ရော်နယ်ဒိုရဲ့ ဘဝမှာဆုံးဖြတ်ချက်များစွာအပေါ် စိုးမိုးနိုင်တဲ့ ဒိုလေးရဲ့မိခင်

ဂျူဗင်တပ်စ်တွင် ဆက်နေမနေ မရေမရာဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး သူ့မိခင်ကအသိပေးထားတာရှိပါတယ်။ ဒါကတော့ ရော်နယ်ဒို ရဲ့ ကစားသမားဘ၀ အနားယူမယ့် အကြောင်းပါ။ ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူက သူ့ရဲ့သားဟာ နောက်ထပ်(၃)နှစ် ဘောလုံးဆက်ကစားဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် ၃၆ နှစ်အရွယ်ရှိပေမယ့် ကြောက်စရာကောင်းတဲ့ ဘောလုံး စွမ်းရည်တွေကို ပြသနိုင်ဆဲဖြစ်ပါတယ်။ ရော်နယ်ဒို နဲ့ပတ်သက်ရင် ငွေကြေးကတော့ တန်ဖိုးမြင့်ပါတယ်။ တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၅၄၀၀၀၀၀န်းကျင် ရရှိနေတာကြောင့် အသင်းပြောင်းရွှေ့ရေးမှာ ဒိုလေးရဲ့ မြင့်မားတဲ့ လစာက အခက်အခဲတစ်ခု ဖြစ် ပါတယ်။

အီတလီသတင်းစာတစ်စောင်နဲ့ တွေ့ဆုံရာမှာ ရော်နယ်ဒိုရဲ့ မိခင်က”ခရစ်စတီယာနို ဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။သူဟာ နောက်ထပ်(၃)နှစ်ကြာ ကစားသွားပါလိမ့်မယ်”လို့ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း အသက်(၄၀) အရွယ်ထိ ဘောလုံးကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။အစားအသောက်စည်းကမ်းရှိပြီး၊ လေ့ကျင့်ရေး အစီအစဉ်တွေကို အမြဲတစေလုပ်ဆောင်တာကြောင့် ရော်နယ်ဒိုဟာ ခုချိန်ထိသန်မာဖျတ်လတ်နေဆဲပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီက ဂျူဗင်တပ်စ်အတွက် ၄၄ ပွဲကစားပြီး ၃၆ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပါတယ်။ ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားနေတာဖြစ်ပြီး ဟန်ဂေရီ ကို အနိုင်ရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အဲဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် ယူရိုပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ သားချစ်တဲ့ အမေမာရီယာဒိုလိုရတ်စ်ဟာ စီရော်နယ်ဒိုရဲ့ ဘဝမှာဆုံးဖြတ်ချက်များစွာအပေါ် စိုးမိုးနိုင်သူဖြစ်ပါတယ်။အိမ်ထောင်ရေးကိစ္စကနေ ကစားသမားဘဝအထိလည်း အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ဝိုင်းဝန်းဆုံးဖြတ်ပေးသူတစ်ယောက်ပါ။

zawgyi

ေရာ္နယ္ဒိုရဲ့ ဘဝမွာဆုံးျဖတ္ခ်က္မ်ားစြာအေပၚ စိုးမိုးႏိုင္တဲ့ ဒိုေလးရဲ႕မိခင္

ဂ်ဴဗင္တပ္စ္တြင္ ဆက္ေနမေန မေရမရာျဖစ္ေနတဲ့ ေရာ္နယ္ဒိုရဲ႕ အနာဂတ္ႏွင့္ပတ္သက္ၿပီး သူ႔မိခင္ကအသိေပးထားတာရွိပါတယ္။ ဒါကေတာ့ ေရာ္နယ္ဒို ရဲ႕ ကစားသမားဘ၀ အနားယူမယ့္ အေၾကာင္းပါ။ ေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူက သူ႔ရဲ႕သားဟာ ေနာက္ထပ္(၃)ႏွစ္ ေဘာလုံးဆက္ကစားဦးမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေပမယ့္ ေၾကာက္စရာေကာင္းတဲ့ ေဘာလုံး စြမ္းရည္ေတြကို ျပသႏိုင္ဆဲျဖစ္ပါတယ္။ ေရာ္နယ္ဒို နဲ႔ပတ္သက္ရင္ ေငြေၾကးကေတာ့ တန္ဖိုးျမင့္ပါတယ္။ တစ္ပတ္လွ်င္ လုပ္ခလစာ ေပါင္ ၅၄၀၀၀၀၀န္းက်င္ ရရွိေနတာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ေရးမွာ ဒိုေလးရဲ႕ ျမင့္မားတဲ့ လစာက အခက္အခဲတစ္ခု ျဖစ္ ပါတယ္။

အီတလီသတင္းစာတစ္ေစာင္နဲ႔ ေတြ႕ဆုံရာမွာ ေရာ္နယ္ဒိုရဲ႕ မိခင္က”ခရစ္စတီယာႏို ဟာ အေကာင္းဆုံးပုံစံမွာ ရွိေနပါတယ္။သူဟာ ေနာက္ထပ္(၃)ႏွစ္ၾကာ ကစားသြားပါလိမ့္မယ္”လို႔ေျပာဆိုခဲ့ပါတယ္။

ေရာ္နယ္ဒို ကိုယ္တိုင္ကလည္း အသက္(၄၀) အ႐ြယ္ထိ ေဘာလုံးကစားခ်င္တဲ့ သူ႔ရဲ႕ဆႏၵကို ထုတ္ေဖာ္ေျပာဆိုထားဖူးပါတယ္။အစားအေသာက္စည္းကမ္းရွိၿပီး၊ ေလ့က်င့္ေရး အစီအစဥ္ေတြကို အၿမဲတေစလုပ္ေဆာင္တာေၾကာင့္ ေရာ္နယ္ဒိုဟာ ခုခ်ိန္ထိသန္မာဖ်တ္လတ္ေနဆဲပါ။

ၿပီးခဲ့တဲ့ေဘာလုံးရာသီက ဂ်ဴဗင္တပ္စ္အတြက္ ၄၄ ပြဲကစားၿပီး ၃၆ ဂိုးသြင္းခဲ့တဲ့ ေရာ္နယ္ဒိုဟာအသင္းႏွင့္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ရွိေနပါတယ္။ ေရာ္နယ္ဒို ဟာ လက္ရွိအခ်ိန္မွာ ေပၚတူဂီ အသင္းနဲ႔ အတူ ယူ႐ိုၿပိဳင္ပြဲမွာ ပါဝင္ကစားေနတာျဖစ္ၿပီး ဟန္ေဂရီ ကို အႏိုင္ရခဲ့တဲ့ အဖြင့္ပြဲစဥ္မွာ (၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ အဲဒီပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ယူ႐ိုၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ သားခ်စ္တဲ့ အေမမာရီယာဒိုလိုရတ္စ္ဟာ စီေရာ္နယ္ဒိုရဲ႕ ဘဝမွာဆုံးျဖတ္ခ်က္မ်ားစြာအေပၚ စိုးမိုးႏိုင္သူျဖစ္ပါတယ္။အိမ္ေထာင္ေရးကိစၥကေန ကစားသမားဘဝအထိလည္း အေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြကို ဝိုင္းဝန္းဆုံးျဖတ္ေပးသူတစ္ေယာက္ပါ။