သူ့ရဲ့မှော်စွမ်းဆောင်ရည်ကို ပြသသွားခဲ့တဲ့ နေမာ

ဘရာဇီးလက်ရွေးစင်အသင်း တိုက်စစ်ကစားသမား နေမာဟာ ပီရူးအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာပရိသတ်တွေကို အံအားသင့်သွားစေနိုင်ခဲ့တဲ့ သူ့ရဲ့မှော်စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ဘရာဇီးလ် အသင်းက ပီရူးအသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာ ပီရူးကို ဂိုးပြတ် အနိုင်ယူကာ အုပ်စုBဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ရှင်အသင်းဟာ ရီယိုဒီဂျနေရိုးမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ပွဲချိန် ၁၂မိနစ်မှာတင် အဲလက်စ ဆန်ဒရိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ်ရဲ့ ပေးပို့မှုကနေ အနောက်က ပြေးတက်လာတဲ့ အဲလက်စ် ဆန်ဒရိုက အချိန်ကိုက် ရောက်လာကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

မိနစ်၆၀မှာ ပီရူးနောက်ခံလူ တီပီယာ နေမာကို ဧရိယာထဲ ကစားပုံကြမ်းခဲ့တာကြောင့် ဘရာဇီးတို့ ပင်နယ်တီ ရခဲ့ပေမယ့် VARက ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက် နေမာတစ်ယောက် ဘရာဇီးအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။၈၉မိနစ်မှာ ၃၂နှစ်အရွယ် အဲဗာတန် ရိုဘီရိုက စီနီယာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို ၈၉ မိနစ်မှာ သွင်းယူပေးခဲ့သလို ပွဲပြီးခါနီးမှာ ရစ်ချာလီဆင်က ထပ်သွင်းခဲ့တာကြောင့် ဘရာဇီးတိ့ု ၄ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ နေမာရဲ့ ခြေကွက်လှလှတွေမြင်ရပါတယ်။ နေမာ ဟာ ပီရူးနောက်ခံလူကိုအကြိမ် ကြိမ်လှည့်စားပြီး ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပွဲချိန်(၈၂)မိနစ်မှာဆိုရင် နေမာ ဟာ ပီရူးကစားသမား(၃)ဦးကို တစ်ယောက်ပြီး တစ်ယောက်ပြီး လှည့်ထွက်ပြခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲ ၄ ပွဲဆက်တိုက် ဂိုးသွင်းယူထားတဲ့ နေမာဟာ ပီလီရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကိုမီရန် ၉ ဂိုးသာ လိုပါတော့တယ်။

ကြာသပ တေးနေ့က ပွဲအပြီးတွင် နေမာဟာနိုင်ငံတကာသွင်းဂိုး ၆၈ ဂိုး ရရှိထားပြီးဖြစ်ကာ ဘရာဇီးအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား စာရင်းတွင် ပီလီ (၇၇ ဂိုး) ၏နောက် ဒုတိယနေရာ၌ ရပ်တည်နေပါတယ်။ ပီလီရဲ့စံချိန်နှင့် နီးကပ်လာပြီးနောက် နေမာတစ်ယောက် ဝမ်းသာမျက်ရည်ဝဲရတယ်လို့လည်း ကြားရပါတယ်။ ဘရာဇီးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့တွင် ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်အဖြစ် ကိုလံဘီယာအသင်းနှင့် ကစားရမှာဖြစ်ပါတယ်။

zawgyi

သူ႔ရဲ႕ေမွာ္စြမ္းေဆာင္ရည္ကို ျပသသြားခဲ့တဲ့ ေနမာ

ဘရာဇီးလက္ေ႐ြးစင္အသင္း တိုက္စစ္ကစားသမား ေနမာဟာ ပီ႐ူးအသင္းကို အႏိုင္ရခဲ့တဲ့ ကိုပါအေမရိကဖလား အုပ္စုဒုတိယပြဲစဥ္မွာပရိသတ္ေတြကို အံအားသင့္သြားေစႏိုင္ခဲ့တဲ့ သူ႔ရဲ႕ေမွာ္စြမ္းေဆာင္ရည္ကို ျပသသြားခဲ့ပါတယ္။ အဲဒီပြဲမွာ ဘရာဇီးလ္ အသင္းက ပီ႐ူးအသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဘရာဇီးအသင္းဟာ ပီ႐ူးကို ဂိုးျပတ္ အႏိုင္ယူကာ အုပ္စုBဇယားကို ျပတ္ျပတ္သားသား ဦးေဆာင္ေနခဲ့ၿပီ ျဖစ္ပါတယ္။ အိမ္ရွင္အသင္းဟာ ရီယိုဒီဂ်ေန႐ိုးမွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ပြဲခ်ိန္ ၁၂မိနစ္မွာတင္ အဲလက္စ ဆန္ဒ႐ိုရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဂ်ီးဆပ္စ္ရဲ႕ ေပးပို႔မႈကေန အေနာက္က ေျပးတက္လာတဲ့ အဲလက္စ္ ဆန္ဒ႐ိုက အခ်ိန္ကိုက္ ေရာက္လာကာ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။

မိနစ္၆၀မွာ ပီ႐ူးေနာက္ခံလူ တီပီယာ ေနမာကို ဧရိယာထဲ ကစားပုံၾကမ္းခဲ့တာေၾကာင့္ ဘရာဇီးတို႔ ပင္နယ္တီ ရခဲ့ေပမယ့္ VARက ျပန္လည္ပယ္ဖ်က္သြားခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္ ေနမာတစ္ေယာက္ ဘရာဇီးအတြက္ ဒုတိယဂိုး သြင္းေပးခဲ့ပါတယ္။၈၉မိနစ္မွာ ၃၂ႏွစ္အ႐ြယ္ အဲဗာတန္ ႐ိုဘီ႐ိုက စီနီယာအသင္းအတြက္ ပထမဆုံးသြင္းဂိုးကို ၈၉ မိနစ္မွာ သြင္းယူေပးခဲ့သလို ပြဲၿပီးခါနီးမွာ ရစ္ခ်ာလီဆင္က ထပ္သြင္းခဲ့တာေၾကာင့္ ဘရာဇီးတိ့ု ၄ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။

အဲဒီပြဲမွာ ေနမာရဲ႕ ေျခကြက္လွလွေတြျမင္ရပါတယ္။ ေနမာ ဟာ ပီ႐ူးေနာက္ခံလူကိုအႀကိမ္ ႀကိမ္လွည့္စားၿပီး ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ပြဲခ်ိန္(၈၂)မိနစ္မွာဆိုရင္ ေနမာ ဟာ ပီ႐ူးကစားသမား(၃)ဦးကို တစ္ေယာက္ၿပီး တစ္ေယာက္ၿပီး လွည့္ထြက္ျပခဲ့တာကိုေတြ႕ခဲ့ရပါတယ္။ ဘရာဇီးအသင္းအတြက္ ႏိုင္ငံတကာပြဲ ၄ ပြဲဆက္တိုက္ ဂိုးသြင္းယူထားတဲ့ ေနမာဟာ ပီလီရဲ႕ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ စံခ်ိန္ကိုမီရန္ ၉ ဂိုးသာ လိုပါေတာ့တယ္။

ၾကာသပ ေတးေန႔က ပြဲအၿပီးတြင္ ေနမာဟာႏိုင္ငံတကာသြင္းဂိုး ၆၈ ဂိုး ရရွိထားၿပီးျဖစ္ကာ ဘရာဇီးအတြက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ကစားသမား စာရင္းတြင္ ပီလီ (၇၇ ဂိုး) ၏ေနာက္ ဒုတိယေနရာ၌ ရပ္တည္ေနပါတယ္။ ပီလီရဲ႕စံခ်ိန္ႏွင့္ နီးကပ္လာၿပီးေနာက္ ေနမာတစ္ေယာက္ ဝမ္းသာမ်က္ရည္ဝဲရတယ္လို႔လည္း ၾကားရပါတယ္။ ဘရာဇီးအသင္းဟာ လာမယ့္ ဗုဒၶဟူးေန႔တြင္ ကိုပါအေမရိကဖလား အုပ္စုပြဲစဥ္အျဖစ္ ကိုလံဘီယာအသင္းႏွင့္ ကစားရမွာျဖစ္ပါတယ္။