အင်္ဂလန်နဲ့စကော့တလန်တို့ရဲ့ပထမဆုံးအကြိမ် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့

ယူရိုအုပ်စု(D)ပွဲစဉ်တစ်ပွဲအဖြစ် ဘောလုံးဘိုးအေနှစ်သင်းဖြစ်တဲ့ အင်္ဂလန်နဲ့စကော့တလန်တို့ရဲ့ပွဲက ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့လို့ အင်္ဂလန်အသင်း အုပ်စုက စောစောစီးစီးတက်နိုင်မယ့် အခွင့်အရေးလက်လွတ်ခဲ့ရတယ်။

ဒါပေမဲ့ စကော့တလန်အသင်းကလည်း ကစားပုံကောင်းခဲ့ပြီး မာမာထန်ထန်နဲ့တုံ့ပြန်ကစားခဲ့တာကြောင့် သရေတစ်မှတ်နဲ့ထိုက်တန်တယ်လို့ပြောရမယ်။ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ဒီပွဲမှာ ဘယ်နောက်ခံလူအဖြစ် လုခ်ရှော၊ ညာခြမ်းမှာ ရိစ်ဂျိမ်းစ်တို့ကို ပွဲထွက်ခဲ့တာကလွဲလို့ ကျန်တဲ့နေရာတွေမှာ ခရိုအေးရှားနဲ့ပွဲကအတိုင်း အပြောင်းအလဲမရှိခဲ့ဘူး။

အဖွင့်ပွဲတုန်းက ပရိသတ်တွေ သဘောကျလောက်အောင် ခြေစွမ်းပြကစားခဲ့တဲ့ ကယ်လ်ဗင်ဖိလစ်ဟာ အခုပွဲမှာ ခရိုအေးရှားနဲ့ပွဲတုန်းကလို အကောင်းဆုံးမဖြစ်ခဲ့ပေမယ့် တာဝန်ကျေအောင်တော့ ကစားနိုင်ခဲ့တယ်။

အင်္ဂလန်အသင်းရဲ့ ကစားပုံက နှစ်ပွဲပြီးသွားတဲ့အထိ အားရစရာမကောင်းသေးဘဲ အဓိကပြဿနာက ကစားသမားတွေကြားမှာ Connection အားနည်းနေတယ်လို့မြင်မိတယ်။ ဒီကြားထဲ ဆောက်ဂိတ်က အခုအချိန်အထိ စတာလင်ကို ယုံကြည်မှုပေးနေဆဲဖြစ်ပြီး စတာလင်ကလည်း ထုံးစံအတိုင်း အသင်းအတွက် Impact ဖြစ်အောင် မလုပ်ပြနိုင်ခဲ့ပြန်ဘူး။

ပထမပိုင်းမှာ အင်္ဂလန် ဘောလုံးသာကိုင်ကစားနေတယ် ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုး မတွေ့ရဘဲ ကွင်းလယ်နဲ့ တိုက်စစ် channel ကို ချိတ်ဆက်ပေးမယ့်သူမရှိတာက အသင်းအတွက် ပြဿနာပါပဲ။ နောက်ပြီး ကွင်းလယ်မှာ Tempo အတင်အချ ထိန်းပေးမယ့်သူမရှိလို့လည်း အင်္ဂလန်အသင်း ကစားအားတက်လာလိုက်၊ ချက်ချင်းပြန်ကျသွားလိုက်နဲ့ တည်ငြိမ်မှုမရှိခဲ့ဘူး။ စကော့တလန်အသင်းက Team work ကောင်းကောင်းနဲ့ အင်္ဂလန်ကို ရင်ဆိုင်ခဲ့ပြီး ဒီပွဲမှာရှုံးလို့ မဖြစ်တာကြောင့်လည်း စိတ်ဓာတ်ပြင်းပြင်းနဲ့ တုံ့ပြန်ခဲ့တယ်။

ပထမပိုင်းပွဲအစမှာ ဂျွန်စတုန်းစ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တာလွဲလို့ အင်္ဂလန် အခွင့်အရေးကြီးကြီးမားမား မရခဲ့ဘဲ စကော့တလန်ကတောင် အပိုင်အခွင့်အရေးတချို့ရခဲ့ပြီး အိုဒေါ်နယ်လ်ရဲ့ Volley ကန်ချက် ဂိုးသမားပစ်ခ်ဖို့ဒ် ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန် ဂိုးမပေးခဲ့ရတာပါ။ ပထမပိုင်းတစ်ပိုင်းလုံး အင်္ဂလန်တို့ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိတာကြောင့် ၂၀၁၇ ခုနှစ်တုန်းက ဂျာမနီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲနောက်ပိုင်း အဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။

စကော့တလန်အသင်းဟာ တီယာနေးနဲ့ ရော်ဘတ်ဆင်တို့ရဲ့ ဘယ်ခြမ်းကနေ အဓိကတိုက်စစ်ဆင်ခဲ့ပြီး အင်္ဂလန်ခံစစ်က တိုင်ရွန်မင်းစ်၊ ရိစ်ဂျိမ်းစ်တို့ကောင်းနေလို့သာ အင်္ဂလန်အသင်း သက်သာရာရခဲ့တယ်။ ဒုတိယပိုင်းမှာ ဆောက်ဂိတ်က ဂရီးလစ်ရှ်ကို ထည့်ပြီးတိုက်စစ်မြှင့်ခဲ့လို့ ကစားပုံက ပထမပိုင်းထက် ပိုလျင်မြန်လာပေမယ့် စကော့တလန်ရဲ့ သိပ်သည်းတဲ့ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး။

ဆောက်ဂိတ်ဟာ အခုပွဲမှာလည်း လူစားလဲမှုအမှားတွေ ထပ်လုပ်ခဲ့သလို စတာလင်ကိုထုတ်၊ ဆန်ချိုကိုထည့်ပြီး ညာခြမ်းတိုက်စစ်လမ်းကြောင်းတွေ ပိုကောင်းအောင် ပြင်ဆင်သင့်ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာမှာ ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်းခဲ့တာကြောင့် ဂရီးလစ်ရှ်၊ မေဆင်မောင့်၊ ရပ်ရှ်ဖို့ဒ်အကုန်လုံးက ဘယ်ခြမ်းတိုက်စစ်အားသန်တဲ့သူတွေဖြစ်လို့ တစ်ခြမ်းတည်းစုပြုံတိုးနေတဲ့အတွက် စကော့တလန်ခံစစ်က ထိန်းချုပ်နိုင်ဖို့ လွယ်ကူခဲ့တယ်။

ဒေါ့မွန်အသင်းမှာ ဒီလောက်ခြေစွမ်းပြနေတဲ့ ဆန်ချိုကို နှစ်ပွဲစလုံး လူစားဝင်အဖြစ်တောင် ဆောက်ဂိတ် မသုံးခဲ့တာက အံ့သြစရာပါပဲ။ စကော့တလန်အသင်းဟာ လက်ကျန်မိနစ်တွေမှာ သရေတစ်မှတ်ရဖို့ ခံစစ်ကို အာရုံစိုက်ကစားခဲ့ပြီး သူတို့လိုချင်တဲ့အတိုင်း ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့တကြောင့် အုပ်စုကတက်ဖို့ မျှော်လင့်ချက်နည်းနည်းတော့ရှိနေပါသေးတယ်။

အင်္ဂလန်အသင်းဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲပေါင်း ၁၇ ပွဲအထိရှိသွားပြီဖြစ်တာကြောင့် နိုင်ငံတကာပြိုင်ပွဲကြီးနှစ်ခုမှာ သရေပွဲအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို အင်္ဂလန်မြေမှာ စကော့တလန်နဲ့ ပထမဆုံးအကြိမ် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

အဂၤလန္နဲ႔စေကာ့တလန္တို႔ရဲ႕ပထမဆုံးအႀကိမ္ ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့

ယူ႐ိုအုပ္စု(D)ပြဲစဥ္တစ္ပြဲအျဖစ္ ေဘာလုံးဘိုးေအႏွစ္သင္းျဖစ္တဲ့ အဂၤလန္နဲ႔စေကာ့တလန္တို႔ရဲ႕ပြဲက ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့လို႔ အဂၤလန္အသင္း အုပ္စုက ေစာေစာစီးစီးတက္ႏိုင္မယ့္ အခြင့္အေရးလက္လြတ္ခဲ့ရတယ္။

ဒါေပမဲ့ စေကာ့တလန္အသင္းကလည္း ကစားပုံေကာင္းခဲ့ၿပီး မာမာထန္ထန္နဲ႔တုံ႔ျပန္ကစားခဲ့တာေၾကာင့္ သေရတစ္မွတ္နဲ႔ထိုက္တန္တယ္လို႔ေျပာရမယ္။ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ဒီပြဲမွာ ဘယ္ေနာက္ခံလူအျဖစ္ လုခ္ေရွာ၊ ညာျခမ္းမွာ ရိစ္ဂ်ိမ္းစ္တို႔ကို ပြဲထြက္ခဲ့တာကလြဲလို႔ က်န္တဲ့ေနရာေတြမွာ ခ႐ိုေအးရွားနဲ႔ပြဲကအတိုင္း အေျပာင္းအလဲမရွိခဲ့ဘူး။

အဖြင့္ပြဲတုန္းက ပရိသတ္ေတြ သေဘာက်ေလာက္ေအာင္ ေျခစြမ္းျပကစားခဲ့တဲ့ ကယ္လ္ဗင္ဖိလစ္ဟာ အခုပြဲမွာ ခ႐ိုေအးရွားနဲ႔ပြဲတုန္းကလို အေကာင္းဆုံးမျဖစ္ခဲ့ေပမယ့္ တာဝန္ေက်ေအာင္ေတာ့ ကစားႏိုင္ခဲ့တယ္။

အဂၤလန္အသင္းရဲ႕ ကစားပုံက ႏွစ္ပြဲၿပီးသြားတဲ့အထိ အားရစရာမေကာင္းေသးဘဲ အဓိကျပႆနာက ကစားသမားေတြၾကားမွာ Connection အားနည္းေနတယ္လို႔ျမင္မိတယ္။ ဒီၾကားထဲ ေဆာက္ဂိတ္က အခုအခ်ိန္အထိ စတာလင္ကို ယုံၾကည္မႈေပးေနဆဲျဖစ္ၿပီး စတာလင္ကလည္း ထုံးစံအတိုင္း အသင္းအတြက္ Impact ျဖစ္ေအာင္ မလုပ္ျပႏိုင္ခဲ့ျပန္ဘူး။

ပထမပိုင္းမွာ အဂၤလန္ ေဘာလုံးသာကိုင္ကစားေနတယ္ ထိေရာက္တဲ့တိုက္စစ္ဆင္မႈမ်ိဳး မေတြ႕ရဘဲ ကြင္းလယ္နဲ႔ တိုက္စစ္ channel ကို ခ်ိတ္ဆက္ေပးမယ့္သူမရွိတာက အသင္းအတြက္ ျပႆနာပါပဲ။ ေနာက္ၿပီး ကြင္းလယ္မွာ Tempo အတင္အခ် ထိန္းေပးမယ့္သူမရွိလို႔လည္း အဂၤလန္အသင္း ကစားအားတက္လာလိုက္၊ ခ်က္ခ်င္းျပန္က်သြားလိုက္နဲ႔ တည္ၿငိမ္မႈမရွိခဲ့ဘူး။ စေကာ့တလန္အသင္းက Team work ေကာင္းေကာင္းနဲ႔ အဂၤလန္ကို ရင္ဆိုင္ခဲ့ၿပီး ဒီပြဲမွာရႈံးလို႔ မျဖစ္တာေၾကာင့္လည္း စိတ္ဓာတ္ျပင္းျပင္းနဲ႔ တုံ႔ျပန္ခဲ့တယ္။

ပထမပိုင္းပြဲအစမွာ ဂြၽန္စတုန္းစ္ရဲ႕ ေခါင္းတိုက္ခ်က္ တိုင္ထိထြက္ခဲ့တာလြဲလို႔ အဂၤလန္ အခြင့္အေရးႀကီးႀကီးမားမား မရခဲ့ဘဲ စေကာ့တလန္ကေတာင္ အပိုင္အခြင့္အေရးတခ်ိဳ႕ရခဲ့ၿပီး အိုေဒၚနယ္လ္ရဲ႕ Volley ကန္ခ်က္ ဂိုးသမားပစ္ခ္ဖို႔ဒ္ ကာကြယ္ႏိုင္ခဲ့လို႔ အဂၤလန္ ဂိုးမေပးခဲ့ရတာပါ။ ပထမပိုင္းတစ္ပိုင္းလုံး အဂၤလန္တို႔ ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွ မရွိတာေၾကာင့္ ၂၀၁၇ ခုႏွစ္တုန္းက ဂ်ာမနီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲေနာက္ပိုင္း အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။

စေကာ့တလန္အသင္းဟာ တီယာေနးနဲ႔ ေရာ္ဘတ္ဆင္တို႔ရဲ႕ ဘယ္ျခမ္းကေန အဓိကတိုက္စစ္ဆင္ခဲ့ၿပီး အဂၤလန္ခံစစ္က တိုင္႐ြန္မင္းစ္၊ ရိစ္ဂ်ိမ္းစ္တို႔ေကာင္းေနလို႔သာ အဂၤလန္အသင္း သက္သာရာရခဲ့တယ္။ ဒုတိယပိုင္းမွာ ေဆာက္ဂိတ္က ဂရီးလစ္ရွ္ကို ထည့္ၿပီးတိုက္စစ္ျမႇင့္ခဲ့လို႔ ကစားပုံက ပထမပိုင္းထက္ ပိုလ်င္ျမန္လာေပမယ့္ စေကာ့တလန္ရဲ႕ သိပ္သည္းတဲ့ခံစစ္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘူး။

ေဆာက္ဂိတ္ဟာ အခုပြဲမွာလည္း လူစားလဲမႈအမွားေတြ ထပ္လုပ္ခဲ့သလို စတာလင္ကိုထုတ္၊ ဆန္ခ်ိဳကိုထည့္ၿပီး ညာျခမ္းတိုက္စစ္လမ္းေၾကာင္းေတြ ပိုေကာင္းေအာင္ ျပင္ဆင္သင့္ေပမယ့္ တိုက္စစ္မႉး ဟယ္ရီကိန္းရဲ႕ေနရာမွာ ရပ္ရွ္ဖို႔ဒ္ကို ထည့္သြင္းခဲ့တာေၾကာင့္ ဂရီးလစ္ရွ္၊ ေမဆင္ေမာင့္၊ ရပ္ရွ္ဖို႔ဒ္အကုန္လုံးက ဘယ္ျခမ္းတိုက္စစ္အားသန္တဲ့သူေတြျဖစ္လို႔ တစ္ျခမ္းတည္းစုၿပဳံတိုးေနတဲ့အတြက္ စေကာ့တလန္ခံစစ္က ထိန္းခ်ဳပ္ႏိုင္ဖို႔ လြယ္ကူခဲ့တယ္။

ေဒါ့မြန္အသင္းမွာ ဒီေလာက္ေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳကို ႏွစ္ပြဲစလုံး လူစားဝင္အျဖစ္ေတာင္ ေဆာက္ဂိတ္ မသုံးခဲ့တာက အံ့ၾသစရာပါပဲ။ စေကာ့တလန္အသင္းဟာ လက္က်န္မိနစ္ေတြမွာ သေရတစ္မွတ္ရဖို႔ ခံစစ္ကို အာ႐ုံစိုက္ကစားခဲ့ၿပီး သူတို႔လိုခ်င္တဲ့အတိုင္း ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့တေၾကာင့္ အုပ္စုကတက္ဖို႔ ေမွ်ာ္လင့္ခ်က္နည္းနည္းေတာ့ရွိေနပါေသးတယ္။

အဂၤလန္အသင္းဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲေပါင္း ၁၇ ပြဲအထိရွိသြားၿပီျဖစ္တာေၾကာင့္ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးႏွစ္ခုမွာ သေရပြဲအမ်ားဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို အဂၤလန္ေျမမွာ စေကာ့တလန္နဲ႔ ပထမဆုံးအႀကိမ္ ဂိုးမရွိသေရ ရလဒ္ထြက္ေပၚခဲ့တာလည္းျဖစ္ပါတယ္။