မက်ဆီက တိုက်စစ်မှူးလား..? ၊ ဂိုးဖန်တီးရှင်လား…?

ဒီနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိက ပွဲစဉ် ၂ပွဲမှာ ပရီသတ်တွေ စိတ်ဝင်စားမှုများခဲ့တဲ့ အာဂျင်တီးနားးနဲ့ ဥရုဂွေးတို့ရဲ့ အုပ်စု ပွဲစဉ်မှာ အာဂျင်တီးနား အသင်းက ဥရုဂွေး အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အာဂျင်တီးနား အသင်း ရရှိခဲ့တဲ့ အနိုင်ဂိုးကို မက်ဆီ ရဲ့ဖန်တီးပေးမှုကနေ ရိုဒရီဂွတ်စ် က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ အာဂျင်တီးနား အသင်းဟာ ချီလီအသင်းနဲ့ သရေကျခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့တာကြောင့် (၂)ပွဲကစား(၄)မှတ်ရရှိနေခဲ့ပါတယ်။

ချီလီကလည်း မနက်ကပွဲမှာ ဘိုလီဗီးယားအသင်းကို (၁-ဝ)နဲ့အနိုင်ရခဲ့တာကြောင့် သူတို့အသင်းနှစ်သင်းဟာ အခုအချိန်မှာ ရမှတ်တူ ဂိုးကွာခြားချက်အတူနဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးကရပ်တည်နေကြပြီး H2H အရ မက်ဆီက ချီလီအသင်းကို ဦးဆောင်ဂိုးသွင်းယူထားခဲ့နိုင်တာကြောင့် အမှတ်ပေးဇယားမှာ အာဂျင်တီးနားက ပထမနေရာကို ဦးဆောင်ခွင့်ရရှိထားပါတယ်။

ဒီနေ့ပွဲမှာ အာဂျင်တီးနား အသင်းဟာ အဂူရို၊ ဒီမာရီယာ၊ ကော်ရီရာ တို့ကို အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုခဲ့ပြီး ဥရုဂွေး အသင်းကတော့ သူတို့ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ်၊ကာဗာနီ၊ဗယ်လ်‌ဗာဒီ၊ဂိုဒင် တို့နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ ခြေစွမ်းဟာကွာဟမှု အများကြီး မရှိပေမယ့် မက်ဆီ ရှိနေခြင်းက အာဂျင်တီးနားအသင်းကို တပန်းသာစေခဲ့တာပါ။ ဒီပွဲစဉ်မှာ မက်ဆီဟာ သွင်းဂိုး သွင်းယူနိုင်ခြင်း မရှိပေမယ့် ပွဲချိန်(၁၃)မိနစ်မှာ ရိုဒရီဂွက်စ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကို သူက ဘယ်တောင်ပံကနေ ဖြတ်တင်ဘောနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်း အနေနဲ့ အုပ်စုတွင်းမှာ အခက်ခဲဆုံး ပြိုင်ဘက်တွေ ဖြစ်တဲ့ ချီလီအသင်းနဲ့ ဥရုဂွေးအသင်းတို့ကို ရင်ဆိုင် ကစားပြီးပြီ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်တွေဟာ သူတို့အသင်းအတွက် ဥရုဂွေး အသင်းဟာ ကာဗာနီ၊ ဆွာရက်ဇ်တို့ပါဝင်ပေမယ့် အာဂျင်တီးနား အသင်းရဲ့ဂိုးပေါက်ကိုတော့ တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ အာဂျင်တီးနား အသင်းဟာ ဂိုးပေါက်ထိရောက်မှု (၆)ကြိမ်ရှိခဲ့ပေမယ့် ဥရုဂွေး ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မက်ဆီ ဟာ ကိုပါအမေရိက(၂)ပွဲလုံးမှာ (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးနိုင်ခဲ့ပြီး အာဂျင်တီးနား အတွက် ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသထားပါတယ်။ သူဟာ ဒီ(၂)ပွဲလုံးရဲ့အကောင်းဆုံးကစားသမားဆုကို ရယူထားနိုင်သူလည်း ဖြစ်လာပါတယ်။ အုပ်စုလက်ကျန်ပွဲစဉ်တွေမှာက ပါရာဂွေးအသင်း၊ ဘိုလီးဗီးယားအသင်းတို့နဲ့ ကစားရမှာဖြစ်တာကြောင့် အာဂျင်တီးနား အသင်းအတွက်က ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ့် အုပ်စုပွဲစဉ်တွေက ပြီးဆုံးခဲ့ပြီလို့ဆိုနိုင်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးနဲ့ ဆုဖလားကိုင်မြှောက်လိုနေတဲ့ မက်ဆီအတွက်တော့ ဒီပြိုင်ပွဲဟာ သူ့ရဲ့ ဆန္ဒတွေကို ဖြည့်စည်းနိုင်တော့မလားဆိုတာ…

zawgyi

မက္ဆီက တိုက္စစ္မႉးလား..? ၊ ဂိုးဖန္တီးရွင္လား…?

ဒီေန႔မနက္မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ကိုပါအေမရိက ပြဲစဥ္ ၂ပြဲမွာ ပရီသတ္ေတြ စိတ္ဝင္စားမႈမ်ားခဲ့တဲ့ အာဂ်င္တီးနားးနဲ႔ ဥ႐ုေဂြးတို႔ရဲ႕ အုပ္စု ပြဲစဥ္မွာ အာဂ်င္တီးနား အသင္းက ဥ႐ုေဂြး အသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

အာဂ်င္တီးနား အသင္း ရရွိခဲ့တဲ့ အႏိုင္ဂိုးကို မက္ဆီ ရဲ႕ဖန္တီးေပးမႈကေန ႐ိုဒရီဂြတ္စ္ က သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဖြင့္ပြဲစဥ္မွာ အာဂ်င္တီးနား အသင္းဟာ ခ်ီလီအသင္းနဲ႔ သေရက်ခဲ့ေပမယ့္ ဒီပြဲအႏိုင္ရခဲ့တာေၾကာင့္ (၂)ပြဲကစား(၄)မွတ္ရရွိေနခဲ့ပါတယ္။

ခ်ီလီကလည္း မနက္ကပြဲမွာ ဘိုလီဗီးယားအသင္းကို (၁-ဝ)နဲ႔အႏိုင္ရခဲ့တာေၾကာင့္ သူတို႔အသင္းႏွစ္သင္းဟာ အခုအခ်ိန္မွာ ရမွတ္တူ ဂိုးကြာျခားခ်က္အတူနဲ႔ အမွတ္ေပးဇယားမွာ ထိပ္ဆုံးကရပ္တည္ေနၾကၿပီး H2H အရ မက္ဆီက ခ်ီလီအသင္းကို ဦးေဆာင္ဂိုးသြင္းယူထားခဲ့ႏိုင္တာေၾကာင့္ အမွတ္ေပးဇယားမွာ အာဂ်င္တီးနားက ပထမေနရာကို ဦးေဆာင္ခြင့္ရရွိထားပါတယ္။

ဒီေန႔ပြဲမွာ အာဂ်င္တီးနား အသင္းဟာ အဂူ႐ို၊ ဒီမာရီယာ၊ ေကာ္ရီရာ တို႔ကို အရန္ကစားသမားအျဖစ္နဲ႔သာ အသုံးျပဳခဲ့ၿပီး ဥ႐ုေဂြး အသင္းကေတာ့ သူတို႔ရဲ႕အဓိက ကစားသမားေတြျဖစ္တဲ့ ဆြာရက္ဇ္၊ကာဗာနီ၊ဗယ္လ္‌ဗာဒီ၊ဂိုဒင္ တို႔နဲ႔ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္သင္းရဲ႕ ေျခစြမ္းဟာကြာဟမႈ အမ်ားႀကီး မရွိေပမယ့္ မက္ဆီ ရွိေနျခင္းက အာဂ်င္တီးနားအသင္းကို တပန္းသာေစခဲ့တာပါ။ ဒီပြဲစဥ္မွာ မက္ဆီဟာ သြင္းဂိုး သြင္းယူႏိုင္ျခင္း မရွိေပမယ့္ ပြဲခ်ိန္(၁၃)မိနစ္မွာ ႐ိုဒရီဂြက္စ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးကို သူက ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာနဲ႔ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္း အေနနဲ႔ အုပ္စုတြင္းမွာ အခက္ခဲဆုံး ၿပိဳင္ဘက္ေတြ ျဖစ္တဲ့ ခ်ီလီအသင္းနဲ႔ ဥ႐ုေဂြးအသင္းတို႔ကို ရင္ဆိုင္ ကစားၿပီးၿပီ ျဖစ္တာေၾကာင့္ လက္က်န္ပြဲစဥ္ေတြဟာ သူတို႔အသင္းအတြက္ ဥ႐ုေဂြး အသင္းဟာ ကာဗာနီ၊ ဆြာရက္ဇ္တို႔ပါဝင္ေပမယ့္ အာဂ်င္တီးနား အသင္းရဲ႕ဂိုးေပါက္ကိုေတာ့ တစ္ႀကိမ္မွ မၿခိမ္းေျခာက္ႏိုင္ခဲ့ပါဘူး။ အာဂ်င္တီးနား အသင္းဟာ ဂိုးေပါက္ထိေရာက္မႈ (၆)ႀကိမ္ရွိခဲ့ေပမယ့္ ဥ႐ုေဂြး ဂိုးသမား လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ သာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ကိုပါအေမရိက(၂)ပြဲလုံးမွာ (၁)ဂိုးသြင္း (၁)ဂိုးဖန္တီးႏိုင္ခဲ့ၿပီး အာဂ်င္တီးနား အတြက္ ေကာင္းမြန္တဲ့ ေျခစြမ္းကို ျပသထားပါတယ္။ သူဟာ ဒီ(၂)ပြဲလုံးရဲ႕အေကာင္းဆုံးကစားသမားဆုကို ရယူထားႏိုင္သူလည္း ျဖစ္လာပါတယ္။ အုပ္စုလက္က်န္ပြဲစဥ္ေတြမွာက ပါရာေဂြးအသင္း၊ ဘိုလီးဗီးယားအသင္းတို႔နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အာဂ်င္တီးနား အသင္းအတြက္က ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရမယ့္ အုပ္စုပြဲစဥ္ေတြက ၿပီးဆုံးခဲ့ၿပီလို႔ဆိုႏိုင္ပါတယ္။ အာဂ်င္တီးနား လက္ေ႐ြးစင္ အသင္းႀကီးနဲ႔ ဆုဖလားကိုင္ေျမႇာက္လိုေနတဲ့ မက္ဆီအတြက္ေတာ့ ဒီၿပိဳင္ပြဲဟာ သူ႔ရဲ႕ ဆႏၵေတြကို ျဖည့္စည္းႏိုင္ေတာ့မလားဆိုတာ…