ဟာဇက်ဟာ လေ့ကျင့်ရေးကွင်းတွင်အလွန်ဆိုးရွားသူဖြစ်ပြီး အလုပ်ကြိုးစားခြင်းမရှိကြောင်းဝေဖန်ပြောကြား

နည်းပြ မော်ရင်ဟိုကအေဒင်ဟာဇက်ဟာ လေ့ကျင့်ရေးကွင်းတွင်အလွန်ဆိုးရွားသူဖြစ်ပြီး အလုပ်ကြိုးစားခြင်းမရှိကြောင်းဝေဖန်ပြောကြားလိုက်ပါတယ်။မော်ရင်ဟိုနှင့်ဟာဇက်တို့ဟာ၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းတွင်ချဲလ်ဆီးအသင်းတွင်လက်တွဲခဲ့ကြသူများလည်းဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုက “သူက အရမ်းအံ့ဩစရာကောင်းတဲ့ကောင်လေးပါ။ ဒါပေမယ့် သူဟာ နံနက်တိုင်းလေ့ကျင့်ရေးကွင်းကို လာတယ်။ အလုပ်တော့သိပ်မလုပ်ပါဘူး။ သူကဆိုးရွားတဲ့ လေ့ကျင့်မှုသာ ရှိတဲ့ အံ့သြဖွယ် ကစားသမားမျိုး ဖြစ်ပါတယ်။ ဟာဇက်သာ လေ့ကျင့်တဲ့ နေရာမှာ ဒီထက် ပိုကောင်းတဲ့ ခံယူချက်မျိုး ရှိရင် ၊ အခုဆို သူဟာ ပိုကောင်းတဲ့ စူပါ ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်နိုင်တယ်”

” တကယ်တမ်း ပွဲကစားမယ့်ရက် ရောက်လာပြီဆိုရင် ၊ ခင်ဗျားဟာ ကွင်းအတွင်းမှာ သူ့ရဲ့ လေ့ကျင့်ထားတဲ့ ခြေစွမ်းကို မတွေ့ရဘဲ၊ ပင်ကို ရှိနေတဲ့ ပါရမီ ခြေစွမ်းအနေအထားကိုပဲ တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီတော့ သူဟာ အံ့သြဖွယ် အရည်အသွေးရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ် ။”

” ဘယ်လိုပဲဖြစ်ဖြစ် ၊သူဟာ အံ့သြဖွယ် အရည်အသွေးရှိတဲ့ ချာတိတ် တစ်ယောက် ၊ မိသားစုဆန်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ သူ့ကို ကြည့်ရတာ လက်ရှိ ကြယ်ပွင့်မျိုးဆက်မှာ မပါဝင်သလိုပါပဲ ။ သူဟာ အမြဲ အေးအေးဆေးဆေး သိုသိုသိပ်သိပ် နေတတ်ပါတယ် ။ ”ဆိုပြီး ပြောပါတယ်။

အသက် ၃၀နှစ်ရှိ ဟာဇက်ဟာ ချဲလ်ဆီးတွင်ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလားရရှိအောင်အဓိကနေရာမှ ကူညီခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

ဟာဇက်ဟာ ၂၀၁၉ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ဆီကို ယူရိုသန်း၁၀၀ဖြင့်ပြောင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်ဆီကို ဝိတ်တက်ပြီးရောက်လာမှုနဲ့အတူ ခက်ခဲတဲ့ရာသီတစ်ခုနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်မှာကစားတဲ့ ၂ရာသီမှာဒဏ်ရာပြဿနာများကြောင့် ၄၃ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရရှိပြီ း၅ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။

zawgyi

ဟာဇက္ဟာ ေလ့က်င့္ေရးကြင္းတြင္အလြန္ဆိုး႐ြားသူျဖစ္ၿပီး အလုပ္ႀကိဳးစားျခင္းမရွိေၾကာင္းေဝဖန္ေျပာၾကား

နည္းျပ ေမာ္ရင္ဟိုကေအဒင္ဟာဇက္ဟာ ေလ့က်င့္ေရးကြင္းတြင္အလြန္ဆိုး႐ြားသူျဖစ္ၿပီး အလုပ္ႀကိဳးစားျခင္းမရွိေၾကာင္းေဝဖန္ေျပာၾကားလိုက္ပါတယ္။ေမာ္ရင္ဟိုႏွင့္ဟာဇက္တို႔ဟာ၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အတြင္းတြင္ခ်ဲလ္ဆီးအသင္းတြင္လက္တြဲခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

နည္းျပေမာ္ရင္ဟိုက “သူက အရမ္းအံ့ဩစရာေကာင္းတဲ့ေကာင္ေလးပါ။ ဒါေပမယ့္ သူဟာ နံနက္တိုင္းေလ့က်င့္ေရးကြင္းကို လာတယ္။ အလုပ္ေတာ့သိပ္မလုပ္ပါဘူး။ သူကဆိုး႐ြားတဲ့ ေလ့က်င့္မႈသာ ရွိတဲ့ အံ့ၾသဖြယ္ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ဟာဇက္သာ ေလ့က်င့္တဲ့ ေနရာမွာ ဒီထက္ ပိုေကာင္းတဲ့ ခံယူခ်က္မ်ိဳး ရွိရင္ ၊ အခုဆို သူဟာ ပိုေကာင္းတဲ့ စူပါ ပေရာ္ဖက္ရွင္နယ္ တစ္ဦး ျဖစ္ႏိုင္တယ္”

” တကယ္တမ္း ပြဲကစားမယ့္ရက္ ေရာက္လာၿပီဆိုရင္ ၊ ခင္ဗ်ားဟာ ကြင္းအတြင္းမွာ သူ႔ရဲ႕ ေလ့က်င့္ထားတဲ့ ေျခစြမ္းကို မေတြ႕ရဘဲ၊ ပင္ကို ရွိေနတဲ့ ပါရမီ ေျခစြမ္းအေနအထားကိုပဲ ေတြ႕ရမွာ ျဖစ္ပါတယ္ ။ ဒီေတာ့ သူဟာ အံ့ၾသဖြယ္ အရည္အေသြးရွိတဲ့ ကစားသမား တစ္ေယာက္ ျဖစ္ပါတယ္ ။”

” ဘယ္လိုပဲျဖစ္ျဖစ္ ၊သူဟာ အံ့ၾသဖြယ္ အရည္အေသြးရွိတဲ့ ခ်ာတိတ္ တစ္ေယာက္ ၊ မိသားစုဆန္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္ ။ သူ႔ကို ၾကည့္ရတာ လက္ရွိ ၾကယ္ပြင့္မ်ိဳးဆက္မွာ မပါဝင္သလိုပါပဲ ။ သူဟာ အၿမဲ ေအးေအးေဆးေဆး သိုသိုသိပ္သိပ္ ေနတတ္ပါတယ္ ။ ”ဆိုၿပီး ​ေျပာပါတယ္။

အသက္ ၃၀ႏွစ္ရွိ ဟာဇက္ဟာ ခ်ဲလ္ဆီးတြင္ကစားစဥ္အတြင္း ပရီးမီးယားလိဂ္ဖလားရရွိေအာင္အဓိကေနရာမွ ကူညီခဲ့ကာ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

ဟာဇက္ဟာ ၂၀၁၉ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ဆီကို ယူ႐ိုသန္း၁၀၀ျဖင့္ေျပာင္းခဲ့ပါတယ္။ ဒါေပမယ့္ သူဟာရာသီႀကိဳေလ့က်င့္ခန္း အစီအစဥ္ဆီကို ဝိတ္တက္ၿပီးေရာက္လာမႈနဲ႔အတူ ခက္ခဲတဲ့ရာသီတစ္ခုႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ သူဟာ ရီးရဲလ္မက္ဒရစ္မွာကစားတဲ့ ၂ရာသီမွာဒဏ္ရာျပႆနာမ်ားေၾကာင့္ ၄၃ပြဲတည္းသာ ပြဲထြက္ကစားခြင့္ရရွိၿပီ း၅ဂိုးတည္းသာ သြင္းထားႏိုင္ပါတယ္။