၀င်ဘာလေကွင်းမှာ ဖာဂူဆန် အခွင့်ထူးမခံရဘဲ အရှက်ကွဲခဲ့ရ

အင်္ဂလန်နဲ့ စကော့တလန်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ ယူနိုက်တက်နည်းပြဟောင်းကြီးဆာအဲလက်စ်ဖာဂူဆန်ဟာ ဝင်ဘာလေကွင်းကြီးရဲ့ VIP ကားပါကင်ထဲ ဝင်ခွင့်မရခဲ့ဘဲ လှည့်ပြန်ခဲ့ရတဲ့အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးလောကရဲ့ နာမည်ကျော်နည်းပြကြီးဟာ ပွဲလမ်းအချို့မှာ VVIP ဖြစ်ခဲ့ပေမယ့် မနေ့ကတော့ ကားပါကင်မှာ မျက်နှာငယ်ခဲ့ရပါတယ်။ ဂိတ်နားက တာဝန်ရှိသူက “ဒီမှာ ကားရပ်လို့ မရပါဘူးဆရာ”ဆိုတဲ့ စကားဟာ ဖာဂူဆန် အတွက် အောင့်သက်သက် ဖြစ်စေခဲ့ပါတယ်။

ယာဉ်မောင်းဖြစ်သူက လုံခြုံရေးနဲ့ စကားပြောနေချိန်မှာတော့ ဖာဂူဆန်ဟာ သူ့ရဲ့ကားပြတင်းပေါက်မှန်ကိုချခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကားရပ်ခွင့်မရတဲ့ ဖာဂူဆန်ဟာ မျက်နှာမှာ စိတ်မကောင်းသွားတဲ့ ဟန်ဖြစ်နေခဲ့ပြီး စည်းကမ်းကို လိုက်နာခဲ့ရတာပဲဖြစ်ပါတယ်။

အသက်၇၉နှစ်ရှိဆာအဲလက်စ်ဖာဂူဆန်ဟာ၁၉၈၅ခုနှစ်တုန်းကစကော့တလန်အသင်းကိုကာလတိုကိုင်တွယ်ခဲ့ဖူးပြီးကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုကြောင့်ရာထူးမှထွက်ခွာခဲ့ရပါတယ်။

ယမန်နေ့ကပွဲမှာ ဆာအဲလက်စ်က ယူနိုက်တက်နဲ့ သွေးစပ်ရင် မြေးတော်တဲ့ တော်မီနေးရဲ့ အနေအထားကို အကဲခတ်အားပေးပါတယ်။ ဖာဂူဆန်ဟာနည်းပြဘဝကာလအတွင်းမှာအမှတ်ပေးဖလား၁၇ကြိမ်၊၁၉၈၃ခုနှစ်မှာအဘာဒင်းနှင့်ဥရောပရှုံးထွက်ဗိုလ်များဖလားဆွတ်ခူးခဲ့တဲ့အပြင်ယူနိုက်တက်နှင့်အတူချန်ပီယံလိဂ်ဖလား၂ကြိမ်ဆွတ်ခူးခဲ့ပါတယ်။နည်းပြကြီးဟာ ၂၀၁၃ မှာတော့ နည်းပြဘဝက အနားယူခဲ့တာပါ။

အင်္ဂလန်နဲ့ စကော့တလန်ပွဲစဉ်ကိုတော့ စကော့ပရိသတ်ပေါင်း ၂သောင်းကျော်အထိ လာရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါပွဲကတော့ ဂိုးမရှိသရေနဲ့သာပြီးဆုံးခဲ့ပါတယ်

zawgyi

၀င္ဘာ​ေလကြင္းမွာ ဖာဂူဆန္ အခြင့္ထူးမခံရဘဲ အရွက္ကြဲခဲ့ရ

အဂၤလန္နဲ႔ စေကာ့တလန္ပြဲစဥ္ကို လာေရာက္ၾကည့္ရႈခဲ့တဲ့ ယူႏိုက္တက္နည္းျပေဟာင္းႀကီးဆာအဲလက္စ္ဖာဂူဆန္ဟာ ဝင္ဘာေလကြင္းႀကီးရဲ႕ VIP ကားပါကင္ထဲ ဝင္ခြင့္မရခဲ့ဘဲ လွည့္ျပန္ခဲ့ရတဲ့အျဖစ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ေဘာလုံးေလာကရဲ႕ နာမည္ေက်ာ္နည္းျပႀကီးဟာ ပြဲလမ္းအခ်ိဳ႕မွာ VVIP ျဖစ္ခဲ့​ေပမယ့္ မ​ေန႔က​​​ေတာ့ ကားပါကင္မွာ မ်က္ႏွာငယ္ခဲ့ရပါတယ္။ ဂိတ္နားက တာဝန္ရွိသူက “ဒီမွာ ကားရပ္လို႔ မရပါဘူးဆရာ”ဆိုတဲ့ စကားဟာ ဖာဂူဆန္ အတြက္ ​ေအာင့္သက္သက္ ျဖစ္​ေစခဲ့ပါတယ္။

ယာဥ္ေမာင္းျဖစ္သူက လုံၿခဳံေရးနဲ႔ စကားေျပာေနခ်ိန္မွာေတာ့ ဖာဂူဆန္ဟာ သူ႔ရဲ႕ကားျပတင္းေပါက္မွန္ကိုခ်ခဲ့ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကားရပ္ခြင့္မရတဲ့ ဖာဂူဆန္ဟာ မ်က္ႏွာမွာ စိတ္မေကာင္းသြားတဲ့ ဟန္ျဖစ္ေနခဲ့ၿပီး စည္းကမ္းကို လိုက္နာခဲ့ရတာပဲျဖစ္ပါတယ္။

အသက္၇၉ႏွစ္ရွိဆာအဲလက္စ္ဖာဂူဆန္ဟာ၁၉၈၅ခုႏွစ္တုန္းကစေကာ့တလန္အသင္းကိုကာလတိုကိုင္တြယ္ခဲ့ဖူးၿပီးကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္မႈေၾကာင့္ရာထူးမွထြက္ခြာခဲ့ရပါတယ္။

ယမန္​ေန႔ကပြဲမွာ ဆာအဲလက္စ္က ယူႏိုက္တက္နဲ႔ ​ေသြးစပ္ရင္ ေျမး​​ေတာ္တဲ့ ေတာ္မီ​ေနးရဲ႕ အ​ေနအထားကို အကဲခတ္အား​ေပးပါတယ္။ ဖာဂူဆန္ဟာနည္းျပဘဝကာလအတြင္းမွာအမွတ္ေပးဖလား၁၇ႀကိမ္၊၁၉၈၃ခုႏွစ္မွာအဘာဒင္းႏွင့္ဥေရာပရႈံးထြက္ဗိုလ္မ်ားဖလားဆြတ္ခူးခဲ့တဲ့အျပင္ယူႏိုက္တက္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၂ႀကိမ္ဆြတ္ခူးခဲ့ပါတယ္။နည္းျပႀကီးဟာ ၂၀၁၃ မွာေတာ့ နည္းျပဘဝက အနားယူခဲ့တာပါ။

အဂၤလန္နဲ႔ စေကာ့တလန္ပြဲစဥ္ကိုေတာ့ စေကာ့ပရိသတ္ေပါင္း ၂ေသာင္းေက်ာ္အထိ လာေရာက္အားေပးခဲ့ၾကတယ္လို႔သိရပါတယ္။ အဆိုပါပြဲကေတာ့ ဂိုးမရွိသေရနဲ႔သာၿပီးဆုံးခဲ့ပါတယ္