ဂျာမနီအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲတိုင်း ဂိုးမသွင်းနိုင်သေးတဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ ယူရို-၂၀၀၄ အုပ်စုပွဲစဉ် ဂရိနဲ့ကစားခဲ့တဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့ပြီးကတည်းက အခုအချိန်အထိ ရပ်တန့်လို့မရတဲ့ခြေစွမ်းမျိုးပြသနေပြီး စုစုပေါင်း(၁၀၆)ဂိုးအထိသွင်းယူခဲ့ပြီးပါပြီ။ စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်(၄၂)သင်းကို ဂိုးသွင်းယူခဲ့ပြီး သူဂိုးအများဆုံးသွင်းယူခဲ့တာက လစ်သူယေးနီးယားနဲ့ဆွီဒင်(၇ဂိုးစီ)အသင်းတို့ဖြစ်ပါတယ်။

ယူရိုအုပ်စုအဖွင့်ပွဲအဖြစ် ဟန်ဂေရီကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား (၁၁ဂိုး)အဖြစ် ရပ်တည်နေပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ဂျာမနီအသင်းနဲ့ဆုံတွေ့တဲ့ပွဲတိုင်းမှာ စီရော်နယ်လ်ဒို အခုအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးပါဘူး။

ပေါ်တူဂီအသင်းဟာ ဂျာမနီနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားအုပ်စု၊ ယူရို-၂၀၁၂ အုပ်စု၊ ယူရို-၂၀၀၈ ကွာတားဖိုင်နယ်၊ ၂၀၀၆ ကမ္ဘာ့ဖလားတတိယနေရာလုပွဲအဖြစ် နောက်ဆုံး(၄)ကြိမ်ဆုံတွေ့ခဲ့တာမှာ အဲဒီပွဲတိုင်း စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့သလို ပေါ်တူဂီအသင်းကလည်း (၄)ပွဲစလုံးရှုံးနိမ့်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဂျာမနီနဲ့နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၄)ပွဲမှာ မိနစ်ပေါင်း(၃၆၀)ပါဝင်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု (၂၃)ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်တာကတော့ ဆိုးရွားလွန်းပါတယ်။

စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်သေးတဲ့အသင်းတွေထဲမှာ ဂျာမနီအသင်းအပြင် စပိန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီစတဲ့ ထိပ်သီးအသင်းတွေပါဝင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ယူရိုအုပ်စုအဖွင့်ပွဲတုန်းက ဟန်ဂေရီကို အနိုင်ရခဲ့တာကြောင့် (၃)မှတ်ရရှိထားပေမယ့် ဂျာမနီအသင်းကတော့ သူတို့ကွင်းမှာပဲ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်မရသေးလို့ အခုပွဲမှာ ရလဒ်ကောင်းမှ အုပ်စုကတက်ဖို့ မျှော်လင့်နိုင်မှာပါ။ ပေါ်တူဂီကတော့ ဂျာမနီကို အနိုင်ရခဲ့ရင် အုပ်စုကတက်ပြီဖြစ်တာကြောင့် အခုကစားမယ့်ပွဲမှာ စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့မှတ်တမ်းဆိုးကို ချိုးဖျက်ပြီး ဂျာမနီကို အနိုင်ရအောင် စွမ်းဆောင်နိုင်မလား . . .

ဒါမှမဟုတ် ဂျာမနီအသင်းကပဲ (၁၅)နှစ်အတွင်း ပေါ်တူဂီကို မရှုံးဖူးသေးတဲ့အစဉ်အလာကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

zawgyi

ဂ်ာမနီအသင္းနဲ႔ ဆုံေတြ႕ခဲ့တဲ့ပြဲတိုင္း ဂိုးမသြင္းႏိုင္ေသးတဲ့ စီေရာ္နယ္လ္ဒို

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၀၄ အုပ္စုပြဲစဥ္ ဂရိနဲ႔ကစားခဲ့တဲ့ပြဲမွာ ႏိုင္ငံအသင္းအတြက္ ပထမဆုံးဂိုးသြင္းယူခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ ရပ္တန႔္လို႔မရတဲ့ေျခစြမ္းမ်ိဳးျပသေနၿပီး စုစုေပါင္း(၁၀၆)ဂိုးအထိသြင္းယူခဲ့ၿပီးပါၿပီ။ စီေရာ္နယ္လ္ဒိုရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ ၿပိဳင္ဘက္(၄၂)သင္းကို ဂိုးသြင္းယူခဲ့ၿပီး သူဂိုးအမ်ားဆုံးသြင္းယူခဲ့တာက လစ္သူေယးနီးယားနဲ႔ဆြီဒင္(၇ဂိုးစီ)အသင္းတို႔ျဖစ္ပါတယ္။

ယူ႐ိုအုပ္စုအဖြင့္ပြဲအျဖစ္ ဟန္ေဂရီကို (၃)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား (၁၁ဂိုး)အျဖစ္ ရပ္တည္ေနေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ ဂ်ာမနီအသင္းနဲ႔ဆုံေတြ႕တဲ့ပြဲတိုင္းမွာ စီေရာ္နယ္လ္ဒို အခုအခ်ိန္အထိ ဂိုးေပါက္ရွာမေတြ႕ေသးပါဘူး။

ေပၚတူဂီအသင္းဟာ ဂ်ာမနီနဲ႔ ၂၀၁၄ ကမာၻ႔ဖလားအုပ္စု၊ ယူ႐ို-၂၀၁၂ အုပ္စု၊ ယူ႐ို-၂၀၀၈ ကြာတားဖိုင္နယ္၊ ၂၀၀၆ ကမာၻ႔ဖလားတတိယေနရာလုပြဲအျဖစ္ ေနာက္ဆုံး(၄)ႀကိမ္ဆုံေတြ႕ခဲ့တာမွာ အဲဒီပြဲတိုင္း စီေရာ္နယ္လ္ဒို ဂိုးမသြင္းႏိုင္ခဲ့သလို ေပၚတူဂီအသင္းကလည္း (၄)ပြဲစလုံးရႈံးနိမ့္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ာမနီနဲ႔ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ (၄)ပြဲမွာ မိနစ္ေပါင္း(၃၆၀)ပါဝင္ကစားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ (၂၃)ႀကိမ္အထိျပဳလုပ္ခဲ့ေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္တာကေတာ့ ဆိုး႐ြားလြန္းပါတယ္။

စီေရာ္နယ္လ္ဒို ဂိုးမသြင္းႏိုင္ေသးတဲ့အသင္းေတြထဲမွာ ဂ်ာမနီအသင္းအျပင္ စပိန္၊ အဂၤလန္၊ ျပင္သစ္၊ အီတလီစတဲ့ ထိပ္သီးအသင္းေတြပါဝင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ယူ႐ိုအုပ္စုအဖြင့္ပြဲတုန္းက ဟန္ေဂရီကို အႏိုင္ရခဲ့တာေၾကာင့္ (၃)မွတ္ရရွိထားေပမယ့္ ဂ်ာမနီအသင္းကေတာ့ သူတို႔ကြင္းမွာပဲ ျပင္သစ္ကို ရႈံးနိမ့္ခဲ့တဲ့အတြက္ အမွတ္မရေသးလို႔ အခုပြဲမွာ ရလဒ္ေကာင္းမွ အုပ္စုကတက္ဖို႔ ေမွ်ာ္လင့္ႏိုင္မွာပါ။ ေပၚတူဂီကေတာ့ ဂ်ာမနီကို အႏိုင္ရခဲ့ရင္ အုပ္စုကတက္ၿပီျဖစ္တာေၾကာင့္ အခုကစားမယ့္ပြဲမွာ စီေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ၿပီး ဂ်ာမနီကို အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္မလား . . .

ဒါမွမဟုတ္ ဂ်ာမနီအသင္းကပဲ (၁၅)ႏွစ္အတြင္း ေပၚတူဂီကို မရႈံးဖူးေသးတဲ့အစဥ္အလာေကာင္းကို ဆက္ထိန္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။