ဂျာမနီအသင်းဘက်ကို ဦးဆောင်ဂိုသွင်းပြီးမှ ဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ ပေါ်တူဂီ

ယူရိုလက်ရှိချန်ပီယံပေါ်တူဂီအသင်းဟာ ဂျာမနီအသင်းဘက်ကို ဦးဆောင်ဂိုသွင်းပြီးမှ OG နှစ်ဂိုးအပါအဝင် ၄-၂ ဂိုးရလဒ်နဲ့ ရှုံးပွဲကြုံခဲ့ရတာကြောင့် အုပ်စုကတက်ဖို့ ပြင်သစ်နဲ့နောက်ဆုံးပွဲမှာ ဆက်လက်ရုန်းကန်ရပါဦးမယ်။ ဒီပွဲမတိုင်ခင် ဂျာမနီနဲ့ ဆုံတွေ့ခဲ့တဲ့ ၄ ကြိမ်မှာ ပေါ်တူဂီတို့ တစ်ကြိမ်မှ အနိုင်မရခဲ့သလို သူတို့ရဲ့နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာလည်း အဲဒီပွဲတိုင်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဒီနေ့ပွဲမှာတော့ စီရော်နယ်လ်ဒိုဟာ သူ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကတော့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်းမှာ ဂျာမနီကို ၅ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အုပ်စုအဖွင့်ပွဲတုန်းက လူစာရင်းအတိုင်းပဲ ပွဲထွက်လာပြီး ပြင်သစ်ကို ရှုံးခဲ့တဲ့ ဂျာမနီအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့တယ်။

ဂျာမနီအသင်းရဲ့ တိုက်စစ်အသက်သွေးကြောက Wing Backs နှစ်ဦးဖြစ်တဲ့ ကင်မစ်ချ်နဲ့ ဂေါ့စ်စန်တို့ပဲဖြစ်ပြီး ပြင်သစ်နဲ့ပွဲတုန်းက သူတို့နှစ်ဦး မလှုပ်နိုင်လို့ ဂျာမနီတိုက်စစ် အားနည်းခဲ့ရတယ်။ အခုပွဲမှာတော့ ဒီကစားသမားနှစ်ဦးကို ပေါ်တူဂီခံစစ်က မထိန်းချုပ်နိုင်ခဲ့တာကြောင့် ဂိုးတွေအများကြီး ခွင့်ပြုလိုက်ရတာပါပဲ။ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ အထလေးတဲ့ ဝီလီယံကာဗယ်လ်ဟိုနဲ့ ဒန်နီလိုတို့ကို Double Pivot အဖြစ် ဆက်သုံးခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ လျင်မြန်တဲ့ ဂျာမနီ Wing Backs တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။

Box to Box ကောင်းကောင်းကစားနိုင်တဲ့ ရီနာတိုဆန်းချက်ဇ်ကို စောစောစီးစီးကတည်းက အသုံးပြုသင့်တယ်လို့မြင်မိပြီး သူ့ရဲ့ တိုးအား၊ လိုက်အားအရ ဂျာမနီတို့ရဲ့ တောင်ပံတိုက်စစ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မယ်လို့ထင်ပါတယ်။ ဂျာမနီအသင်းရသွားတဲ့ ၄ ဂိုးစလုံးက ကင်မစ်ချ်နဲ့ ဂေါ့စ်စန်တို့ဆီကပဲ စတင်လာတာဖြစ်ပြီး ပြင်သစ်နဲ့ပွဲတုန်းက ခြေမပေါ်ခဲ့တဲ့ တိုက်စစ်ကစားသမား ဟားဗတ်စ်ဟာ အခုပွဲမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ပွဲစလို့ ၁၅ မိနစ်မှာပဲ Counter ကနေ ဒီယေဂိုဂျိုတာ ဆွဲပြေးပြီး ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို ပယ်နယ်တီဧရိယာထဲ အသင့်ရှိနေတဲ့ စီရော်နယ်လ်ဒိုက ပိတ်သွင်းခဲ့တယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘ့ာဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်း ၁၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကစားသမားတွေထဲမှာ ကမ္ဘာ့ဖလား/ယူရိုပြိုင်ပွဲ သွင်းဂိုးအများဆုံး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ကလိုဆေးရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါပြီ။ ဒါပေမဲ့ မိနစ် ၂၀ အကြာမှာပဲ ဂျာမနီချေပဂိုးပြန်ရခဲ့ပြီး ဂေါ့စ်စန်ရဲ့ဖြတ်တင်ဘောကို တားဆီးရင်းနဲ့ ရူဘင်ဒီယက်စ် OG ဖြစ်ခဲ့သလို မိနစ်ပိုင်းအကြာမှာပဲ ညာခြမ်းက ကင်မစ်ချ်ရဲ့ အားပါတဲ့ Cross ball ကို ဂွါရဲရိုးကန်ထုတ်လိုက်တာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်ခဲ့ရတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲတည်း OG နှစ်ဂိုးပေးရတာက ပေါ်တူဂီတစ်သင်းသာရှိပြီး ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်မှာ တစ်ပွဲတည်း OG နှစ်ဂိုးပေးရတဲ့ ပထမဆုံးဥရောပအသင်းလည်း ဖြစ်ခဲ့တယ်။ ဒုတိယပိုင်းပွဲစလို့ ၆ မိနစ်လောက်အကြာမှာပဲ ဂေါ့စ်စန်ရဲ့ ဖြတ်တင်ဘောကပဲ ဟားဗတ်စ်က တတိယဂိုးသွင်းယူခဲ့တာကြောင့် ပေါ်တူဂီတို့ရဲ့ ချေပဂိုးရရှိရေးမျှော်လင့်ချက်က ရေစုန်မျောခဲ့ရပါတယ်။ အသက် ၂၂ နှစ်၊ ၈ ရက်သာရှိသေးတဲ့ ဟားဗတ်စ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဂျာမနီအသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာပြီး ကမ္ဘာ့ဖလားနဲ့ ယူရိုနှစ်ခုပေါင်းမှာတော့ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဥရုဂွေးနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မူလာ (၂၀နှစ်၊ ၃၀၀ ရက်)နောက်ပိုင်း အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့ပါတယ်။

ရီနာတိုဆန်းချက်စ် ဝင်လာချိန်ကစလို့ ပေါ်တူဂီကွင်းလယ်က ပိုလှုပ်လာပြီး တိုက်စစ်နဲ့ ကွင်းလယ်ချိတ်ဆက်မှုက ပထမပိုင်းထက် ပိုကောင်းလာခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်ဂိုးရသွားတာကတော့ ဂျာမနီပါပဲ။ ဒီဂိုးကလည်း ထုံးစံအတိုင်းပဲ ကင်မစ်ချ်+ဂေါ့စ်စန်အတွဲကနေ သွင်းယူခဲ့တာဖြစ်ပြီး ကင်မစ်ချ် တင်ပေးလိုက်တာကို ဂေါ့စ်စန်က ခေါင်းတိုက်သွင်းခဲ့တာပါ။

ပေါ်တူဂီတို့ အရှက်တကွဲရလဒ်နဲ့ မရှုံးရအောင် တိုက်စစ်ပိုတင်ကစားချိန်မှာ နည်းပြဆန်းတို့စ်က ဘရူနိုဖာနန်ဒက်စ်အစား မော်တင်ဟိုကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် မော်တင်ဟိုဟာ တိုက်စစ်အတွက် ထိရောက်တဲ့ပံ့ပိုးမှု မလုပ်နိုင်ခဲ့ဘူး။

zawgyi

ဂ်ာမနီအသင္းဘက္ကို ဦးေဆာင္ဂိုသြင္းၿပီးမွ ဂိုးျပတ္ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတဲ့ ေပၚတူဂီ

ယူ႐ိုလက္ရွိခ်န္ပီယံေပၚတူဂီအသင္းဟာ ဂ်ာမနီအသင္းဘက္ကို ဦးေဆာင္ဂိုသြင္းၿပီးမွ OG ႏွစ္ဂိုးအပါအဝင္ ၄-၂ ဂိုးရလဒ္နဲ႔ ရႈံးပြဲႀကဳံခဲ့ရတာေၾကာင့္ အုပ္စုကတက္ဖို႔ ျပင္သစ္နဲ႔ေနာက္ဆုံးပြဲမွာ ဆက္လက္႐ုန္းကန္ရပါဦးမယ္။
ဒီပြဲမတိုင္ခင္ ဂ်ာမနီနဲ႔ ဆုံေတြ႕ခဲ့တဲ့ ၄ ႀကိမ္မွာ ေပၚတူဂီတို႔ တစ္ႀကိမ္မွ အႏိုင္မရခဲ့သလို သူတို႔ရဲ႕နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာလည္း အဲဒီပြဲတိုင္း ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

ဒီေန႔ပြဲမွာေတာ့ စီေရာ္နယ္လ္ဒိုဟာ သူ႔မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေပမယ့္ ေပၚတူဂီအသင္းကေတာ့ ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ ဂ်ာမနီကို ၅ ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။ ႏွစ္သင္းစလုံးဟာ အုပ္စုအဖြင့္ပြဲတုန္းက လူစာရင္းအတိုင္းပဲ ပြဲထြက္လာၿပီး ျပင္သစ္ကို ရႈံးခဲ့တဲ့ ဂ်ာမနီအသင္းဟာ ပြဲစကတည္းက တိုက္စစ္ဆင္ကစားခဲ့တယ္။

ဂ်ာမနီအသင္းရဲ႕ တိုက္စစ္အသက္ေသြးေၾကာက Wing Backs ႏွစ္ဦးျဖစ္တဲ့ ကင္မစ္ခ်္နဲ႔ ေဂါ့စ္စန္တို႔ပဲျဖစ္ၿပီး ျပင္သစ္နဲ႔ပြဲတုန္းက သူတို႔ႏွစ္ဦး မလႈပ္ႏိုင္လို႔ ဂ်ာမနီတိုက္စစ္ အားနည္းခဲ့ရတယ္။ အခုပြဲမွာေတာ့ ဒီကစားသမားႏွစ္ဦးကို ေပၚတူဂီခံစစ္က မထိန္းခ်ဳပ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးေတြအမ်ားႀကီး ခြင့္ျပဳလိုက္ရတာပါပဲ။ ေပၚတူဂီအသင္းနည္းျပ ဖာနန္ဒိုဆန္းတို႔စ္ဟာ အထေလးတဲ့ ဝီလီယံကာဗယ္လ္ဟိုနဲ႔ ဒန္နီလိုတို႔ကို Double Pivot အျဖစ္ ဆက္သုံးခဲ့တာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ လ်င္ျမန္တဲ့ ဂ်ာမနီ Wing Backs ေတြကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။

Box to Box ေကာင္းေကာင္းကစားႏိုင္တဲ့ ရီနာတိုဆန္းခ်က္ဇ္ကို ေစာေစာစီးစီးကတည္းက အသုံးျပဳသင့္တယ္လို႔ျမင္မိၿပီး သူ႔ရဲ႕ တိုးအား၊ လိုက္အားအရ ဂ်ာမနီတို႔ရဲ႕ ေတာင္ပံတိုက္စစ္ကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ထင္ပါတယ္။ ဂ်ာမနီအသင္းရသြားတဲ့ ၄ ဂိုးစလုံးက ကင္မစ္ခ်္နဲ႔ ေဂါ့စ္စန္တို႔ဆီကပဲ စတင္လာတာျဖစ္ၿပီး ျပင္သစ္နဲ႔ပြဲတုန္းက ေျခမေပၚခဲ့တဲ့ တိုက္စစ္ကစားသမား ဟားဗတ္စ္ဟာ အခုပြဲမွာေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ခဲ့ပါတယ္။ ပြဲစလို႔ ၁၅ မိနစ္မွာပဲ Counter ကေန ဒီေယဂိုဂ်ိဳတာ ဆြဲေျပးၿပီး ျပန္ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ပယ္နယ္တီဧရိယာထဲ အသင့္ရွိေနတဲ့ စီေရာ္နယ္လ္ဒိုက ပိတ္သြင္းခဲ့တယ္။

စီေရာ္နယ္လ္ဒိုဟာ ကမၻ့ာဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္း ၁၉ ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ ဥေရာပကစားသမားေတြထဲမွာ ကမာၻ႔ဖလား/ယူ႐ိုၿပိဳင္ပြဲ သြင္းဂိုးအမ်ားဆုံး ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉး ကလိုေဆးရဲ႕ စံခ်ိန္နဲ႔ တူညီသြားခဲ့ပါၿပီ။ ဒါေပမဲ့ မိနစ္ ၂၀ အၾကာမွာပဲ ဂ်ာမနီေခ်ပဂိုးျပန္ရခဲ့ၿပီး ေဂါ့စ္စန္ရဲ႕ျဖတ္တင္ေဘာကို တားဆီးရင္းနဲ႔ ႐ူဘင္ဒီယက္စ္ OG ျဖစ္ခဲ့သလို မိနစ္ပိုင္းအၾကာမွာပဲ ညာျခမ္းက ကင္မစ္ခ်္ရဲ႕ အားပါတဲ့ Cross ball ကို ဂြါရဲ႐ိုးကန္ထုတ္လိုက္တာမွာ ကိုယ့္ဂိုးကိုယ္သြင္းမိသလိုျဖစ္ခဲ့ရတယ္။

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ပြဲတည္း OG ႏွစ္ဂိုးေပးရတာက ေပၚတူဂီတစ္သင္းသာရွိၿပီး ယူ႐ိုနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ရပ္မွာ တစ္ပြဲတည္း OG ႏွစ္ဂိုးေပးရတဲ့ ပထမဆုံးဥေရာပအသင္းလည္း ျဖစ္ခဲ့တယ္။ ဒုတိယပိုင္းပြဲစလို႔ ၆ မိနစ္ေလာက္အၾကာမွာပဲ ေဂါ့စ္စန္ရဲ႕ ျဖတ္တင္ေဘာကပဲ ဟားဗတ္စ္က တတိယဂိုးသြင္းယူခဲ့တာေၾကာင့္ ေပၚတူဂီတို႔ရဲ႕ ေခ်ပဂိုးရရွိေရးေမွ်ာ္လင့္ခ်က္က ေရစုန္ေမ်ာခဲ့ရပါတယ္။ အသက္ ၂၂ ႏွစ္၊ ၈ ရက္သာရွိေသးတဲ့ ဟားဗတ္စ္ဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂ်ာမနီအသင္းရဲ႕ အသက္အငယ္ဆုံး ဂိုးသြင္းသူျဖစ္လာၿပီး ကမာၻ႔ဖလားနဲ႔ ယူ႐ိုႏွစ္ခုေပါင္းမွာေတာ့ ၂၀၁၀ ကမာၻ႔ဖလားတုန္းက ဥ႐ုေဂြးနဲ႔ပြဲမွာ ဂိုးသြင္းခဲ့တဲ့ မူလာ (၂၀ႏွစ္၊ ၃၀၀ ရက္)ေနာက္ပိုင္း အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္ခဲ့ပါတယ္။

ရီနာတိုဆန္းခ်က္စ္ ဝင္လာခ်ိန္ကစလို႔ ေပၚတူဂီကြင္းလယ္က ပိုလႈပ္လာၿပီး တိုက္စစ္နဲ႔ ကြင္းလယ္ခ်ိတ္ဆက္မႈက ပထမပိုင္းထက္ ပိုေကာင္းလာခဲ့တယ္။ ဒါေပမဲ့ ေနာက္ထပ္ဂိုးရသြားတာကေတာ့ ဂ်ာမနီပါပဲ။ ဒီဂိုးကလည္း ထုံးစံအတိုင္းပဲ ကင္မစ္ခ်္+ေဂါ့စ္စန္အတြဲကေန သြင္းယူခဲ့တာျဖစ္ၿပီး ကင္မစ္ခ်္ တင္ေပးလိုက္တာကို ေဂါ့စ္စန္က ေခါင္းတိုက္သြင္းခဲ့တာပါ။

ေပၚတူဂီတို႔ အရွက္တကြဲရလဒ္နဲ႔ မရႈံးရေအာင္ တိုက္စစ္ပိုတင္ကစားခ်ိန္မွာ နည္းျပဆန္းတို႔စ္က ဘ႐ူႏိုဖာနန္ဒက္စ္အစား ေမာ္တင္ဟိုကို ထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ေမာ္တင္ဟိုဟာ တိုက္စစ္အတြက္ ထိေရာက္တဲ့ပံ့ပိုးမႈ မလုပ္ႏိုင္ခဲ့ဘူး။