ဟယ်ရီကိန်းခြေစွမ်းမပြနိုင်တဲ့အကြောင်းရင်းကို ရွိုင်းကိန် ထုတ်ပြော

အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဟယ်ရီကိန်းဟာ လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုရဖို့ ရေပန်းစားနေတဲ့သူတွေထဲတစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပေမယ့် အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာတော့ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး(၆)ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုယူရိုပြိုင်ပွဲမှာ ဟယ်ရီကိန်းဟာ ဆိုးဆိုးရွားရွားကို ရုန်းကန်နေရပြီး စကော့တလန်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲတုန်းက ပထမပိုင်းမှာ ဟယ်ရီကိန်းရဲ့ဘောလုံးထိချက်က (၁၀)ကြိမ်သာရှိခဲ့တာကြောင့် အဲဒီပွဲမှာ ဘောလုံးထိချက်အနည်းဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ခရိုအေးရှား၊ စကော့တလန်တို့နဲ့နှစ်ပွဲစလုံးမှာ ဟယ်ရီကိန်း ပွဲချိန်ပြည့်ပါဝင်ကစားခွင့်မရခဲ့ဘဲ ရပ်ရှ်ဖို့ဒ်နဲ့လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဟယ်ရီကိန်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ အင်္ဂလန်ပရိသတ်တွေက စိုးရိမ်နေကြပြီး ITV ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ရွိုင်ကိန်းက ဟယ်ရီကိန်း ပုံမှန်ခြေစွမ်းပျောက်နေရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွိုင်ကိန်းက “ဟယ်ရီကိန်းဟာ စပါးအသင်းကနေ ထွက်ခွာချင်တယ်လို့ ဝန်ခံပြောဆိုခဲ့ပြီး အဲဒီကိစ္စကြောင့် သူ အာရုံထွေပြားနေပုံပါပဲ။

ကိုယ့်ကလပ်ကနေ ထွက်ခွာလိုနေတာပဲဖြစ်ဖြစ်၊ တခြားအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးနေတာပဲဖြစ်ဖြစ် အဲဒီအကြောင်းအရာတွေက ကစားသမားတစ်ဦးရဲ့ခြေစွမ်းကို ထိခိုက်စေနိုင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ နောက်ပြီး ဟယ်ရီကိန်းဟာ ရာနှုန်းပြည့်ကြံ့ခိုင်တဲ့ပုံမရှိဘဲ ပြေးလွှားတဲ့အခါမျိုးမှာ အင်တိုက်အားတိုက်မရှိပါဘူး။ အင်္ဂလန်လိုအသင်းမျိုးဟာ ဒီလိုပြိုင်ပွဲကြီးတစ်ခုယှဉ်ပြိုင်ရတဲ့အခါ အသင်းရဲ့အဓိက ကစားသမားက ခြေစွမ်းပြကစားနိုင်ဖို့လိုပါတယ်။ စီရော်နယ်လ်ဒို၊ ဒီဘရိုင်းနား၊ လူကာကူတို့ဟာ ကိုယ့်နိုင်ငံအသင်းအတွက် ခြေစွမ်းပြကစားနေချိန်မှာ ဟယ်ရီကိန်းကတော့ အကောင်းဆုံးပုံစံပြန်မရသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ဟယ္ရီကိန္းေျခစြမ္းမျပႏိုင္တဲ့အေၾကာင္းရင္းကို ႐ြိဳင္းကိန္ ထုတ္ေျပာ

အဂၤလန္အသင္းရဲ႕ အဓိကတိုက္စစ္မႉးဟယ္ရီကိန္းဟာ လက္ရွိက်င္းပေနတဲ့ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုရဖို႔ ေရပန္းစားေနတဲ့သူေတြထဲတစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံထားရေပမယ့္ အုပ္စုပြဲစဥ္ႏွစ္ပြဲကစားၿပီးခ်ိန္မွာေတာ့ တစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး(၆)ဂိုးနဲ႔ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ခဲ့ေပမယ့္ အခုယူ႐ိုၿပိဳင္ပြဲမွာ ဟယ္ရီကိန္းဟာ ဆိုးဆိုး႐ြား႐ြားကို ႐ုန္းကန္ေနရၿပီး စေကာ့တလန္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲတုန္းက ပထမပိုင္းမွာ ဟယ္ရီကိန္းရဲ႕ေဘာလုံးထိခ်က္က (၁၀)ႀကိမ္သာရွိခဲ့တာေၾကာင့္ အဲဒီပြဲမွာ ေဘာလုံးထိခ်က္အနည္းဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ခ႐ိုေအးရွား၊ စေကာ့တလန္တို႔နဲ႔ႏွစ္ပြဲစလုံးမွာ ဟယ္ရီကိန္း ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္မရခဲ့ဘဲ ရပ္ရွ္ဖို႔ဒ္နဲ႔လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

ဟယ္ရီကိန္းရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ အဂၤလန္ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး ITV ႐ုပ္သံမွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ေဆာင္႐ြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူ ႐ြိဳင္ကိန္းက ဟယ္ရီကိန္း ပုံမွန္ေျခစြမ္းေပ်ာက္ေနရတဲ့အေၾကာင္းရင္းကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ႐ြိဳင္ကိန္းက “ဟယ္ရီကိန္းဟာ စပါးအသင္းကေန ထြက္ခြာခ်င္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ၿပီး အဲဒီကိစၥေၾကာင့္ သူ အာ႐ုံေထြျပားေနပုံပါပဲ။

ကိုယ့္ကလပ္ကေန ထြက္ခြာလိုေနတာပဲျဖစ္ျဖစ္၊ တျခားအသင္းနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥေဆြးေႏြးေနတာပဲျဖစ္ျဖစ္ အဲဒီအေၾကာင္းအရာေတြက ကစားသမားတစ္ဦးရဲ႕ေျခစြမ္းကို ထိခိုက္ေစႏိုင္တဲ့အေၾကာင္းေတြပဲျဖစ္ပါတယ္။ ေနာက္ၿပီး ဟယ္ရီကိန္းဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္တဲ့ပုံမရွိဘဲ ေျပးလႊားတဲ့အခါမ်ိဳးမွာ အင္တိုက္အားတိုက္မရွိပါဘူး။ အဂၤလန္လိုအသင္းမ်ိဳးဟာ ဒီလိုၿပိဳင္ပြဲႀကီးတစ္ခုယွဥ္ၿပိဳင္ရတဲ့အခါ အသင္းရဲ႕အဓိက ကစားသမားက ေျခစြမ္းျပကစားႏိုင္ဖို႔လိုပါတယ္။ စီေရာ္နယ္လ္ဒို၊ ဒီဘ႐ိုင္းနား၊ လူကာကူတို႔ဟာ ကိုယ့္ႏိုင္ငံအသင္းအတြက္ ေျခစြမ္းျပကစားေနခ်ိန္မွာ ဟယ္ရီကိန္းကေတာ့ အေကာင္းဆုံးပုံစံျပန္မရေသးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။