စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ပတ်သက်လို့ အင်္ဂလန်အသင်းအား မော်ရင်ညိုရဲ့သုံးသပ်ချက်

ရိုးမားအသင်းနည်းပြ မော်ရင်ညိုက စကော့တလန်နဲ့မှာ အင်္ဂလန်အသင်း ခြေစွမ်းဆိုးရွားခဲ့ခြင်းရဲ့အဓိကအချက်က ရှုံးမှာကြောက်တဲ့ နည်းပြဆောက်ဂိတ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်လာပါတယ်။ ဒါ့အပြင် ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ စပါးနည်းပြဟောင်း မော်ရင်ညိုက ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ အဲဒီပွဲမှာ အင်္ဂလန်အသင်းသားတွေရဲ့ နိုင်လိုစိတ်ကင်းမဲ့မှုကိုလည်း ဝေဖန်သွားပါတယ်။

အင်္ဂလန်ဟာ အုပ်စုအဖွင့်ပွဲမှာ ကမ္ဘာ့ဖလားဒုတိယဆုရှင် ခရိုအေးရှားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ချက်အသင်းရဲ့ဂိုးပြတ်အနိုင်ယူခံထားရတဲ့ စကော့တလန်နဲ့ပွဲမှာအနိုင်ရဖို့ သိသိသာသာရေပန်းစားခဲ့ပါတယ်။

ဒါပေမဲ့ တကယ်ပွဲကစားတော့ စကော့တလန်က ကစားပုံပိုကောင်းခဲ့ပြီး အင်္ဂလန်တိုက်စစ်ကို ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂိုသမားပစ်ဖို့ဒ်ကိုလည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ စကော့တလန်နဲ့ဂိုးမရှိသရေကျခဲ့ပြီးနောက် ၂ပွဲကစား ရမှတ် ၄ မှတ်နဲ့ ၁၆သင်းအဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေးများနေပေမယ့် ပရိသတ်တွေကတော့ အသင်းရဲ့ကစားပုံအပေါ် စိတ်ပျက်နေပါတယ်။

မော်ရင်ညိုကလည်း ဒုတိယပိုင်းမှာ ကယ်လ်ဗင်ဖီးလစ်နေရာ အပြောင်းအလဲမလုပ်တာ ကြည့်ရင် ဆောက်ဂိတ်ရဲ့အကြောက်တရားကို တွေ့မြင်နိုင်ကြောင်း၊ ရှုံးမှာကြောက်တဲ့ ဆောက်ဂိတ်ရဲ့စိတ်ကြောင့်ပဲ အင်္ဂလန်အသင်း အနိုင်မရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

”အင်္ဂလန်အသင်းဘက်က အနိုင်ရဖို့ ဘာစွန့်စားမှု၊ ဘာအရဲစွန့်မှုမှ မရှိခဲ့ပါဘူး” ”တကယ်လို့ အင်္ဂလန်သာ စကော့တလန်ကို မဖြစ်မနေအနိုင်ကစားရမယ်ဆိုရင် ဒုတိယပိုင်း မိနစ် ၆၀လောက်မှာ ဖီးလစ်အစား တိုက်စစ်အားသန်ကွင်းလယ်လူတစ်ဦး အစားထိုးမှာပါ”
”အခုတော့ ဆောက်ဂိတ်ရဲ့ ရှုံးမှာကြောက်တဲ့စိတ်ကြောင့်ပဲ အင်္ဂလန်အသင်း နိုင်ပွဲပျောက်ခဲ့ရတာပါ”လို့ မော်ရင်ညိုက ပြောပါတယ်။

zawgyi

စိတ္ပ်က္ဖြယ္ ေျခစြမ္းနဲ႔ပတ္သက္လို႔ အဂၤလန္အသင္းအား ေမာ္ရင္ညိဳရဲ့သုံးသပ္ခ်က္

႐ိုးမားအသင္းနည္းျပ ေမာ္ရင္ညိဳက စေကာ့တလန္နဲ႔မွာ အဂၤလန္အသင္း ေျခစြမ္းဆိုး႐ြားခဲ့ျခင္းရဲ႕အဓိကအခ်က္က ရႈံးမွာေၾကာက္တဲ့ နည္းျပေဆာက္ဂိတ္ေၾကာင့္ျဖစ္တယ္လို႔ သုံးသပ္လာပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီး၊ ယူႏိုက္တက္နဲ႔ စပါးနည္းျပေဟာင္း ေမာ္ရင္ညိဳက ဝင္ဘေလကြင္းမွာကစားခဲ့တဲ့ အဲဒီပြဲမွာ အဂၤလန္အသင္းသားေတြရဲ႕ ႏိုင္လိုစိတ္ကင္းမဲ့မႈကိုလည္း ေဝဖန္သြားပါတယ္။
အဂၤလန္ဟာ အုပ္စုအဖြင့္ပြဲမွာ ကမာၻ႔ဖလားဒုတိယဆုရွင္ ခ႐ိုေအးရွားကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ခ်က္အသင္းရဲ႕ဂိုးျပတ္အႏိုင္ယူခံထားရတဲ့ စေကာ့တလန္နဲ႔ပြဲမွာအႏိုင္ရဖို႔ သိသိသာသာေရပန္းစားခဲ့ပါတယ္။
ဒါေပမဲ့ တကယ္ပြဲကစားေတာ့ စေကာ့တလန္က ကစားပုံပိုေကာင္းခဲ့ၿပီး အဂၤလန္တိုက္စစ္ကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့သလို ဂိုသမားပစ္ဖို႔ဒ္ကိုလည္း ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။
အဂၤလန္ဟာ စေကာ့တလန္နဲ႔ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ၂ပြဲကစား ရမွတ္ ၄ မွတ္နဲ႔ ၁၆သင္းအဆင့္တက္ေရာက္ႏိုင္ဖို႔ အခြင့္အေရးမ်ားေနေပမယ့္ ပရိသတ္ေတြကေတာ့ အသင္းရဲ႕ကစားပုံအေပၚ စိတ္ပ်က္ေနပါတယ္။

ေမာ္ရင္ညိဳကလည္း ဒုတိယပိုင္းမွာ ကယ္လ္ဗင္ဖီးလစ္ေနရာ အေျပာင္းအလဲမလုပ္တာ ၾကည့္ရင္ ေဆာက္ဂိတ္ရဲ႕အေၾကာက္တရားကို ေတြ႕ျမင္ႏိုင္ေၾကာင္း၊ ရႈံးမွာေၾကာက္တဲ့ ေဆာက္ဂိတ္ရဲ႕စိတ္ေၾကာင့္ပဲ အဂၤလန္အသင္း အႏိုင္မရခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။
”အဂၤလန္အသင္းဘက္က အႏိုင္ရဖို႔ ဘာစြန႔္စားမႈ၊ ဘာအရဲစြန႔္မႈမွ မရွိခဲ့ပါဘူး”
”တကယ္လို႔ အဂၤလန္သာ စေကာ့တလန္ကို မျဖစ္မေနအႏိုင္ကစားရမယ္ဆိုရင္ ဒုတိယပိုင္း မိနစ္ ၆၀ေလာက္မွာ ဖီးလစ္အစား တိုက္စစ္အားသန္ကြင္းလယ္လူတစ္ဦး အစားထိုးမွာပါ”
”အခုေတာ့ ေဆာက္ဂိတ္ရဲ႕ ရႈံးမွာေၾကာက္တဲ့စိတ္ေၾကာင့္ပဲ အဂၤလန္အသင္း ႏိုင္ပြဲေပ်ာက္ခဲ့ရတာပါ”လို႔ ေမာ္ရင္ညိဳက ေျပာပါတယ္။