ဖာနန်ဒက်စ်က ရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းမဆန်တဲ့သူ ဖြစ်ကြောင်း ပြော

ရော်နယ်ဒိုဟာ ဟန်ဂေရီကို ၃ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ဂိုးသွင်းကာ ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ယနေ့ညမှာ ဒိုလေးတို့ ဂျာမနီအသင်းကို အနိုင်ရရင်တော့ ပေါ်တူဂီဟာ ရှုံးထွက်အဆင့်ကို တက်ရောက်သွားမှာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ကတော့ လက်ရွေးစင် အသင်းဖော် ဖြစ်သူ ရော်နယ်ဒိုဟာ အများထင်သလို တကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုး မဟုတ်ဘဲ အသင်းဖော်တွေ စည်းလုံးလာအောင် ပြုလုပ်ပေးနိုင်သူ ဖြစ်ကြောင်း ပြောထားပါတယ်။ ဖာနန်ဒက်စ်က” ရော်နယ်ဒိုဟာ ပွဲတစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ။ သူက ဟန်ဂေရီနဲ့ပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒါက နိုင်ပွဲအတွက် အရေးပါခဲ့ပါတယ်။

ရော်နယ်ဒို ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အောင်ပွဲတွေ ရဖို့ အဓိက အရေးအကြီးဆုံးအရာဟာ တစ်သင်းလုံး ဆိုတဲ့စကားပါပဲ။ အသင်းသားတိုင်းက တခြားလူတွေကို ကူညီဖို့နဲ့ ကိုယ့်ရဲ့နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။”

“ဒါကြောင့်ပဲ သူကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေသူပါ။ သူ ဘယ်လောက်အထိ ကောင်းလဲ ဆိုတာ ကျွန်တော်တို့ရော၊ ပရိသတ်တွေ အားလုံးက သိပြီးသားပါ” ဆိုပြီး ပြောပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ Followers သန်း ၃၀၀ ပြည့်သွားခဲ့ပြီး အင်စတာဂရမ်ပေါ်မှာ Followers သန်း ၃၀၀ ပြည့်တဲ့ ပထမဦးဆုံး လူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

zawgyi

ဖာနန္ဒက္စ္က ေရာ္နယ္ဒိုဟာ တစ္ကိုယ္ေကာင္းမဆန္တဲ့သူ ျဖစ္ေၾကာင္း ေျပာ

ေရာ္နယ္ဒိုဟာ ဟန္ေဂရီကို ၃ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ၂ဂိုးသြင္းကာ ဥေရာပၿပိဳင္ပြဲေတြမွာ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။ယေန႔ညမွာ ဒိုေလးတို႔ ဂ်ာမနီအသင္းကို အႏိုင္ရရင္ေတာ့ ေပၚတူဂီဟာ ရႈံးထြက္အဆင့္ကို တက္ေရာက္သြားမွာ ျဖစ္ပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္အသင္းရဲ႕ အဓိက ကြင္းလယ္လူ တစ္ဦး ျဖစ္သူ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ လက္ေ႐ြးစင္ အသင္းေဖာ္ ျဖစ္သူ ေရာ္နယ္ဒိုဟာ အမ်ားထင္သလို တကိုယ္ေကာင္းဆန္တဲ့ ကစားသမားမ်ိဳး မဟုတ္ဘဲ အသင္းေဖာ္ေတြ စည္းလုံးလာေအာင္ ျပဳလုပ္ေပးႏိုင္သူ ျဖစ္ေၾကာင္း ေျပာထားပါတယ္။ ဖာနန္ဒက္စ္က” ေရာ္နယ္ဒိုဟာ ပြဲတစ္ပြဲကို အဆုံးအျဖတ္ ေပးႏိုင္တဲ့ ကစားသမား တစ္ဦးပါ။ သူက ဟန္ေဂရီနဲ႔ပြဲမွာ ႏွစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး အဲဒါက ႏိုင္ပြဲအတြက္ အေရးပါခဲ့ပါတယ္။ ေရာ္နယ္ဒို ေျပာေလ့ရွိတဲ့ စကားတစ္ခြန္းရွိပါတယ္။ ေအာင္ပြဲေတြ ရဖို႔ အဓိက အေရးအႀကီးဆုံးအရာဟာ တစ္သင္းလုံး ဆိုတဲ့စကားပါပဲ။ အသင္းသားတိုင္းက တျခားလူေတြကို ကူညီဖို႔နဲ႔ ကိုယ့္ရဲ႕ႏိုင္ငံ အတြက္ အေကာင္းဆုံး ႀကိဳးစားဖို႔ လိုပါတယ္။”

“ဒါေၾကာင့္ပဲ သူကလည္း အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားေနသူပါ။ သူ ဘယ္ေလာက္အထိ ေကာင္းလဲ ဆိုတာ ကြၽန္ေတာ္တို႔ေရာ၊ ပရိသတ္ေတြ အားလုံးက သိၿပီးသားပါ” ဆိုၿပီး ေျပာပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ Followers သန္း ၃၀၀ ျပည့္သြားခဲ့ၿပီး အင္စတာဂရမ္ေပၚမွာ Followers သန္း ၃၀၀ ျပည့္တဲ့ ပထမဦးဆုံး လူပုဂၢိဳလ္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါၿပီ။