ဂျာမနီနဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ လျှင်မြန်တဲ့ အစွမ်း ပြောစမှတ်ဖြစ်ခဲ့

လက်ရှိယူရိုချန်ပီယံ ပေါ်တူဂီအသင်းဟာ ဂျာမနီအသင်းကို (၄-၂)ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကိုတော့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ပွဲချိန် (၁၄)မိနစ် (၃)စက္ကန့်မှာ ပေါ်တူဂီအသင်းရဲ့ဂိုးပေါက်ရှေ့ကဘောလုံးကို ခေါင်းတိုက် ရှင်းထုတ်ခဲ့ပြီး ကိုက် ၈၀အကွာ ပြိုင်ဘက် ဂျာမနီအသင်းရဲ့ ဂိုးပေါက်ဆီကို ၁၅ စက္ကန့်နဲ့အရောက်ပြေးသွားခဲ့ကာ ပေါ်တူဂီအသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ်မှာ ကစားသမား တဦးဆီက အခုလို စွမ်းဆောင်ရည်မျိုးကိုမြင်ရဖို့ဆိုတာ ရော်နယ်ဒိုကလွဲရင် တစ်ခြားကစားသမားတစ်ယောက်ယောက် လုပ်ပြနိုင်မယ်ဆိုတာ မြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ရော်နယ်ဒိုရဲ့ သွင်းဂိုးကရိုးရှင်းပေမယ့် မြင်ရတာက တကယ်ကို မယုံနိုင်စရာပါပဲ။ Counter ကနေ ဒီယေဂိုဂျိုတာ ဆွဲပြေးပြီး ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို ပယ်နယ်တီဧရိယာထဲ အသင့်ရောက်လာတဲ့ ရော်နယ်လ်ဒိုက ပိတ်သွင်းခဲ့တာပါ။

ဒီသွင်းဂိုးကြောင့် ရော်နယ်လ်ဒိုဟာ ကမ္ဘ့ာဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်း ၁၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကစားသမားတွေထဲမှာ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ သွင်းဂိုးအများဆုံး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ကလိုဆေးရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါပြီ။ အခု ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးအရေအတွက်ဟာ (၁၀၇)ဂိုး ရှိသွားခဲ့ပြီး အလီဒါယေးရဲ့ စံချိန်ကိုကျော်ဖြတ်ဖို့ သွင်းဂို (၃)ဂိုးသာလိုပါတော့တယ်။

ဒီပွဲမကစားခင်အချိန်က သူ့ရဲ့နိုင်ငံအသင်းအတွက် သွင်းဂိုးအရေအတွက်မှာ ဂျာမနီအသင်း မပါဝင်ခဲ့သေးပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ သွင်းဂိုးစာရင်းမှာပါဝင်ခဲ့ပါပြီ။ ရော်နယ်လ်ဒိုဟာ သူ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကတော့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်းမှာ ဂျာမနီကို ၅ ပွဲဆက်တိုက်ရှုံးနိမ့် ခဲ့ပါတယ်။

ဒီရှုံးပွဲကြုံခဲ့ရတာကြောင့် ပေါ်တူဂီအသင်းဟာ အုပ်စုကတက်ဖို့ ပြင်သစ်နဲ့နောက်ဆုံးပွဲမှာ ဆက်လက်ရုန်းကန်ရပါဦးမယ်။

zawgyi

ဂ်ာမနီနဲ႔ပြဲမွာ ေရာ္နယ္ဒိုရဲ႕ လွ်င္ျမန္တဲ့ အစြမ္း ေျပာစမွတ္ျဖစ္ခဲ့

လက္ရွိယူ႐ိုခ်န္ပီယံ ေပၚတူဂီအသင္းဟာ ဂ်ာမနီအသင္းကို (၄-၂)ရလဒ္နဲ႔ အေရးနိမ့္သြားခဲ့ေပမယ့္ ေရာ္နယ္ဒိုရဲ႕ မယုံႏိုင္စရာေကာင္းတဲ့ စြမ္းေဆာင္ရည္ကိုေတာ့ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။ ပြဲခ်ိန္ (၁၄)မိနစ္ (၃)စကၠန႔္မွာ ေပၚတူဂီအသင္းရဲ႕ဂိုးေပါက္ေရွ႕ကေဘာလုံးကို ေခါင္းတိုက္ ရွင္းထုတ္ခဲ့ၿပီး ကိုက္ ၈၀အကြာ ၿပိဳင္ဘက္ ဂ်ာမနီအသင္းရဲ႕ ဂိုးေပါက္ဆီကို ၁၅ စကၠန႔္နဲ႔အေရာက္ေျပးသြားခဲ့ကာ ေပၚတူဂီအသင္းအတြက္ အဖြင့္ဦးေဆာင္ဂိုးကို သြင္းယူခဲ့ပါတယ္။

အသက္ ၃၆ႏွစ္အ႐ြယ္မွာ ကစားသမား တဦးဆီက အခုလို စြမ္းေဆာင္ရည္မ်ိဳးကိုျမင္ရဖို႔ဆိုတာ ေရာ္နယ္ဒိုကလြဲရင္ တစ္ျခားကစားသမားတစ္ေယာက္ေယာက္ လုပ္ျပႏိုင္မယ္ဆိုတာ ျမင္ေတြ႕ရဖို႔ မျဖစ္ႏိုင္ပါဘူး။ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးက႐ိုးရွင္းေပမယ့္ ျမင္ရတာက တကယ္ကို မယုံႏိုင္စရာပါပဲ။ Counter ကေန ဒီေယဂိုဂ်ိဳတာ ဆြဲေျပးၿပီး ျပန္ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ပယ္နယ္တီဧရိယာထဲ အသင့္ေရာက္လာတဲ့ ေရာ္နယ္လ္ဒိုက ပိတ္သြင္းခဲ့တာပါ။

ဒီသြင္းဂိုးေၾကာင့္ ေရာ္နယ္လ္ဒိုဟာ ကမၻ့ာဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္း ၁၉ ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ ဥေရာပကစားသမားေတြထဲမွာ ကမာၻ႔ဖလား၊ ယူ႐ိုၿပိဳင္ပြဲ သြင္းဂိုးအမ်ားဆုံး ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉး ကလိုေဆးရဲ႕ စံခ်ိန္နဲ႔ တူညီသြားခဲ့ပါၿပီ။ အခု ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုးအေရအတြက္ဟာ (၁၀၇)ဂိုး ရွိသြားခဲ့ၿပီး အလီဒါေယးရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ဖို႔ သြင္းဂို (၃)ဂိုးသာလိုပါေတာ့တယ္။

ဒီပြဲမကစားခင္အခ်ိန္က သူ႔ရဲ႕ႏိုင္ငံအသင္းအတြက္ သြင္းဂိုးအေရအတြက္မွာ ဂ်ာမနီအသင္း မပါဝင္ခဲ့ေသးေပမယ့္ အခုအခ်ိန္မွာေတာ့ သူ႔ရဲ႕ သြင္းဂိုးစာရင္းမွာပါဝင္ခဲ့ပါၿပီ။ ေရာ္နယ္လ္ဒိုဟာ သူ႔မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေပမယ့္ ေပၚတူဂီအသင္းကေတာ့ ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ ဂ်ာမနီကို ၅ ပြဲဆက္တိုက္ရႈံးနိမ့္ ခဲ့ပါတယ္။ ဒီရႈံးပြဲႀကဳံခဲ့ရတာေၾကာင့္ ေပၚတူဂီအသင္းဟာ အုပ္စုကတက္ဖို႔ ျပင္သစ္နဲ႔ေနာက္ဆုံးပြဲမွာ ဆက္လက္႐ုန္းကန္ရပါဦးမယ္။