ပေါ့ဘာရဲ့ အနာဂတ်အတွက် ပီအက်စ်ဂျီအသင်းနဲ့ ရွိုင်းအိုလာ တွေ့ဆုံ

စူပါ အေးဂျင့် မီနို ရွိုင်းအိုလာဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ပေါလ် ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပဲရစ် စိန့် ဂျာမိန်း ဥက္ကဌ Nasser Al Khelaifi နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင်ရဲ့ အိုးထရတ်ဖို့ဒ်စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ကို ‌ရောက်ရှိလာပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ယူနိုက်တက် နှင့် ရွိုင်းအိုလာတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ပေါ့ဘာဟာ အိုလေ ဂန်းနား ဆိုးရှားရဲ့ လက်အောက်မှာ အရေးကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေပြီး ( ၂၀၂၀ /၂၁ ) ရာသီမှာ ပြိုင်ပွဲစုံ ( ၄၂ ) ပွဲ ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အေးဂျင့်က ကွင်းလယ်ကစားသမားဟာ အသင်းပြောင်းရွေ့ဖို့ ဆန္ဒရှိနေတယ်လို့ ပြောဆိုထားပြီး ဂျူဗင်တပ်အသင်းထံ ပြန်လည်ရောက်ရှိဖို့ အလားအလာကောင်းနေပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာလည်း ပေါ့ဘာကို ခေါ်ယူနိုင်ဖွယ်ရှိတဲ့ အသင်းအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အသက် ( ၂၈ ) နှစ်အရွယ် ကစားသမားဟာ ( ၂၀၁၈ ) ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ အဓိက ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိ ( ၂၀၂၀ ) ယူရို ပြိုင်ပွဲမှာလည်း ခြေစွမ်းပြကစားလျက်ရှိပါတယ်။

ပြင်သစ်က ဂျာမနီကို အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်း မတ် ဟမ်းမဲရဲ့ own goal ရရှိစေဖို့ ကစားပုံတည်ဆောက်ရမှာ အဓိကပေးပို့မှုပြုလုပ်နိုင်ခဲ့ပါတယ်။

zawgyi

ေပါ့ဘာရဲ႕ အနာဂတ္အတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ ႐ြိဳင္းအိုလာ ေတြ႕ဆုံ

စူပါ ေအးဂ်င့္ မီႏို ႐ြိဳင္းအိုလာဟာ မန္ခ်က္စတာ ယူႏိုက္တက္ ၾကယ္ပြင့္ ေပါလ္ ေပါ့ဘာရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ပဲရစ္ စိန႔္ ဂ်ာမိန္း ဥကၠဌ Nasser Al Khelaifi နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ရဲ႕ အိုးထရတ္ဖို႔ဒ္စာခ်ဳပ္သက္တမ္းက ေနာက္ဆုံးႏွစ္ကို ‌ေရာက္ရွိလာၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ယူႏိုက္တက္ ႏွင့္ ႐ြိဳင္းအိုလာတို႔ၾကား ေဆြးေႏြးမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

ေပါ့ဘာဟာ အိုေလ ဂန္းနား ဆိုးရွားရဲ႕ လက္ေအာက္မွာ အေရးႀကီးတဲ့ ကစားသမားတစ္ဦးအျဖစ္ ရွိေနၿပီး ( ၂၀၂၀ /၂၁ ) ရာသီမွာ ၿပိဳင္ပြဲစုံ ( ၄၂ ) ပြဲ ကစားေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ေအးဂ်င့္က ကြင္းလယ္ကစားသမားဟာ အသင္းေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိေနတယ္လို႔ ေျပာဆိုထားၿပီး ဂ်ဴဗင္တပ္အသင္းထံ ျပန္လည္ေရာက္ရွိဖို႔ အလားအလာေကာင္းေနပါတယ္။

လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္းဟာလည္း ေပါ့ဘာကို ေခၚယူႏိုင္ဖြယ္ရွိတဲ့ အသင္းအျဖစ္ ေပၚထြက္လာခဲ့ပါတယ္။ အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ( ၂၀၁၈ ) ကမာၻ႔ဖလားခ်န္ပီယံအသင္းမွာ အဓိက ကစားသမားအေနနဲ႔ ပါဝင္ခဲ့ၿပီး လက္ရွိ ( ၂၀၂၀ ) ယူ႐ို ၿပိဳင္ပြဲမွာလည္း ေျခစြမ္းျပကစားလ်က္ရွိပါတယ္။

ျပင္သစ္က ဂ်ာမနီကို အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္အတြင္း မတ္ ဟမ္းမဲရဲ႕ own goal ရရွိေစဖို႔ ကစားပုံတည္ေဆာက္ရမွာ အဓိကေပးပို႔မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။