ပင်နယ်တီတွေကို ဂိုးသမားတွေ အပြိုင်ကာကွယ်သွားခဲ့ရတဲ့ ပွဲ တစ်ပွဲ

အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီတွေ့ထားတဲ့ ယူကရိန်းအသင်းနဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းတို့ဟာ အခု အုပ်စု ဒုတိယပွဲမှာ အနိုင်ရမှ နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိမှာဖြစ်တဲ့အတွက် အသည်းအသန်ကြိုးစားခဲ့ကြပါတယ်။

ဒီပွဲမှာ ထူးခြားတာက နှစ်သင်းစလုံး ပင်နယ်တီတွေ၇ခဲ့ကြပြီး ဂိုးသမားတွေ ကာကွယ်မှု ကောင်းခဲ့တာပါ။ ယူကရိန်း အတွက် ဂိုးတွေကို ယာမိုလန်ကိုနဲ့ ယာရမ်ချော့ခ် တို့က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်း အတွက်ကတော့ ဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ ၃မှတ် ရယူသွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ဆင့်တက်ဖို့ဆိုရင် ဒီပွဲဟာ အရေးကြီးတာကိုသိတဲ့ အတွက် ပွဲစကတည်းက နှစ်သင်းစလုံးက အပြိုင်အဆိုင်ကစားခဲ့ကြပါတယ်။ ယူကရိန်းကပိုပြီး အခွင့်အရေးတွေ ဆက်တိုက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဝာာဖြစ်ပါတယ်။

ပွဲချိန်၂၉မိနစ် မှာတော့ ယာမိုလန်ကိုက ယူကရိန်းအတွက် အဖွင့်ဂိုးရယူခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားက ချေပဂိုးရယူဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန်၃၄မိနစ်မှာ ယာရမ်ချော့ခ်က ယူကရိန်းအတွက် ဒုတိယဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ မြောက်မက်ဆီဒိုးနီးယား အသင်းက ပန်ဒက်‌ဗ် ချေပဂိုးပြန်သွင်းခဲ့ပေမယ့် လူကျွံဘောကြောင့် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ ယူကရိန်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြောက်မက်ဆီဒိုးနီးယား အသင်းက ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ပွဲချိန်၅၇မိနစ်မှာ ပင်နယ်တီရရှိသွားခဲ့ပါတယ်။ ဒီပင်နယ်တီကို အလီယိုစကီး ကန်သွင်းခဲ့ပြီး ယူကရိန်းဂိုးသမား ကာကွယ်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ အလီယိုစကီးကပဲ
ပိတ်သွင်းနိုင်ခဲ့ပါတယ်။

ချေပဂိုး ၁ဂိုး ပြန်ရသွားတဲ့ မြောက်မက်ဆီဒိုးနီးယားကြောင့် ပွဲက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားက တိုက်စစ်ဆင်ပေမယ့် ယူကရိန်းကတော့ နောက်ထပ်ချေပ၈ိုးမပေးရဖို့ ခံစစ်ကို သတိထား ကစားသွားခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာ ယူကရိန်းအသင်း ပင်နယ်တီရခဲ့ပြီး မာလီနော့ဗ်စကီး ကန်သွင်းခဲ့တာကို မြောက်မက်ဆီဒိုးနီးယား ဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်း အသင်းဂိုးထပ်မရတော့ဘဲ ပွဲအပြီးမှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့
အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

zawgyi

ပင္နယ္တီေတြကို ဂိုးသမားေတြ အၿပိဳင္ကာကြယ္သြားခဲ့ရတဲ့ ပြဲ တစ္ပြဲ

အုပ္စုအဖြင့္ပြဲစဥ္မွာ ရႈံးပြဲကိုယ္စီေတြ႕ထားတဲ့ ယူကရိန္းအသင္းနဲ႔ ေျမာက္မက္ဆီဒိုးနီးယားအသင္းတို႔ဟာ အခု အုပ္စု ဒုတိယပြဲမွာ အႏိုင္ရမွ ေနာက္တဆင့္အတြက္ ေမွ်ာ္လင့္ခ်က္ရွိမွာျဖစ္တဲ့အတြက္ အသည္းအသန္ႀကိဳးစားခဲ့ၾကပါတယ္။

ဒီပြဲမွာ ထူးျခားတာက ႏွစ္သင္းစလုံး ပင္နယ္တီေတြ၇ခဲ့ၾကၿပီး ဂိုးသမားေတြ ကာကြယ္မႈ ေကာင္းခဲ့တာပါ။ ယူကရိန္း အတြက္ ဂိုးေတြကို ယာမိုလန္ကိုနဲ႔ ယာရမ္ေခ်ာ့ခ္ တို႔က သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူကရိန္း အတြက္ကေတာ့ ဒီႏိုင္ပြဲေၾကာင့္ ေနာက္တစ္ဆင့္တက္ဖို႔ အေရးပါတဲ့ ၃မွတ္ ရယူသြားခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ဆင့္တက္ဖို႔ဆိုရင္ ဒီပြဲဟာ အေရးႀကီးတာကိုသိတဲ့ အတြက္ ပြဲစကတည္းက ႏွစ္သင္းစလုံးက အၿပိဳင္အဆိုင္ကစားခဲ့ၾကပါတယ္။ ယူကရိန္းကပိုၿပီး အခြင့္အေရးေတြ ဆက္တိုက္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ဝာာျဖစ္ပါတယ္။

ပြဲခ်ိန္၂၉မိနစ္ မွာေတာ့ ယာမိုလန္ကိုက ယူကရိန္းအတြက္ အဖြင့္ဂိုးရယူခဲ့ပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားက ေခ်ပဂိုးရယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္၃၄မိနစ္မွာ ယာရမ္ေခ်ာ့ခ္က ယူကရိန္းအတြက္ ဒုတိယဦးေဆာင္ဂိုးရယူခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ေျမာက္မက္ဆီဒိုးနီးယား အသင္းက ပန္ဒက္‌ဗ္ ေခ်ပဂိုးျပန္သြင္းခဲ့ေပမယ့္ လူကြၽံေဘာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ပထမပိုင္းမွာေတာ့ ယူကရိန္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေျမာက္မက္ဆီဒိုးနီးယား အသင္းက ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ၿပီး ပြဲခ်ိန္၅၇မိနစ္မွာ ပင္နယ္တီရရွိသြားခဲ့ပါတယ္။ ဒီပင္နယ္တီကို အလီယိုစကီး ကန္သြင္းခဲ့ၿပီး ယူကရိန္းဂိုးသမား ကာကြယ္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ အလီယိုစကီးကပဲ
ပိတ္သြင္းႏိုင္ခဲ့ပါတယ္။

ေခ်ပဂိုး ၁ဂိုး ျပန္ရသြားတဲ့ ေျမာက္မက္ဆီဒိုးနီးယားေၾကာင့္ ပြဲက ပိုၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့ပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားက တိုက္စစ္ဆင္ေပမယ့္ ယူကရိန္းကေတာ့ ေနာက္ထပ္ေခ်ပ၈ိုးမေပးရဖို႔ ခံစစ္ကို သတိထား ကစားသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၈၄ မိနစ္မွာ ယူကရိန္းအသင္း ပင္နယ္တီရခဲ့ၿပီး မာလီေနာ့ဗ္စကီး ကန္သြင္းခဲ့တာကို ေျမာက္မက္ဆီဒိုးနီးယား ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ယူကရိန္း အသင္းဂိုးထပ္မရေတာ့ဘဲ ပြဲအၿပီးမွာ ေျမာက္မက္ဆီဒိုးနီးယား အသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔
အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။