စနိုက်ပါတွေရဲ့ လက်ချက်မမိတော့မလိုဖြစ်ခဲ့တဲ့ စတန့်သမား

ဂျာမနီနဲ့ပြင်သစ်အသင်းတို့ကစားခဲ့တဲ့ ယူရိုအုပ်စုပွဲမှာ ကွင်းထဲကို စတန့်ထွင်ပြီး လေထီးနဲ့ခုန်ဆင်းခဲ့တဲ့ စတန့်သမားဟာ ကံကောင်းထောက်မလို့ ရဲတပ်ဖွဲ့ဝင်စနိုက်ပါတွေရဲ့ လက်ချက်နဲ့ အသက်မဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။
အဲဒီသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့ဖြစ် တဲ့ Greenpeace အဖွဲ့ဝင်တစ်ဦးဖြစ်ဖို့များသလို သူက လေထီးပေါ်မှာ Greenpeace လိုဂိုနဲ့အတူ “Kick Out Oil! Greenpeace”လို့ ရေးသားထားပြီး ကွင်းထဲကို မမျှော်လင့်ဘဲခုန်ဆင်းလာတဲ့အတွက် ပရိသတ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။

ကွင်းဘေးနားမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ ဂျာမန်ရဲတပ်ဖွဲ့ဝင်တွေက အဲဒီသူကို အကြမ်းဖက်သမားလို့ယူဆပြီး စနိုက်ပါနဲ့ပစ်မယ့်ဆဲဆဲမှာ လေထီးပေါ်က Greenpeace လိုဂိုကို မြင်လိုက်တာကြောင့် မပစ်ခဲ့ပဲတာဖြစ်ပါတယ်။
ဂျာမန်ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဂျိုအာချင်ဟာမန်းက “လေထီးပေါ်က Greenpeace စာတန်းကြောင့် စနိုက်ပါတွေက အဲဒီသူကို မပစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ တကယ်လို့သာ ရဲတွေက အကြမ်းဖက်သမားလို့ယူဆပြီး ပစ်ခတ်ခဲ့မယ်ဆိုရင်တော့ အဲဒီသူဟာ ဒီလုပ်ရပ်ကြောင့် သူ့အသက်နဲ့ရင်းရမယ့်အနေအထားဖြစ်သွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီစတန့်သမားဟာ လေထီးကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် ကွင်းထဲက Spidercam ရုပ်သံကင်မရာတွေနဲ့ ထိခိုက်မိခဲ့သလို မြေပြင်ပေါ်ကျချိန်မှာလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ UEFA က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး “ဒီလိုစဉ်းစားဆင်ခြင်မှုမရှိတဲ့လုပ်ရပ်ကြောင့် ပွဲလာကြည့်တဲ့ပရိသတ်တော်တော်များထိခိုက်ဒဏ်ရာရတာမျိုးရှိလာနိုင်ပြီး အခုဆိုရင် ပရိသတ်တချို့ ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။တာဝန်ရှိသူတွေအနေနဲ့ ဒီလူကို လိုအပ်သလိုအရေးယူသင့်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Greenpeace အဖွဲ့ကတော့ ဒီအဖြစ်အပျက်အပေါ် တောင်းပန်စကားဆိုခဲ့ပြီး “ဒီလိုမျိုးဆန္ဒထုတ်ဖော်တာက ပွဲကိုထိခိုက်ဖို့ ဒါမှမဟုတ် ပရိသတ်တွေကို ဒဏ်ရာရဖို့ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ ပရိသတ်တွေ အားလုံးအဆင်ပြေပါစေလို့ မျှော်လင့်ပြီး ဘယ်သူမှ ကြီးကြီးမားမားဒဏ်ရာမရဖို့လည်း မျှော်လင့်ပါတယ်။

Greenpeace အဖွဲ့ရဲ့လုပ်ရပ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘာမှထိခိုက်နစ်နာမှုမရှိရအောင်ပဲ ရည်ရွယ်ပါတယ်။ ကံဆိုးစွာနဲ့ အခု စတန့်လုပ်ရပ်က စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။

zawgyi

စႏိုက္ပါေတြရဲ႕ လက္ခ်က္မမိေတာ့မလိုၿဖစ္ခဲ့တဲ့ စတန႔္သမား

ဂ်ာမနီနဲ႔ျပင္သစ္အသင္းတို႔ကစားခဲ့တဲ့ ယူ႐ိုအုပ္စုပြဲမွာ ကြင္းထဲကို စတန႔္ထြင္ၿပီး ေလထီးနဲ႔ခုန္ဆင္းခဲ့တဲ့ စတန႔္သမားဟာ ကံေကာင္းေထာက္မလို႔ ရဲတပ္ဖြဲ႕ဝင္စႏိုက္ပါေတြရဲ႕ လက္ခ်က္နဲ႔ အသက္မဆုံးရႈံးခဲ့ရတာပဲျဖစ္ပါတယ္။
အဲဒီသူက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး NGO အဖြဲ ႕ျဖစ္ တဲ့ Greenpeace အဖြဲ႕ဝင္တစ္ဦးျဖစ္ဖို႔မ်ားသလို သူက ေလထီးေပၚမွာ Greenpeace လိုဂိုနဲ႔အတူ “Kick Out Oil! Greenpeace”လို႔ ေရးသားထားၿပီး ကြင္းထဲကို မေမွ်ာ္လင့္ဘဲခုန္ဆင္းလာတဲ့အတြက္ ပရိသတ္ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေဆး႐ုံကိုပို႔ေဆာင္ခဲ့ရပါတယ္။

ကြင္းေဘးနားမွာ လုံၿခဳံေရးေစာင့္ၾကပ္ေနတဲ့ ဂ်ာမန္ရဲတပ္ဖြဲ႕ဝင္ေတြက အဲဒီသူကို အၾကမ္းဖက္သမားလို႔ယူဆၿပီး စႏိုက္ပါနဲ႔ပစ္မယ့္ဆဲဆဲမွာ ေလထီးေပၚက Greenpeace လိုဂိုကို ျမင္လိုက္တာေၾကာင့္ မပစ္ခဲ့ပဲတာျဖစ္ပါတယ္။
ဂ်ာမန္ျပည္ထဲေရးဝန္ႀကီးျဖစ္သူ ဂ်ိဳအာခ်င္ဟာမန္းက “ေလထီးေပၚက Greenpeace စာတန္းေၾကာင့္ စႏိုက္ပါေတြက အဲဒီသူကို မပစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ တကယ္လို႔သာ ရဲေတြက အၾကမ္းဖက္သမားလို႔ယူဆၿပီး ပစ္ခတ္ခဲ့မယ္ဆိုရင္ေတာ့ အဲဒီသူဟာ ဒီလုပ္ရပ္ေၾကာင့္ သူ႔အသက္နဲ႔ရင္းရမယ့္အေနအထားျဖစ္သြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီစတန႔္သမားဟာ ေလထီးကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ျခင္းမရွိတာေၾကာင့္ ကြင္းထဲက Spidercam ႐ုပ္သံကင္မရာေတြနဲ႔ ထိခိုက္မိခဲ့သလို ေျမျပင္ေပၚက်ခ်ိန္မွာလည္း ထိခိုက္ဒဏ္ရာရခဲ့တာပါ။ အဲဒီလုပ္ရပ္နဲ႔ပတ္သက္လို႔ UEFA က ျပင္းျပင္းထန္ထန္ရႈတ္ခ်ခဲ့ၿပီး “ဒီလိုစဥ္းစားဆင္ျခင္မႈမရွိတဲ့လုပ္ရပ္ေၾကာင့္ ပြဲလာၾကည့္တဲ့ပရိသတ္ေတာ္ေတာ္မ်ားထိခိုက္ဒဏ္ရာရတာမ်ိဳးရွိလာႏိုင္ၿပီး အခုဆိုရင္ ပရိသတ္တခ်ိဳ႕ ဒဏ္ရာရခဲ့တဲ့အတြက္ ေဆး႐ုံကိုပို႔ေဆာင္ခဲ့ရပါတယ္။

တာဝန္ရွိသူေတြအေနနဲ႔ ဒီလူကို လိုအပ္သလိုအေရးယူသင့္ပါတယ္”လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ Greenpeace အဖြဲ႕ကေတာ့ ဒီအျဖစ္အပ်က္အေပၚ ေတာင္းပန္စကားဆိုခဲ့ၿပီး “ဒီလိုမ်ိဳးဆႏၵထုတ္ေဖာ္တာက ပြဲကိုထိခိုက္ဖို႔ ဒါမွမဟုတ္ ပရိသတ္ေတြကို ဒဏ္ရာရဖို႔ရည္႐ြယ္ခ်က္နဲ႔လုပ္ေဆာင္ခဲ့တာမဟုတ္ပါဘူး။ ပရိသတ္ေတြ အားလုံးအဆင္ေျပပါေစလို႔ ေမွ်ာ္လင့္ၿပီး ဘယ္သူမွ ႀကီးႀကီးမားမားဒဏ္ရာမရဖို႔လည္း ေမွ်ာ္လင့္ပါတယ္။

Greenpeace အဖြဲ႕ရဲ႕လုပ္ရပ္ေတြဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဘာမွထိခိုက္နစ္နာမႈမရွိရေအာင္ပဲ ရည္႐ြယ္ပါတယ္။ ကံဆိုးစြာနဲ႔ အခု စတန႔္လုပ္ရပ္က စီစဥ္ထားသလိုျဖစ္မလာခဲ့ပါဘူး”လို႔ ထုတ္ျပန္ခဲ့ပါတယ္။