ဂိုဆင်ဟာတစ်ချိန်တုန်းကသူ့ကိုအင်္ကျီလဲလှယ်ဖို့ငြင်းဆိုခဲ့ဖူးတဲ့ ရော်နယ်ဒိုအား တစစီဖြစ်အောင်ကလဲ့စားချေနိုင်ခဲ့

ပေါ်တူဂီကို အနိုင်ရရှိခဲ့တဲ့ ဂျာမနီရဲ့ အဖိုးတန်နိုင်ပွဲမှာ ခြေစွမ်းပြခဲ့သူကတော့ အသက် ၂၆ နှစ်အရွယ် ဂိုဆန်ဖြစ်ပါတယ်။ ဂိုဆင်ဟာတစ်ချိန်တုန်းကသူ့ကိုအင်္ကျီလဲလှယ်ဖို့ငြင်းဆိုခဲ့ဖူးတဲ့ ရော်နယ်ဒိုအား တစစီဖြစ်အောင်ကလဲ့စားချေနိုင်လိုက်ပြီဖြစ်ပါတယ်။

အတ္တလန္တာအသင်းရဲ့ ကွင်းလယ်လူဟာ ဂျိုအာချင်လိုရဲ့ အသင်းအတွက်တော့ မျက်နှာသစ်ကစားသမားဖြစ်ပြီး အဲဒီကစားသမားကို ပရိသတ်တွေ သိရှိမှုက နည်းပါးနေခဲ့ပါတယ်။ ပြင်သစ်နဲ့ပွဲမှာလည်း အသင်းရှုံးနိမ့်ခဲ့လို့ နာမည်မထွက်ခဲ့ပေမယ့် ပေါ်တူဂီနဲ့ပွဲမှာတော့ ဂိုဆန်ကို အားလုံးသတိထားမိခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ် အရွယ် ဂျာမနီလက်ရွေးစင်ဟာမနေ့ညတုန်းက ရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီအသင်းကိုအနိုင်ရရှိခဲ့ရာမှာကိုယ်တိုင်တစ်ဂိုးသွင်းခဲ့တဲ့အပြင်ဟာဗက်ဇ်အတွက်လည်း ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပြီးတော့ ရော်နယ်ဒိုကိုလည်းအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ကာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂိုဆန်နဲ့ ရော်နယ်ဒိုတို့ကြားမှာတော့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်က ရှိနေခဲ့ပြီးသားပါ။ အဲဒီအကြောင်းကို ဂိုဆန်က သူ့ရဲ့ကိုယ်တိုင်ရေးစာအုပ်ထဲမှာ ဖွင့်ဟပြောဆိုခဲ့ပြီး စီးရီးအေမှာ ရင်ဆိုင်ခဲ့ရစဉ်က ရော်နယ်ဒိုရဲ့ ဂျာစီကို တောင်းဆိုခဲ့မှု ငြင်းဆိုခံခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။

“ဂျူဗင်တပ်စ်နဲ့ပွဲပြီးတော့ ကျွန်တော့်အိပ်မက်ဖြစ်တဲ့ရော်နယ်ဒိုရဲ့ အင်္ကျီရရှိလိုမှုကိုဖြည့်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ပွဲပြီးခရာမှုတ်ချိန်မှာအောင်ပွဲခံတာတောင်မလုပ်ဘဲ သူ့ဆီသွားခဲ့တယ်။ ဒါပေမယ့်ရော်နယ်ဒိုက လက်မခံခဲ့ပါဘူး။

ကျွန်တော်က ရော်နယ်ဒိုရေ မင်းအင်္ကျီလေးငါယူလို့ရမလားလို့မေးခဲ့တယ်။ သူက လှည့်တောင်မကြည့်ဘဲ နိုးဆိုပြီးတစ်ခွန်းဘဲပြောခဲ့တယ်။ ကျွန်တော်အရမ်းရှက်သွားတယ်။ အဝေးကိုထွက်သွားခဲ့တယ်။ သိမ်ငယ်သလိုခံစားရတယ်။ ဒီလိုအခြေအနေဖြစ်လာရင် ဘယ်လိုခံစားရတယ်ဆိုတာ ခင်ဗျားတို့လည်းသိပါတယ်။”

“ကျွန်တော့်ရဲ့ အဖြစ်ကိုတစ်ယောက်ယောက်များသတိထားမိသွားသလားဆိုပြီးတော့လည်း ပတ်ပတ်လည်လိုက်ကြည့်ရသေးတယ်။ ကျွန်တော့်အနေနဲ့ ခံစားချက်ကိုသိုဝှက်ဖို့ကြိုးစားခဲ့ရတယ်”လို့ ဂိုဆန်ကဆိုထားတာပါ။

ဂိုဆန်ကတော့ ရော်နယ်ဒိုနဲ့ စုစုပေါင်း ၆ ပွဲ ရင်ဆိုင်ခဲ့ဖူးပြီး ၆ ကြိမ်စလုံးကို အရေးမနိမ့်ထားဘူးလို့လည်း သိရပါတယ်။ ဂိုဆန်ရဲ့ဂျာမနီဟာပေါ်တူဂီကို၄-၂ဂိုးနဲ့ အနိုင်ရရှိခဲ့မှုကြောင့်ရမှတ်၃မှတ်ရရှိကာ ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရေးမျှော်လင့်ချက် ရှိ လာခဲ့ပါတယ်။ ဂျာမနီဟာအုပ်စုနောက်ဆုံးပွဲအဖြစ်ဟန်ဂေရီနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးပေါ်တူဂီကပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

zawgyi

ဂိုဆင္ဟာတစ္ခ်ိန္တုန္းကသူ႔ကိုအက်ႌလဲလွယ္ဖို႔ျငင္းဆိုခဲ့ဖူးတဲ့ ေရာ္နယ္ဒိုအား တစစီျဖစ္ေအာင္ကလဲ့စားေခ်ႏိုင္ခဲ့

ေပၚတူဂီကို အႏိုင္ရရွိခဲ့တဲ့ ဂ်ာမနီရဲ႕ အဖိုးတန္ႏိုင္ပြဲမွာ ေျခစြမ္းျပခဲ့သူကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ဂိုဆန္ျဖစ္ပါတယ္။ ဂိုဆင္ဟာတစ္ခ်ိန္တုန္းကသူ႔ကိုအက်ႌလဲလွယ္ဖို႔ျငင္းဆိုခဲ့ဖူးတဲ့ ေရာ္နယ္ဒိုအား တစစီျဖစ္ေအာင္ကလဲ့စားေခ်ႏိုင္လိုက္ၿပီျဖစ္ပါတယ္။

အတၱလႏၲာအသင္းရဲ႕ ကြင္းလယ္လူဟာ ဂ်ိဳအာခ်င္လိုရဲ႕ အသင္းအတြက္ေတာ့ မ်က္ႏွာသစ္ကစားသမားျဖစ္ၿပီး အဲဒီကစားသမားကို ပရိသတ္ေတြ သိရွိမႈက နည္းပါးေနခဲ့ပါတယ္။ ျပင္သစ္နဲ႔ပြဲမွာလည္း အသင္းရႈံးနိမ့္ခဲ့လို႔ နာမည္မထြက္ခဲ့ေပမယ့္ ေပၚတူဂီနဲ႔ပြဲမွာေတာ့ ဂိုဆန္ကို အားလုံးသတိထားမိခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၆ႏွစ္ အ႐ြယ္ ဂ်ာမနီလက္ေ႐ြးစင္ဟာမေန႔ညတုန္းက ေရာ္နယ္ဒိုဦးေဆာင္တဲ့ေပၚတူဂီအသင္းကိုအႏိုင္ရရွိခဲ့ရာမွာကိုယ္တိုင္တစ္ဂိုးသြင္းခဲ့တဲ့အျပင္ဟာဗက္ဇ္အတြက္လည္း ဂိုးဖန္တီးေပးခဲ့ပါတယ္။ ၿပီး​ေတာ့ ေရာ္နယ္ဒိုကိုလည္းအေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ကာ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဂိုဆန္နဲ႔ ေရာ္နယ္ဒိုတို႔ၾကားမွာေတာ့ ထူးျခားတဲ့ဇာတ္လမ္းတစ္ပုဒ္က ရွိေနခဲ့ၿပီးသားပါ။ အဲဒီအေၾကာင္းကို ဂိုဆန္က သူ႔ရဲ႕ကိုယ္တိုင္ေရးစာအုပ္ထဲမွာ ဖြင့္ဟေျပာဆိုခဲ့ၿပီး စီးရီးေအမွာ ရင္ဆိုင္ခဲ့ရစဥ္က ေရာ္နယ္ဒိုရဲ႕ ဂ်ာစီကို ေတာင္းဆိုခဲ့မႈ ျငင္းဆိုခံခဲ့ရတဲ့အေၾကာင္းျဖစ္ပါတယ္။

“ဂ်ဴဗင္တပ္စ္နဲ႔ပြဲၿပီးေတာ့ ကြၽန္ေတာ့္အိပ္မက္ျဖစ္တဲ့ေရာ္နယ္ဒိုရဲ႕ အက်ႌရရွိလိုမႈကိုျဖည့္ႏိုင္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ပြဲၿပီးခရာမႈတ္ခ်ိန္မွာေအာင္ပြဲခံတာေတာင္မလုပ္ဘဲ သူ႔ဆီသြားခဲ့တယ္။ ဒါေပမယ့္ေရာ္နယ္ဒိုက လက္မခံခဲ့ပါဘူး။ ကြၽန္ေတာ္က ေရာ္နယ္ဒိုေရ မင္းအက်ႌေလးငါယူလို႔ရမလားလို႔ေမးခဲ့တယ္။ သူက လွည့္ေတာင္မၾကည့္ဘဲ ႏိုးဆိုၿပီးတစ္ခြန္းဘဲေျပာခဲ့တယ္။ ကြၽန္ေတာ္အရမ္းရွက္သြားတယ္။ အေဝးကိုထြက္သြားခဲ့တယ္။ သိမ္ငယ္သလိုခံစားရတယ္။ ဒီလိုအေျခအေနျဖစ္လာရင္ ဘယ္လိုခံစားရတယ္ဆိုတာ ခင္ဗ်ားတို႔လည္းသိပါတယ္။”

“ကြၽန္​ေတာ့္ရဲ႕ အျဖစ္ကိုတစ္ေယာက္ေယာက္မ်ားသတိထားမိသြားသလားဆိုၿပီးေတာ့လည္း ပတ္ပတ္လည္လိုက္ၾကည့္ရေသးတယ္။ ကြၽန္ေတာ့္အ​ေနနဲ႔ ခံစားခ်က္ကိုသိုဝွက္ဖို႔ႀကိဳးစားခဲ့ရတယ္”လို႔ ဂိုဆန္က​ဆိုထားတာပါ။

ဂိုဆန္ကေတာ့ ေရာ္နယ္ဒိုနဲ႔ စုစုေပါင္း ၆ ပြဲ ရင္ဆိုင္ခဲ့ဖူးၿပီး ၆ ႀကိမ္စလုံးကို အေရးမနိမ့္ထားဘူးလို႔လည္း သိရပါတယ္။ ဂိုဆန္ရဲ႕ဂ်ာမနီဟာေပၚတူဂီကို၄-၂ဂိုးနဲ႔ အႏိုင္ရရွိခဲ့မႈေၾကာင့္ရမွတ္၃မွတ္ရရွိကာ ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးေမွ်ာ္လင့္ခ်က္ ရွိ လာခဲ့ပါတယ္။ ဂ်ာမနီဟာအုပ္စုေနာက္ဆုံးပြဲအျဖစ္ဟန္ေဂရီႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးေပၚတူဂီကျပင္သစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။