စီရော်နယ်လ်ဒိုနဲ့ပြောင်းပြန်.. ပေ့ါဘာကြောင့် ဟန်နီကယ် ကုမ္ပဏီ အမေရိကန်ဒေါ်လာ(၁)ဘီလီယံအမြတ်ထွက်

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို မကြာသေးခင်က
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့ရှေ့က ကိုကာကိုလာအချိုရည်ဗူးတွေကို ဖယ်ရှားပြီး
“ရေပဲသောက်ပါ”လို့ ပြောကြားခဲ့တဲ့အဖြစ်အပျက်က လူမှုကွန်ရက်တွေပေါ်မှာ


တော်တော်လေးကို ပျံ့နှံ့ခဲ့သလို ကိုကာကိုလာကုမ္ပဏီဟာလည်း စီရော်နယ်လ်ဒိုလုပ်ရပ်ကြောင့်
အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

အဲဒါနဲ့မရှေးမနှောင်းမှာပဲ ပြင်သစ်အသင်းကွင်းလယ်လူပေ့ါဘာက သတင်းစာရှင်းလင်းပွဲမှာ
သူ့ရှေ့မှာရှိနေတဲ့ ဟန်နီကယ် ဘီယာပုလင်းတွေကို ဖယ်ရှားခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့
စပွန်ဆာကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟန်နီကယ် ကုမ္ပဏီကို Boycott လုပ်ခဲ့တယ်။

ဒါပေမဲ့ ဒီအဖြစ်အပျက်နှစ်ခုမှာ အကျိုးရလဒ်က မတူခဲ့ပါဘူး။
စီရော်နယ်လ်ဒိုရဲ့ အပြုအမူကြောင့် ကိုကာကိုလာကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းက


ရုတ်တရက်ထိုးကျသွားပြီး ကုမ္ပဏီရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ(၂၄၂)ဘီလီယံရှိတာကနေ အဲဒီအဖြစ်အပျက်နောက်ပိုင်း

အမေရိကန်ဒေါ်လာ(၂၃၈)ဘီလီယံအထိကျဆင်းသွားတဲ့အတွက်
ကိုကာကိုလာကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ(၄)ဘီလီယံလောက် ဆုံးရှုံးနစ်နာခဲ့ပါတယ်။

ဒါပေမဲ့ ပေ့ါဘာရဲ့အဖြစ်အပျက်မှာတော့ မထင်မှတ်လောက်အောင်ပဲ
ဟန်နီကယ် ကုမ္ပဏီက ငွေကြေးဆုံးရှုံးမှုမဖြစ်ခဲ့တဲ့အပြင် စက္ကန့်ပိုင်းအတွင်း

အမေရိကန်ဒေါ်လာ(၁)ဘီလီယံအထိ အမြတ်ထွက်သွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ စားပွဲပေါ်က ဘီယာပုလင်းတွေကို ပေါ့ဘာ ဖယ်ရှားခဲ့ပြီး

သိပ်မကြာခင်မှာပဲ ဟန်နီကယ် ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးက (၁.၆၅%)ခုန်တက်သွားတယ်။

အဲဒီအတွက် ဟန်နီကယ် ကုမ္ပဏီဟာ အတိအကျပြောရရင် အမေရိကန်ဒေါ်လာ(၁.၁)ဘီလီယံ အိတ်ကပ်ထဲထည့်လိုက်နိုင်တာကြောင့် နှစ်ယောက်စလုံးကနာမည်ကျော်ဘောလုံးသမားတွေဖြစ်တာတောင် ဘာလို့များအကျိုးဆက်က ကွာခြားသွားတာလဲဆိုတာ

မေးခွန်းထုတ်ချင်စရာပါပဲ။

စီရော်နယ်လ်ဒိုဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးကို အလေးပေးနေထိုင် စားသောက်လေ့ရှိသူဖြစ်ပြီး အဲဒီသတင်းစာရှင်းလင်းပွဲမှာလည်း

ကိုလာပုလင်းကိုဖယ်လိုက်ပြီး”ရေပဲသောက်…’လို့ ပွင့်ပွင့်လင်းလင်းပြောချခဲ့တာဖြစ်ပါတယ်။

ပေ့ါဘာကတော့ ဘာမပြောညာမပြောနဲ့ ဘီယာပုလင်းတွေကို အောက်ချခဲ့တာကြောင့်များ စီရော်နယ်လ်ဒိုရဲ့လုပ်ရပ်လို

ထိရောက်မှုမရှိခဲ့တာများလားဆိုတာ စဉ်းစားစရာပါပဲ။

ဒါပေမဲ့ ဒီအဖြစ်အပျက်နှစ်ခုမှာ ကွာခြားသွားတာက စီရော်နယ်လ်ဒိုရဲ့ အောင်မြင်မှုအရှိန်ဝါကြောင့်လို့ပဲ ပြောရမှာပါ။

စီရော်နယ်လ်ဒိုဟာ Instagram မှာ Followers အများဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ပြီး သူ့ရဲ့လူမှုဘဝနေထိုင်မှုကို

လေးစားအားကျတဲ့ပရိသတ်အရေအတွက် သန်းနဲ့ချီပြီးရှိပါတယ်။

ပေ့ါဘာကလည်း ထင်ရှားကျော်ကြားတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် စီရော်နယ်လ်ဒိုနဲ့ယှဉ်ရင်တော့ တစ်ဆင့်နိမ့်နေပါသေးတယ်။

စီရော်နယ်လ်ဒိုနဲ့ ပေ့ါဘာတို့ဖြစ်ရပ်နောက်ပိုင်း အီတလီ-ဆွစ်ဇာလန်တို့ကစားခဲ့တဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အီတလီကွင်းလယ်လူ လိုကာတယ်လီကလည်း စီရော်နယ်လ်ဒိုကိုအားကျမခံ ကိုကာကိုလာဗူးတွေကို ဖယ်ရှားခဲ့ပါတယ်။

အခုတလောမှာ ယူရိုပြိုင်ပွဲစပွန်ဆာကုမ္ပဏီတွေကို နာမည်ကျော်ကစားသမားတွေ Boycott ပုံစံလုပ်နေတာ ခေတ်စားနေပေမယ့်

UEFA ကတော့ အဲဒီလုပ်ရပ်ကို တားမြစ်သွားမှာမဟုတ်ဘဲ UEFA ဥက္ကဌဆယ်ဖာရင် လူတိုင်းဟာ ကိုယ်ကြိုက်တာကို
ကိုယ်ရွေးချယ်သောက်သုံးခွင့်ရှိတယ်လို့ ဆိုခဲ့တယ်။

ဘောလုံးသမားတွေလုပ်ရပ်ကြောင့် ကိုကာကိုလာလိုစပွန်ဆာကုမ္ပဏီက ငွေကြေးပိုင်းဆုံးရှုံးမှုတွေရှိသလို၊

ဟန်နီကယ် ကုမ္ပဏီက အမြတ်အစွန်းတွေရရှိခဲ့တဲ့ အကျိုးဆက်တွေရှိခဲ့ပေမယ့် စီးပွားရေးကုမ္ပဏီတွေကတော့ သူတို့ရဲ့ကုန်ပစ္စည်းေတွ

ဈေးကွက်ထဲမှာ များများရောင်းချနိုင်အောင် ပိုအားစိုက်ထုတ်သွားဖို့ပဲရှိနေပါတော့တယ် . .

 

Zawgyi

စီေရာ္နယ္လ္ဒိုနဲ႔ေျပာင္းျပန္.. ေပ့ါဘာေၾကာင့္ ဟန္နီကယ္ ကုမၸဏီ အေမရိကန္ေဒၚလာ(၁)ဘီလီယံအျမတ္ထြက္

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို မၾကာေသးခင္က
သတင္းစာရွင္းလင္းပြဲတစ္ခုမွာ သူ႔ေရွ႕က ကိုကာကိုလာအခ်ိဳရည္ဗူးေတြကို ဖယ္ရွားၿပီး
“ေရပဲေသာက္ပါ”လို႔ ေျပာၾကားခဲ့တဲ့အျဖစ္အပ်က္က လူမႈကြန္ရက္ေတြေပၚမွာ

ေတာ္ေတာ္ေလးကို ပ်ံ႕ႏွံ႔ခဲ့သလို ကိုကာကိုလာကုမၸဏီဟာလည္း စီေရာ္နယ္လ္ဒိုလုပ္ရပ္ေၾကာင့္

အေမရိကန္ေဒၚလာဘီလီယံနဲ႔ခ်ီ ဆုံးရႈံးနစ္နာခဲ့ရပါတယ္။

အဲဒါနဲ႔မေရွးမေႏွာင္းမွာပဲ ျပင္သစ္အသင္းကြင္းလယ္လူေပ့ါဘာက သတင္းစာရွင္းလင္းပြဲမွာ
သူ႔ေရွ႕မွာရွိေနတဲ့ ဟန္နီကယ္ ဘီယာပုလင္းေတြကို ဖယ္ရွားခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲရဲ႕

စပြန္ဆာကုမၸဏီတစ္ခုျဖစ္တဲ့ ဟန္နီကယ္ ကုမၸဏီကို Boycott လုပ္ခဲ့တယ္။

ဒါေပမဲ့ ဒီအျဖစ္အပ်က္ႏွစ္ခုမွာ အက်ိဳးရလဒ္က မတူခဲ့ပါဘူး။
စီေရာ္နယ္လ္ဒိုရဲ႕ အျပဳအမူေၾကာင့္ ကိုကာကိုလာကုမၸဏီရဲ႕ ရွယ္ယာေဈးႏႈန္းက
႐ုတ္တရက္ထိုးက်သြားၿပီး ကုမၸဏီရဲ႕တန္ဖိုးက အေမရိကန္ေဒၚလာ(၂၄၂)ဘီလီယံရွိတာကေန အဲဒီအျဖစ္အပ်က္ေနာက္ပိုင္း အေမရိကန္ေဒၚလာ(၂၃၈)ဘီလီယံအထိက်ဆင္းသြားတဲ့အတြက္

ကိုကာကိုလာကုမၸဏီဟာ အေမရိကန္ေဒၚလာ(၄)ဘီလီယံေလာက္ ဆုံးရႈံးနစ္နာခဲ့ပါတယ္။

ဒါေပမဲ့ ေပ့ါဘာရဲ႕အျဖစ္အပ်က္မွာေတာ့ မထင္မွတ္ေလာက္ေအာင္ပဲ
ဟန္နီကယ္ ကုမၸဏီက ေငြေၾကးဆုံးရႈံးမႈမျဖစ္ခဲ့တဲ့အျပင္ စကၠန႔္ပိုင္းအတြင္း

အေမရိကန္ေဒၚလာ(၁)ဘီလီယံအထိ အျမတ္ထြက္သြားတာပါ။

သတင္းစာရွင္းလင္းပြဲမွာ စားပြဲေပၚက ဘီယာပုလင္းေတြကို ေပါ့ဘာ ဖယ္ရွားခဲ့ၿပီး
သိပ္မၾကာခင္မွာပဲ ဟန္နီကယ္ ကုမၸဏီရဲ႕ရွယ္ယာတန္ဖိုးက (၁.၆၅%)ခုန္တက္သြားတယ္။

အဲဒီအတြက္ ဟန္နီကယ္ ကုမၸဏီဟာ အတိအက်ေျပာရရင္ အေမရိကန္ေဒၚလာ(၁.၁)ဘီလီယံ အိတ္ကပ္ထဲထည့္လိုက္ႏိုင္တာေၾကာင့္ ႏွစ္ေယာက္စလုံးက

နာမည္ေက်ာ္ေဘာလုံးသမားေတြျဖစ္တာေတာင္ ဘာလို႔မ်ားအက်ိဳးဆက္က
ကြာျခားသြားတာလဲဆိုတာ ေမးခြန္းထုတ္ခ်င္စရာပါပဲ။

စီေရာ္နယ္လ္ဒိုဟာ ကိုယ္ခႏၶာက်န္းမာႀကံ့ခိုင္ေရးကို အေလးေပး
ေနထိုင္စားေသာက္ေလ့ရွိသူျဖစ္ၿပီး အဲဒီသတင္းစာရွင္းလင္းပြဲမွာလည္း ကိုလာပုလင္းကိုဖယ္လိုက္ၿပီး”ေရပဲေသာက္…’လို႔ ပြင့္ပြင့္လင္းလင္းေျပာခ်ခဲ့တာျဖစ္ပါတယ္။

ေပ့ါဘာကေတာ့ ဘာမေျပာညာမေျပာနဲ႔ ဘီယာပုလင္းေတြကို ေအာက္ခ်ခဲ့တာေၾကာင့္မ်ား စီေရာ္နယ္လ္ဒိုရဲ႕လုပ္ရပ္လို ထိေရာက္မႈမရွိခဲ့တာမ်ားလားဆိုတာ စဥ္းစားစရာပါပဲ။

ဒါေပမဲ့ ဒီအျဖစ္အပ်က္ႏွစ္ခုမွာ ကြာျခားသြားတာက စီေရာ္နယ္လ္ဒိုရဲ႕ ေအာင္ျမင္မႈအရွိန္ဝါေၾကာင့္လို႔ပဲ ေျပာရမွာပါ။
စီေရာ္နယ္လ္ဒိုဟာ Instagram မွာ Followers အမ်ားဆုံးအျဖစ္ ကမာၻ႔စံခ်ိန္တင္ထားသူျဖစ္ၿပီး သူ႔ရဲ႕လူမႈဘဝေနထိုင္မႈကို ေလးစားအားက်တဲ့ပရိသတ္အေရအတြက္ သန္းနဲ႔ခ်ီၿပီးရွိပါတယ္။

ေပ့ါဘာကလည္း ထင္ရွားေက်ာ္ၾကားတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုနဲ႔ယွဥ္ရင္ေတာ့ တစ္ဆင့္နိမ့္ေနပါေသးတယ္။

စီေရာ္နယ္လ္ဒိုနဲ႔ ေပ့ါဘာတို႔ျဖစ္ရပ္ေနာက္ပိုင္း အီတလီ-ဆြစ္ဇာလန္တို႔ကစားခဲ့တဲ့ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ အီတလီကြင္းလယ္လူ လိုကာတယ္လီကလည္း စီေရာ္နယ္လ္ဒိုကိုအားက်မခံ ကိုကာကိုလာဗူးေတြကို ဖယ္ရွားခဲ့ပါတယ္။

အခုတေလာမွာ ယူ႐ိုၿပိဳင္ပြဲစပြန္ဆာကုမၸဏီေတြကို နာမည္ေက်ာ္ကစားသမားေတြ

Boycott ပုံစံလုပ္ေနတာ ေခတ္စားေနေပမယ့္ UEFA ကေတာ့ အဲဒီလုပ္ရပ္ကို တားျမစ္သြားမွာမဟုတ္ဘဲ UEFA ဥကၠဌဆယ္ဖာရင္ လူတိုင္းဟာ ကိုယ္ႀကိဳက္တာကို

ကိုယ္ေ႐ြးခ်ယ္ေသာက္သုံးခြင့္ရွိတယ္လို႔ ဆိုခဲ့တယ္။

ေဘာလုံးသမားေတြလုပ္ရပ္ေၾကာင့္ ကိုကာကိုလာလိုစပြန္ဆာကုမၸဏီက
ေငြေၾကးပိုင္းဆုံးရႈံးမႈေတြရွိသလို၊ ဟန္နီကယ္ ကုမၸဏီက အျမတ္အစြန္းေတြရရွိခဲ့တဲ့

အက်ိဳးဆက္ေတြရွိခဲ့ေပမယ့္ စီးပြားေရးကုမၸဏီေတြကေတာ့ သူတို႔ရဲ႕ကုန္ပစၥည္းေတြ
ေဈးကြက္ထဲမွာ မ်ားမ်ားေရာင္းခ်ႏိုင္ေအာင္ ပိုအားစိုက္ထုတ္သြားဖို႔ပဲရွိေနပါေတာ့တယ္ . .