ရော်နယ်ဒို လက်စားချေခံရခြင်း…

ဂျာမနီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီအသင်းက (၄-၂)ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက်ကတော့

ကွင်းထဲက သူတို့idol ရဲ့ စွမ်းဆောင်ရည်တွေကြောင့် မျက်နှာမငယ်ခဲ့ရပါဘူး။

မနေ့ကပွဲမှာ ရော်နယ်ဒိုဟာ အံသြစရာကောင်းတဲ့ အမြန်နှုန်းနဲ့ ဂိုးသွင်းပြခဲ့သလို၊ ဂိုးဖန်တီးမှုတစ်ကြိမ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် သူ့ဆီကို အဖျက်ကြမ်းကြမ်းနဲ့ ဝင်လာတဲ့ ရူဒီဂါကိုလည်း လှပတဲ့ ပညာပြမှုတွေနဲ့ ရူးခါသွားအောင် လုပ်ပြခဲ့ပါသေးတယ်။

ဂျာမနီနဲ့ပွဲမှာ ပေါ်တူဂီရရှိခဲ့တဲ့ အဖွင့်ဂိုးဟာ ရော်နယ်ဒိုရဲ့ အမြန်နှုန်းကြောင့်ရရှိခဲ့တာဖြစ်ပြီး
အခုဆိုရင် မီဒီယာတွေမှာ ဒီဂိုးနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ လေ့လာမှုတွေလုပ်နေရပါတယ်။
beIN Sports ရဲ့ တွက်ချက်မှုတွေအရလည်း ရော်နယ်ဒိုရဲ့သွင်းဂိုးဟာ ၇၂ မီတာအကွာအဝေးကို တစ်နာရီကို ၃၂ ကီလိုမီတာနှုန်းနဲ့ ပြေးလွှားသွင်းယူခဲ့တာလို့ဖော်ပြထားပါတယ်။

ဒီဂိုးကြောင့် ဂျာမနီအသင်းကို ရော်နယ်ဒိုဂိုးမသွင်းနိုင်ဘူးဆိုတဲ့ စံချိန်မှတ်တမ်းတစ်ခုကတော့ ကျိုးပျက်သွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ နိုင်ငံအသင်း သွင်းဂိုး ၁၀၇ ဂိုးအထိ ရှိလာပြီး အလီဒါယေးကို လိုက်မီဖို့ ၂ ဂိုးသာ လိုအပ်ပါတော့တယ်။

ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂) ခုပေါင်း သွင်းဂိုး(၁၉)ဂိုးရရှိလာပြီး ဂျာမန်အသင်းရဲ့ တိုက်စစ်မှူး
ကလိုဆေး တင်ရှိထားတဲ့စံချိန်နဲ့အတူတူဖြစ်လာခဲ့ပါတယ်။
ဒီစံချိန်မှတ်တမ်းကို ချိုးဖျက်ဖို့ကတော့ နောက်ထပ် သွင်းဂိုးတစ်ဂိုးသာလိုပါတော့တယ်။

ပွဲချိန် (၆၇)မိနစ်မှာလည်း ရော်နယ်ဒိုဟာ မော်တင်ဟိုရဲ့ ဖရီးကစ်ကနေ ရလာတဲ့ဘောလုံးကို ဂျိုတာသွင်းယူ နိုင်ဖို့အတွက်လည်း
ဖန်တီးပေးခဲ့ပါတယ်။
ပွဲချိန်တောက်လျှောက်မှာလည်း တန်ပြန်တိုက်စစ်တွေကနေ ပေါ်တူဂီက ထိုးဖောက်ခဲ့ချိန် တိုင်းမှာ ရော်နယ်ဒိုက မြန်ဆန်တဲ့ပြေးနှုန်းနဲ့ တိုက်စစ်ကို လိုက်ပါသွားခဲ့သလို

တိုက်စစ်မှူးတွေအတွက် ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

ပထမပိုင်း (၂၁)မိနစ်မှာ ရော်နယ်ဒိုပြသသွားခဲ့တဲ့ စကေးပြမှုတစ်ခုဟာလည်း အခု တွစ်တာပေါ်မှာလည်း တော်တော်လေးပြန့်နှံ့နေပြီး

ရော်နယ်ဒိုရဲ့ ကျွမ်းကျင်မှုအပေါ်မှာ ချီးကျူးနေကြပါတယ်။
ဟမ်းမဲလ်ဆီက ပြန်ထွက်လာတဲ့ဘောလုံးကို ရော်နယ်ဒို နဲ့ ရူဒီဂါတို့ အပြိုင်လုခဲ့ကြရာမှာ ရူဒီဂါက ခြေထောက်မြောက်ပြီး ဝင်ခဲ့ပေမယ့်
ရော်နယ်ဒိုက ဦးခဲ့ပြီး ဘောလုံးကို ရူဒီဂါရဲ့ ခေါင်းပေါ်ကျော်ရုံလောက် အသာလေးမတင်ခဲ့ပါတယ်။

ဒီနောက်မှာ ရော်နယ်ဒိုက လက်နှစ်ဖက်ဆန့်ကာ ဟန်ရေးပြခဲ့ပြီး သူ့ရဲ့ပေါ်တူဂီ အသင်းဖော်ဆီကို ဖနောင့်နဲ့ ပေးပို့ခဲ့ရာမှာလည်း
no-look ပုံစံလုပ်ပြသွားခဲ့ပါတယ်။

ရူဒီဂါက သူ့ရဲ့ ခါးကိုဖက်ကာ လိုက်လုခဲ့ပေမယ့်လည်း ရော်နယ်ဒိုရဲ့ စကေးလ်ပြမှုအောက်မှာ ရူဒီဂါတစ်ယောက် ရူးခါသွားခဲ့ရပါတယ်။

ရော်နယ်ဒိုရဲ့ ဒီလိုစွမ်းရည်တွေကြောင့်လည်း ပေါ်တူဂီအသင်း အရေးနိမ့်ခဲ့ပေမယ့် သူ့ရဲ့ ပရိသတ်တွေကတော့

ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အပြစ်မမြင်ခဲ့နိုင်ဖြစ်နေကြပါတယ်။

Zawgyi

ေရာ္နယ္ဒို လက္စားေခ်ခံရျခင္း…

ဂ်ာမနီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေပၚတူဂီအသင္းက (၄-၂)ရလဒ္နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ေရာ္နယ္ဒိုရဲ႕ ပရိသတ္ေတြအတြက္ကေတာ့
ကြင္းထဲက သူတို႔idol ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ မ်က္ႏွာမငယ္ခဲ့ရပါဘူး။
မေန႔ကပြဲမွာ ေရာ္နယ္ဒိုဟာ အံၾသစရာေကာင္းတဲ့ အျမန္ႏႈန္းနဲ႔ ဂိုးသြင္းျပခဲ့သလို၊ ဂိုးဖန္တီးမႈတစ္ႀကိမ္ကိုလည္း ျပဳလုပ္ေပးခဲ့ပါတယ္။
ဒါ့အျပင္ သူ႔ဆီကို အဖ်က္ၾကမ္းၾကမ္းနဲ႔ ဝင္လာတဲ့ ႐ူဒီဂါကိုလည္း လွပတဲ့ ပညာျပမႈေတြနဲ႔ ႐ူးခါသြားေအာင္ လုပ္ျပခဲ့ပါေသးတယ္။

ဂ်ာမနီနဲ႔ပြဲမွာ ေပၚတူဂီရရွိခဲ့တဲ့ အဖြင့္ဂိုးဟာ ေရာ္နယ္ဒိုရဲ႕ အျမန္ႏႈန္းေၾကာင့္ရရွိခဲ့တာျဖစ္ၿပီး
အခုဆိုရင္ မီဒီယာေတြမွာ ဒီဂိုးနဲ႔ ပတ္သက္လို႔ အခ်က္အလက္ေတြနဲ႔ ေလ့လာမႈေတြလုပ္ေနရပါတယ္။
beIN Sports ရဲ႕ တြက္ခ်က္မႈေတြအရလည္း ေရာ္နယ္ဒိုရဲ႕သြင္းဂိုးဟာ ၇၂ မီတာအကြာအေဝးကို တစ္နာရီကို ၃၂ ကီလိုမီတာႏႈန္းနဲ႔ ေျပးလႊားသြင္းယူခဲ့တာလို႔ေဖာ္ျပထားပါတယ္။

ဒီဂိုးေၾကာင့္ ဂ်ာမနီအသင္းကို ေရာ္နယ္ဒိုဂိုးမသြင္းႏိုင္ဘူးဆိုတဲ့ စံခ်ိန္မွတ္တမ္းတစ္ခုကေတာ့ က်ိဳးပ်က္သြားခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံအသင္း သြင္းဂိုး ၁၀၇ ဂိုးအထိ ရွိလာၿပီး အလီဒါေယးကို လိုက္မီဖို႔ ၂ ဂိုးသာ လိုအပ္ပါေတာ့တယ္။
ဒီသြင္းဂိုးေၾကာင့္ ေရာ္နယ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲ (၂) ခုေပါင္း သြင္းဂိုး(၁၉)ဂိုးရရွိလာၿပီး ဂ်ာမန္အသင္းရဲ႕ တိုက္စစ္မႉး
ကလိုေဆး တင္ရွိထားတဲ့စံခ်ိန္နဲ႔အတူတူျဖစ္လာခဲ့ပါတယ္။
ဒီစံခ်ိန္မွတ္တမ္းကို ခ်ိဳးဖ်က္ဖို႔ကေတာ့ ေနာက္ထပ္ သြင္းဂိုးတစ္ဂိုးသာလိုပါေတာ့တယ္။

ပြဲခ်ိန္ (၆၇)မိနစ္မွာလည္း ေရာ္နယ္ဒိုဟာ ေမာ္တင္ဟိုရဲ႕ ဖရီးကစ္ကေန ရလာတဲ့ေဘာလုံးကို ဂ်ိဳတာသြင္းယူ ႏိုင္ဖို႔အတြက္လည္း
ဖန္တီးေပးခဲ့ပါတယ္။
ပြဲခ်ိန္ေတာက္ေလွ်ာက္မွာလည္း တန္ျပန္တိုက္စစ္ေတြကေန ေပၚတူဂီက ထိုးေဖာက္ခဲ့ခ်ိန္ တိုင္းမွာ ေရာ္နယ္ဒိုက ျမန္ဆန္တဲ့ေျပးႏႈန္းနဲ႔ တိုက္စစ္ကို လိုက္ပါသြားခဲ့သလို တိုက္စစ္မႉးေတြအတြက္ ဂိုးဖန္တီးမႈ (၃)ႀကိမ္ျပဳလုပ္ေပးခဲ့ပါတယ္။

ပထမပိုင္း (၂၁)မိနစ္မွာ ေရာ္နယ္ဒိုျပသသြားခဲ့တဲ့ စေကးျပမႈတစ္ခုဟာလည္း အခု တြစ္တာေပၚမွာလည္း ေတာ္ေတာ္ေလးျပန႔္ႏွံ႔ေနၿပီး

ေရာ္နယ္ဒိုရဲ႕ ကြၽမ္းက်င္မႈအေပၚမွာ ခ်ီးက်ဴးေနၾကပါတယ္။
ဟမ္းမဲလ္ဆီက ျပန္ထြက္လာတဲ့ေဘာလုံးကို ေရာ္နယ္ဒို နဲ႔ ႐ူဒီဂါတို႔ အၿပိဳင္လုခဲ့ၾကရာမွာ ႐ူဒီဂါက ေျခေထာက္ေျမာက္ၿပီး ဝင္ခဲ့ေပမယ့္
ေရာ္နယ္ဒိုက ဦးခဲ့ၿပီး ေဘာလုံးကို ႐ူဒီဂါရဲ႕ ေခါင္းေပၚေက်ာ္႐ုံေလာက္ အသာေလးမတင္ခဲ့ပါတယ္။

ဒီေနာက္မွာ ေရာ္နယ္ဒိုက လက္ႏွစ္ဖက္ဆန႔္ကာ ဟန္ေရးျပခဲ့ၿပီး သူ႔ရဲ႕ေပၚတူဂီ အသင္းေဖာ္ဆီကို ဖေနာင့္နဲ႔ ေပးပို႔ခဲ့ရာမွာလည္း

no-look ပုံစံလုပ္ျပသြားခဲ့ပါတယ္။
႐ူဒီဂါက သူ႔ရဲ႕ ခါးကိုဖက္ကာ လိုက္လုခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုရဲ႕ စေကးလ္ျပမႈေအာက္မွာ ႐ူဒီဂါတစ္ေယာက္ ႐ူးခါသြားခဲ့ရပါတယ္။

ေရာ္နယ္ဒိုရဲ႕ ဒီလိုစြမ္းရည္ေတြေၾကာင့္လည္း ေပၚတူဂီအသင္း အေရးနိမ့္ခဲ့ေပမယ့္ သူ႔ရဲ႕ ပရိသတ္ေတြကေတာ့
ေရာ္နယ္ဒိုရဲ႕ စြမ္းေဆာင္ရည္အေပၚမွာ အျပစ္မျမင္ခဲ့ႏိုင္ျဖစ္ေနၾကပါတယ္။