ့အနေနဲ့ စကော့တလန်အသင်းမှာ သူ ကစားချင်တဲ့ ပွဲအရေအတွက် အတိုင်း ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ် ရှိပါတယ်။ အခုချိန်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ကောင်းပါတယ်။”ဆိုပြီး ပြောထားပါတယ်။

ဂေးလ်မားကတော့ “ကျွန်တော်ဟာ အသင်းနဲ့အတူ အကောင်းဆုံးလေ့ကျင့်ခွင့် ရခဲ့ပြီး အသင်းဖော်အားလုံးကလည်း ကူညီပေးခဲ့ကြတာကြောင့် မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပါတယ်။ ဒါ့အပြင်စကော့တလန် အသင်းအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ခွင့် ရခဲ့တဲ့အပေါ် အထူးဂုဏ်ယူမိသလို အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာအတွက် ပိုပြီးကျေနပ်စရာဖြစ်ရပါတယ်။”ဆိုပြီး ပြောထားပါတယ်။

zawgyi

အေကာင္းဆုံး ကစားသမားဆုကို လူငယ္ကစားသမား ဘီလီေဂးလ္မားက ရရွိ

အဂၤလန္နဲ႔ စေကာ့တလန္အသင္းတို႔ရဲ႕ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ အေကာင္းဆုံး ကစားသမားဆု ကို အသက္(၂၀)အ႐ြယ္ လူငယ္ကစားသမား ဘီလီေဂးလ္မားက ရရွိသြားပါတယ္။

စေကာ့တလန္အသင္းအတြက္ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ေန႔မွာပဲ ေဂးလ္မားဟာ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ရည္ေတြျပသသြားတာပါ။ အဂၤလန္အသင္းနဲ႔ ကစားခဲ့ရတဲ့ ပြဲစဥ္မွာ ေဂးလ္မားဟာ မက္ဂရီေဂၚ ၊ မက္ကင္း စတဲ့ ကစားသမားႏွစ္ဦးနဲ႔ တြဲဖက္ကာ ေျခစြမ္းျပ ကစားႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၇၆မိနစ္မွာေတာ့ ေနာက္ထပ္ ကြင္းလယ္လူ တစ္ဦး ျဖစ္တဲ့ အမ္းစထေရာင္းနဲ႔ လူစားလဲခဲ့ရပါတယ္။

လီဗာပူးအသင္းရဲ႕ အဓိက ေနာက္ခံလူလည္းျဖစ္ စေကာ့တလန္ အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္း ျဖစ္တဲ့ ေရာ္ဘတ္ဆန္ကေတာ့ ဘီလီ ေဂးလ္မားဟာ ႀကီးမားတဲ့ အနာဂတ္ကို ပိုင္ဆိုင္ထားတဲ့ ကစားသမား ျဖစ္ေၾကာင္း ခ်ီးက်ဴး​ေျပာဆိုထားပါတယ္။

စေကာ့တလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္က “သူက တကယ့္ကို ေကာင္းမြန္တဲ့ လူငယ္တစ္ဦးပါ။ ဟိုတယ္မွာ သူနဲ႔ကြၽန္ေတာ္ စကားေျပာျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ ကြင္းထဲမွာလည္း ခင္ဗ်ားတို႔ သူ႔ကို ျမင္ခဲ့ရတာပဲ။ ဘယ္အရာကမွေဂးလ္မားကို ေၾကာက္ေအာင္ မလုပ္ႏိုင္ပါဘူး။

ဒါေၾကာင့္ပဲ သူ႔အေနနဲ႔ စေကာ့တလန္အသင္းမွာ သူ ကစားခ်င္တဲ့ ပြဲအေရအတြက္ အတိုင္း ကစားႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူ႔မွာ ႀကီးမားတဲ့ အနာဂတ္ ရွိပါတယ္။ အခုခ်ိန္မွာလည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္က တကယ့္ကို ေကာင္းပါတယ္။”ဆိုၿပီး ​ေျပာထားပါတယ္။

ေဂးလ္မားက​ေတာ့ “ကြၽန္ေတာ္ဟာ အသင္းနဲ႔အတူ အေကာင္းဆုံးေလ့က်င့္ခြင့္ ရခဲ့ၿပီး အသင္းေဖာ္အားလုံးကလည္း ကူညီေပးခဲ့ၾကတာေၾကာင့္ ျမန္ျမန္ဆန္ဆန္ပဲ အထိုင္က်ခဲ့ပါတယ္။ ဒါ့အျပင္စေကာ့တလန္ အသင္းအတြက္ ကြၽန္ေတာ့္ရဲ႕ ပထမဆုံး ပြဲဦးထြက္အျဖစ္ အဂၤလန္အသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ခြင့္ ရခဲ့တဲ့အေပၚ အထူးဂုဏ္ယူမိသလို အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တာအတြက္ ပိုၿပီးေက်နပ္စရာျဖစ္ရပါတယ္။”ဆိုၿပီး ​ေျပာထားပါတယ္။