ထိုင်းလိဂ်၂က ထရက်အသင်းသို့ မြန်မာကစားသမား ဇော်မင်းထွန်းပြောင်းရွှေ့

မြန်မာ့လက်ရွေးစင် အသင်းနောက်ခံလူ ဇော်မင်းထွန်း ဟာ ထိုင်းလိဂ်၂အသင်းဖြစ်တဲ့ ထရက်အသင်းနဲ့ လာမယ့် ရာသီသစ်အတွက် စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ်၁ ကလပ် ဆူခိုထိုင်းအသင်းမှာ ကစားခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀ပွဲ ပါဝင်ကစားပြီး အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲတာပါ။ အခု သူဟာ လာမယ့်ရာသီမှာတော့ ထရက်အသင်းအတွက် ပါဝင်ကစားတော့မှာဖြစ်ပါတယ်။ ထရက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ်၁ မှာ ကစားခဲ့တာဖြစ်ပြီး ဇော်မင်းထွန်းရဲ့ အသင်းဟောင်း ဆူခိုထိုင်း အသင်းနဲ့ အတူလာမယ့်ရာသီ ထိုင်းလိဂ်၂မှာ ကစားရမှာလည်းဖြစ်ပါတယ်။

ထရက်အသင်းဟာ မြန်မာဘောလုံးသမားတွေနဲ့ မစိမ်းတဲ့ အသင်းဖြစ်ပြီး ထရက်အသင်းမှာ ဇော်မင်းထွန်းရဲ့ မြန်မာ့လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှုးဆောင်လမန်နဲ့ အောင်ကောင်းမာန် တို့လည်းကစားခဲ့ဖူးပါတယ်။ ဇော်မင်းထွန်း ဟာ ထရက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာကို သူ့ရဲ့ဆိုရှယ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပြီး ပရိသတ်တွေကို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

ဇော်မင်းထွန်းက “ကျွန်တော့်ရဲ့ချစ်လှစွာတဲ့ ပရိသတ်များကို ဒီနေ့မှာ ထိုင်းကလပ် ထရက်အသင်းနဲ့ လတ်မှတ်ထိုးခဲ့ကြောင်း ကြေညာပါတယ်။ ဒီကလပ်မှာ ကျွန်တော့်ရဲ့အသင်းဖော်တွေဖြစ်တဲ့ အောင်ကောင်းမာန်နဲ့ ဆောင်လမန်တို့လည်း ကစားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကလပ်ဟာ ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ပါတယ်။ ကျွန်တော့်ကို စာချုပ်ချုပ်ဆိုနိုင်အောင် ကူညီပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ထရက်အသင်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အောင်မြင်မှုတွေရရှိဖို့ အသင်းဖော်တွေနဲ့ အတူကြိုးစားသွားပါမယ်။ မြန်မာပြည်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတွေလည်း ကျွန်တော့်ကို အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော်နဲ့ အတူတူရှိနေမယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဇော်မင်းထွန်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ်တွေဖြစ်တဲ့ မကွေး၊ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတွေမှာ ကစားခဲ့ပြီးနောက်ပိုင်း ထိုင်းလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

zawgyi

ထိုင္းလိဂ္၂က ထရက္အသင္းသို႔ ျမန္မာကစားသမား ေဇာ္မင္းထြန္းေျပာင္းေ႐ႊ႕

ျမန္မာ့လက္ေ႐ြးစင္ အသင္းေနာက္ခံလူ ေဇာ္မင္းထြန္း ဟာ ထိုင္းလိဂ္၂အသင္းျဖစ္တဲ့ ထရက္အသင္းနဲ႔ လာမယ့္ ရာသီသစ္အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ ေဇာ္မင္းထြန္းဟာ ၿပီးခဲ့တဲ့ရာသီက ထိုင္းလိဂ္၁ ကလပ္ ဆူခိုထိုင္းအသင္းမွာ ကစားခဲ့တာျဖစ္ၿပီး ပြဲေပါင္း ၁၀ပြဲ ပါဝင္ကစားၿပီး အထိုက္အေလ်ာက္ ေျခစြမ္းျပႏိုင္ခဲတာပါ။

အခု သူဟာ လာမယ့္ရာသီမွာေတာ့ ထရက္အသင္းအတြက္ ပါဝင္ကစားေတာ့မွာျဖစ္ပါတယ္။ ထရက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ထိုင္းလိဂ္၁ မွာ ကစားခဲ့တာျဖစ္ၿပီး ေဇာ္မင္းထြန္းရဲ႕ အသင္းေဟာင္း ဆူခိုထိုင္း အသင္းနဲ႔ အတူလာမယ့္ရာသီ ထိုင္းလိဂ္၂မွာ ကစားရမွာလည္းျဖစ္ပါတယ္။

ထရက္အသင္းဟာ ျမန္မာေဘာလုံးသမားေတြနဲ႔ မစိမ္းတဲ့ အသင္းျဖစ္ၿပီး ထရက္အသင္းမွာ ေဇာ္မင္းထြန္းရဲ႕ ျမန္မာ့လက္ေ႐ြးစင္ အသင္းေဖာ္ေတြျဖစ္တဲ့ တိုက္စစ္မႈးေဆာင္လမန္နဲ႔ ေအာင္ေကာင္းမာန္ တို႔လည္းကစားခဲ့ဖူးပါတယ္။ ေဇာ္မင္းထြန္း ဟာ ထရက္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာကို သူ႔ရဲ႕ဆိုရွယ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ၿပီး ပရိသတ္ေတြကို အသိေပးခဲ့တာလည္းျဖစ္ပါတယ္။

ေဇာ္မင္းထြန္းက “ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာတဲ့ ပရိသတ္မ်ားကို ဒီေန႔မွာ ထိုင္းကလပ္ ထရက္အသင္းနဲ႔ လတ္မွတ္ထိုးခဲ့ေၾကာင္း ေၾကညာပါတယ္။ ဒီကလပ္မွာ ကြၽန္ေတာ့္ရဲ႕အသင္းေဖာ္ေတြျဖစ္တဲ့ ေအာင္ေကာင္းမာန္နဲ႔ ေဆာင္လမန္တို႔လည္း ကစားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီကလပ္ဟာ ကြၽန္ေတာ့္ရဲ႕အသင္းေဖာ္ေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္ၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ့္ကို စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေအာင္ ကူညီေပးခဲ့တဲ့ သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္။

ထရက္အသင္းကို အားေပးေနတဲ့ ပရိသတ္ေတြအတြက္ ေအာင္ျမင္မႈေတြရရွိဖို႔ အသင္းေဖာ္ေတြနဲ႔ အတူႀကိဳးစားသြားပါမယ္။ ျမန္မာျပည္ကေန ဒီမွာလာၿပီး အလုပ္လုပ္ေနတဲ့သူေတြလည္း ကြၽန္ေတာ့္ကို အားေပးဖို႔ ဖိတ္ေခၚခ်င္ပါတယ္။ ခင္ဗ်ားတို႔က ကြၽန္ေတာ္နဲ႔ အတူတူရွိေနမယ္လို႔ ယုံၾကည္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ေဇာ္မင္းထြန္းဟာ ျမန္မာေနရွင္နယ္လိဂ္ကလပ္ေတြျဖစ္တဲ့ မေကြး၊ရတနာပုံနဲ႔ ရန္ကုန္ယူႏိုက္တက္ အသင္းေတြမွာ ကစားခဲ့ၿပီးေနာက္ပိုင္း ထိုင္းလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။