သူတစ်ယောက်တည်းနဲ့ အသင်းကို တည်ဆောက်လို့မရဘူးလို့ ဘရူနိုသုံးသပ်

ပေါ်တူဂီအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က စီရော်နယ်လ်ဒိုဟာ အသင်းအပေါ် လွှမ်းမိုးမှုအရှိဆုံးကစားသမားတစ်ဦးဖြစ်ပေမယ့် သူတစ်ယောက်တည်းနဲ့ အသင်းကို တည်ဆောက်လို့မရဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ဟန်ဂေရီကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဖြစ်ဖို့ နီးစပ်နေပါပြီ။ ပေါ်တူဂီအသင်းဟာ ယူရိုလက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့နဲ့ စပိန်အသင်းနောက်ပိုင်း ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့အတွက် ပစ်မှတ်ထားနေပြီး ဘရူနိုကတော့ အဲဒီရည်မှန်းချက်က အသင်းလိုက်ခြေစွမ်းကောင်းမှသာဖြစ်နိုင်မယ်လို့ သုံးသပ်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က “စီရော်နယ်လ်ဒိုဟာ အသင်းပေါ်မှာ အမြဲတမ်းလွှမ်းမိုးထားနိုင်တဲ့ကစားသမားတစ်ဦးပါ။ သူဟာ ပွဲတိုင်းအကောင်းဆုံးကစားနိုင်ဖို့၊ ပွဲအလှည့်အပြောင်းတွေကို ဖန်တီးပေးနိုင်ဖို့ ဆန္ဒပြင်းပြတဲ့သူတစ်ဦလည်းဖြစ်ပါတယ်။ ဟန်ဂေရီနဲ့ပွဲတုန်းကလည်း အရေးကြီးတဲ့နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ အရည်အချင်းနဲ့ ဂိုးသွင်းစွမ်းရည်ကို လူတိုင်းသိပြီးသားပါ။

ဒါပေမဲ့ အသင်းအတွက်အရေးပါဆုံးက အသင်းလိုက်ညီညီညွတ်ညွတ်နဲ့ ကစားနိုင်ဖို့ပါပဲ။ အဲဒါကြောင့် စီရော်နယ်လ်ဒိုကလည်း ကစားသမားတစ်ယောက်ချင်းစီဟာ ကိုယ့်အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ကို တိုက်တွန်းပြောဆိုခဲ့ပြီးသားဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တုန်းက အသင်းလိုက်စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ချန်ပီယံဖြစ်ခဲ့ပြီး ဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒို ဒဏ်ရာကြောင့် ပထမပိုင်းမိနစ်(၃၀)လောက်ကတည်းက လူစားလဲခံခဲ့ရပေမယ့် ကျန်တဲ့ကစားသမားတွေရဲ့စုစည်းမှုကြောင့် ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

သူတစ္ေယာက္တည္းနဲ႔ အသင္းကို တည္ေဆာက္လို႔မရဘူးလို႔ ဘ႐ူႏိုသုံးသပ္

ေပၚတူဂီအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က စီေရာ္နယ္လ္ဒိုဟာ အသင္းအေပၚ လႊမ္းမိုးမႈအရွိဆုံးကစားသမားတစ္ဦးျဖစ္ေပမယ့္ သူတစ္ေယာက္တည္းနဲ႔ အသင္းကို တည္ေဆာက္လို႔မရဘူးလို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုဟာ ဟန္ေဂရီကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ အသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့သလို ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးျဖစ္ဖို႔ နီးစပ္ေနပါၿပီ။ ေပၚတူဂီအသင္းဟာ ယူ႐ိုလက္ရွိခ်န္ပီယံဘြဲ႕ကာကြယ္ဖို႔နဲ႔ စပိန္အသင္းေနာက္ပိုင္း ယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ ခ်န္ပီယံျဖစ္ဖို႔အတြက္ ပစ္မွတ္ထားေနၿပီး ဘ႐ူႏိုကေတာ့ အဲဒီရည္မွန္းခ်က္က အသင္းလိုက္ေျခစြမ္းေကာင္းမွသာျဖစ္ႏိုင္မယ္လို႔ သုံးသပ္ခဲ့တာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္က “စီေရာ္နယ္လ္ဒိုဟာ အသင္းေပၚမွာ အၿမဲတမ္းလႊမ္းမိုးထားႏိုင္တဲ့ကစားသမားတစ္ဦးပါ။ သူဟာ ပြဲတိုင္းအေကာင္းဆုံးကစားႏိုင္ဖို႔၊ ပြဲအလွည့္အေျပာင္းေတြကို ဖန္တီးေပးႏိုင္ဖို႔ ဆႏၵျပင္းျပတဲ့သူတစ္ဦလည္းျဖစ္ပါတယ္။ ဟန္ေဂရီနဲ႔ပြဲတုန္းကလည္း အေရးႀကီးတဲ့ႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုရဲ႕ အရည္အခ်င္းနဲ႔ ဂိုးသြင္းစြမ္းရည္ကို လူတိုင္းသိၿပီးသားပါ။

ဒါေပမဲ့ အသင္းအတြက္အေရးပါဆုံးက အသင္းလိုက္ညီညီၫြတ္ၫြတ္နဲ႔ ကစားႏိုင္ဖို႔ပါပဲ။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုကလည္း ကစားသမားတစ္ေယာက္ခ်င္းစီဟာ ကိုယ့္အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ဖို႔ကို တိုက္တြန္းေျပာဆိုခဲ့ၿပီးသားျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တုန္းက အသင္းလိုက္စြမ္းေဆာင္ရည္ေကာင္းမြန္မႈေၾကာင့္ ခ်န္ပီယံျဖစ္ခဲ့ၿပီး ဗိုလ္လုပြဲမွာ စီေရာ္နယ္လ္ဒို ဒဏ္ရာေၾကာင့္ ပထမပိုင္းမိနစ္(၃၀)ေလာက္ကတည္းက လူစားလဲခံခဲ့ရေပမယ့္ က်န္တဲ့ကစားသမားေတြရဲ႕စုစည္းမႈေၾကာင့္ ခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။