စီရော်နယ်ဒို မီးမွှေးလိုက်တဲ့ကိစ္စ အဆုံးသတ်ပါတော့မယ်

ယူရိုပြိုင်ပွဲမှာ အားကစားအရေးနဲ့ဆိုင်တဲ့ ပြဿနာတွေရှင်းရသလို၊ အခြားအရှုပ်အထွေးတွေလည်း ရှင်းကြရပါတယ်။ ယူရို 2020 ပွဲမှာတော့ အအေးပုလင်း၊ဘီယာပုလင်းဖယ်တဲ့ ပြဿနာရှင်းနေရပါတယ်။

ထိပ်တန်းကစားသမားစီရော်နယ်ဒို မီးမွှေးလိုက်တဲ့ ကိုကာကိုလာပုလင်းဖယ်ရှားတဲ့ ကိစ္စဟာ အခုတော့အဆုံးသတ်ပါတော့မယ်။ စီရော်နယ်ဒိုက ထင်ပေါ်တဲ့သူပီပီ အကွက်ဆန်းတွေလည်း ထွင်တတ်ပါတယ်။

ကျန်းမာရေးသတိပေးချက်ဆိုပြီး ကိုကာကိုလာအစားရေသောက်ဖို့သတိပေးလိုက်ပေမယ့် သူ့နောက်မှာ ဘီယာပုလင်းဖယ်တဲ့သူ၊ တမင်တကာကိုကာကိုလာသောက်ပြသူ၊ ကိုကာကိုလာပုလင်းနဲ့ အပြောင်အပျက်ပြောတဲ့သူတွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပါတယ်။

တစ်ဖက်က ကိုကာကိုလာကုမ္ပဏီလည်း ရှယ်ယာဈေးတွေကျဆင်းခဲ့ရပါတယ်။ ယူရိုပွဲ စပွန်ဆာကိစ္စစီစဉ်သူတွေလည်း တဖြည်းဖြည်းခေါင်းကိုက်လာရပါတယ်။ အခုတော့ ငွေလမ်းခင်းတဲ့ ခေတ်မို့လို့ စပွန်ဆာကုမ္ပဏီတွေ မနစ်နာရအောင် UEFA ကဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက စားပွဲပေါ်မှာထားတဲ့ စပွန်ဆာကုမ္ပဏီရဲ့ ပစ္စည်းတွေကို မြင်ကွင်းကနေ ထပ်မံဖယ်ရှားမယ်ဆိုရင် ဒဏ်ကြေးတွေပေးဆောင်ရမယ်ဆိုပြီး UEFA ဘက်က သတိပေးတားမြစ်လာပါတယ်။ “ယူရိုပြိုင်ပွဲဝင်အသင်းတွေကို သတိပေးချင်တာက မိတ်ဖက်ကုမ္ပဏီတွေဟာ ပြိုင်ပွဲကျင်းပရေးနဲ့ လူငယ်၊ အမျိုးသမီးတွေအပါအဝင် ဥရောပတစ်ဝှမ်းလုံးက ဘောလုံးဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျတဲ့အရာတွေဖြစ်ပါတယ်”ဆိုပြီး သတိပေးစာထဲမှာ စပွန်ဆာကုမ္ပဏီတွေအတွက် အသားပေးဖော်ပြထားပါတယ်။

UEFA က သူတို့အနေနဲ့ ကစားသမားတွေကို တိုက်ရိုက်အပြစ်ပေးသွားမှာမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေကတစ်ဆင့်သာ အရေးယူသွားမယ်လို့ ပြောဆိုခဲ့ပြီး သူတိုနဲ့ ပြိုင်ပွဲဝင်အသင်းတွေကြားမှာ စည်းမျဉ်းစည်းကမ်းလက်မှတ်ရေးထိုးထားမှုတွေရှိတယ်လို့လည်းသတိပေးပြောဆိုခဲ့ပါတယ်။

စပွန်ဆာကုမ္ပဏီတွေကတော့ အခုအကျေနပ်ကြီးကျေနပ်နေနိုင်ပါ တယ်။ပေါ်ပင်မှာပျော်ရွှင်ပြီး ပုလင်းတွေဖယ်ချင်တဲ့ လုပ်ရပ်တွေရပ်တန့်ပြီး၊ စပွန်ဆာလက်ကမ်းကြိုဖို့ (သို့) စည်းကမ်းနဲ့အညီ သတင်းဂယက်ထစေဖို့ အအေးတွေ ဘီယာတွေ ဖောက်သောက်လာနိုင်တဲ့ အနေအထားမျိုးရှိလာနိုင်ပါတယ်။

zawgyi

စီေရာ္နယ္ဒို မီးေမႊးလိုက္တဲ့ကိစၥ အဆုံးသတ္ပါေတာ့မယ္

ယူ႐ိုၿပိဳင္ပြဲမွာ အားကစားအေရးနဲ႔ဆိုင္တဲ့ ျပႆနာေတြရွင္းရသလို၊ အျခားအရႈပ္အေထြးေတြလည္း ရွင္းၾကရပါတယ္။ ယူ႐ို 2020 ပြဲမွာေတာ့ အေအးပုလင္း၊ဘီယာပုလင္းဖယ္တဲ့ ျပႆနာရွင္းေနရပါတယ္။

ထိပ္တန္းကစားသမားစီေရာ္နယ္ဒို မီးေမႊးလိုက္တဲ့ ကိုကာကိုလာပုလင္းဖယ္ရွားတဲ့ ကိစၥဟာ အခုေတာ့အဆုံးသတ္ပါေတာ့မယ္။ စီေရာ္နယ္ဒိုက ထင္ေပၚတဲ့သူပီပီ အကြက္ဆန္းေတြလည္း ထြင္တတ္ပါတယ္။ က်န္းမာေရးသတိေပးခ်က္ဆိုၿပီး ကိုကာကိုလာအစားေရေသာက္ဖို႔သတိေပးလိုက္ေပမယ့္ သူ႔ေနာက္မွာ ဘီယာပုလင္းဖယ္တဲ့သူ၊ တမင္တကာကိုကာကိုလာေသာက္ျပသူ၊ ကိုကာကိုလာပုလင္းနဲ႔ အေျပာင္အပ်က္ေျပာတဲ့သူေတြ ဆက္တိုက္ေပၚေပါက္လာခဲ့ပါတယ္။

တစ္ဖက္က ကိုကာကိုလာကုမၸဏီလည္း ရွယ္ယာေဈးေတြက်ဆင္းခဲ့ရပါတယ္။ ယူ႐ိုပြဲ စပြန္ဆာကိစၥစီစဥ္သူေတြလည္း တျဖည္းျဖည္းေခါင္းကိုက္လာရပါတယ္။ အခုေတာ့ ေငြလမ္းခင္းတဲ့ ေခတ္မို႔လို႔ စပြန္ဆာကုမၸဏီေတြ မနစ္နာရေအာင္ UEFA ကဆုံးျဖတ္ေတာ့မွာျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲက စားပြဲေပၚမွာထားတဲ့ စပြန္ဆာကုမၸဏီရဲ႕ ပစၥည္းေတြကို ျမင္ကြင္းကေန ထပ္မံဖယ္ရွားမယ္ဆိုရင္ ဒဏ္ေၾကးေတြေပးေဆာင္ရမယ္ဆိုၿပီး UEFA ဘက္က သတိေပးတားျမစ္လာပါတယ္။ “ယူ႐ိုၿပိဳင္ပြဲဝင္အသင္းေတြကို သတိေပးခ်င္တာက မိတ္ဖက္ကုမၸဏီေတြဟာ ၿပိဳင္ပြဲက်င္းပေရးနဲ႔ လူငယ္၊ အမ်ိဳးသမီးေတြအပါအဝင္ ဥေရာပတစ္ဝွမ္းလုံးက ေဘာလုံးဖြံ႕ၿဖိဳး တိုးတက္မႈအတြက္ အဓိကက်တဲ့အရာေတြျဖစ္ပါတယ္”ဆိုၿပီး သတိေပးစာထဲမွာ စပြန္ဆာကုမၸဏီေတြအတြက္ အသားေပးေဖာ္ျပထားပါတယ္။

UEFA က သူတို႔အေနနဲ႔ ကစားသမားေတြကို တိုက္႐ိုက္အျပစ္ေပးသြားမွာမဟုတ္ဘဲ သက္ဆိုင္ရာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ေတြကတစ္ဆင့္သာ အေရးယူသြားမယ္လို႔ ေျပာဆိုခဲ့ၿပီး သူတိုနဲ႔ ၿပိဳင္ပြဲဝင္အသင္းေတြၾကားမွာ စည္းမ်ဥ္းစည္းကမ္းလက္မွတ္ေရးထိုးထားမႈေတြရွိတယ္လို႔လည္းသတိေပးေျပာဆိုခဲ့ပါတယ္။

စပြန္ဆာကုမၸဏီေတြကေတာ့ အခုအေက်နပ္ႀကီးေက်နပ္ေနႏိုင္ပါ တယ္။ေပၚပင္မွာေပ်ာ္႐ႊင္ၿပီး ပုလင္းေတြဖယ္ခ်င္တဲ့ လုပ္ရပ္ေတြရပ္တန႔္ၿပီး၊ စပြန္ဆာလက္ကမ္းႀကိဳဖို႔ (သို႔) စည္းကမ္းနဲ႔အညီ သတင္းဂယက္ထေစဖို႔ အေအးေတြ ဘီယာေတြ ေဖာက္ေသာက္လာႏိုင္တဲ့ အေနအထားမ်ိဳးရွိလာႏိုင္ပါတယ္။