အဇူရီတွေရဲ့ ကျောင်းဆင်းချိန်ဟာ ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးဖြစ်လာပြီလား…

ပေါ်တူဂီ၊ ဂျာမနီ၊ ပြင်သစ်အသင်းတို့နောက်မှာ နှစ်ကာလအတော်ကြာအောင်မြင်မှုတွေ ပျောက်ကွယ်နေခဲ့တဲ့ အဇူရီတွေဟာ အခုအချိန်မှာ ပြန်လည်တောက်ပလာခဲ့ပါပြီ။ တစ်ချိန်ကပရိသတ်တွေရဲ့ အားပေးမှုတွေခံခဲ့ရတဲ့ ချန်ပီယံအသင်းဟောင်းအတွက်တော့ အခု ယူရိုပြိုင်ပွဲဟာ သူတို့အသင်းအတွက် တစ်ကျော့ပြန် အောင်ပွဲတွေဆီကိုရောက်လာတော့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

အဖွင့်ပွဲစဉ်မှာ တူရကီအသင်းကို (၃)ဂိုးပြတ်နဲ့အနိုင်ယူခဲ့ပြီး မနက်က ဆွစ်ဇာလန်နဲ့ပွဲမှာလည်း (၃)ဂိုးသွင်းယူခဲ့ကာ အုပ်စုပွဲစဉ် နှစ်ပွဲကစားပြီးချိန် ပေးဂိုးမရှိ (၆)ဂိုး (၆)မှတ်ရရှိထားတဲ့ အီတလီအသင်းကို မီဒီယာတွေက စိတ်ဝင်တစားဖော်ပြလာခဲ့ပါတယ်။ အည်းပြ မန်ချီနီရဲ့ ဦးဆောင်မှုနဲ့အတူ အီတလီအသင်းဟာဟာ ဒီနိုင်ပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ ပေးဂိုးမဲ့ နိုင်ပွဲ (၁၀)ပွဲဆက်တိုက်အထိ ရှိလာခဲ့ပါတယ်။

၂၀၀၆ မှာ အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပြီး နောက်ထပ် အောင်ုမင်မှုနဲ့ လက်တကမ်းကိုရောက်ခဲ့တာကတော့ ယူရို ၂၀၁၂ ပါ…ဘာလောတယ်လီတို့ရဲ့မျိုးဆက်မှာ ပြန်လည်တောက်ပလာနိုင်ခဲ့မယ်လို့မျှော်လင့်ခဲ့ကျပေမယ့် ဆုဖလားရယူနိုင်ခဲ့နာတွေမရှိခဲ့ပါဘူး။ (၉)နှစ်အကြာ ယူရို ၂၀၂၀မှာ တောက်လျှောက် ကောင်းလာနေတဲ့ အဇူရီတို့ တာထွက်ကောင်းလာနေပါပြီ…

နိုင်ငံတော်သီချင်းရင် အားရပါးရ သီဆိုလေ့ရှိပါတဲ့ အီတလီဘောလုံးသမားတွေဟာ လက်ရွေးစင်ကစားသမားဘဝကို တန်ဖိုးထားကြသူတွေဖြစ်ကြပြီး မှန်ကန်တဲ့ နည်းပြရဲ့လမ်းညွှန်မှုတွေမှာ ပြန်လည်တောက်ပလာခဲ့ကြပါပြီ။

မနေ့ကဆွစ်ဇာလန်နဲ့ပွဲက တည်ငြိမ်တဲ့ ကစားဟန်တွေနဲ့ ကစားပွဲမှာပြိုင်ဘက်ကို ထိန်းချုပ်ကစားပုံတွေဟာ ဒီတစ်ပွဲတင်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ခြေစစ်ပွဲ၊‌ ခြေစမ်းပွဲ တောက်လျှောက်မှာလဲ ဒီစွမ်းဆောင်ရည်မျိုးတွေပါပဲ။ ဂျော်ဂျင်ဟို၊ ဘာရယ်လာနဲ့ လိုကာတယ်လီတို့လို မတူညီကွဲပြားတဲ့ ပုံစံကွဲ ကွင်းလယ်လူ ၃ယောက်ကို ပိုင်ဆိုင်ထားပြီး အသုံးချနိုင်တဲ့ မန်ချီနီကြောင့် တခြားအသင်းတွေထက် ကြီးမားတဲ့အားသာချက်ဖြစ်နေပါတယ်။

အီတလီတွေရဲ့အစဉ်အလာအတိုင်း ခံစစ်ကျစ်လျစ်တဲ့ အသင်းတစ်သင်းအဖြစ်ကို ဖွဲ့စည်းနိုင်ခဲ့ရုံသာမက အီတလီရဲ့ ကစားဟန်ကိုလဲ နောက်ထပ်အဆင့်တစ်ခုမှာ ရှိနေအောင် နည်းပြမန်ချီနီ တည်ဆောက်ထားတာဟာ အရမ်းကိုသိသာပါတယ်။ အုပ်စုပြိုင်ဘက် တူရကီနဲ့ ဆွစ်ဇာလန်ဆိုတာ ကန်ရ အရမ်းလွယ်ကူတဲ့ အသင်းတွေမဟုတ်ပါဘူး။

ဒီလို အသင်းတွေကို ဂိုးရလဒ်အတူနဲ့ သက်သောင့်သက်သာ အနိုင်ရကစားခဲ့တဲ့ အဇူရီတွေရဲ့စွမ်းဆောင်ရည်တွေက နောက်ပွဲတွေမှာ ဘယ်လို ထပ်စွမ်းဆောင်ပြမလဲဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာပါပြီ။ ပြိုင်ပွဲအကြိုကာလတွေမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းမစားခဲ့တဲ့ အီတလီတွေဟာ ဖိအားကင်းပြီး ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ၁၆သင်းရှုံးထွက်အဆင့် ကိုပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။

zawgyi

အဇူရီေတြရဲ႕ ေက်ာင္းဆင္းခ်ိန္ဟာ ၿပိဳင္ဘက္ေတြအတြက္ အိပ္မက္ဆိုးျဖစ္လာၿပီလား…

ေပၚတူဂီ၊ ဂ်ာမနီ၊ ျပင္သစ္အသင္းတို႔ေနာက္မွာ ႏွစ္ကာလအေတာ္ၾကာေအာင္ျမင္မႈေတြ ေပ်ာက္ကြယ္ေနခဲ့တဲ့ အဇူရီေတြဟာ အခုအခ်ိန္မွာ ျပန္လည္ေတာက္ပလာခဲ့ပါၿပီ။ တစ္ခ်ိန္ကပရိသတ္ေတြရဲ႕ အားေပးမႈေတြခံခဲ့ရတဲ့ ခ်န္ပီယံအသင္းေဟာင္းအတြက္ေတာ့ အခု ယူ႐ိုၿပိဳင္ပြဲဟာ သူတို႔အသင္းအတြက္ တစ္ေက်ာ့ျပန္ ေအာင္ပြဲေတြဆီကိုေရာက္လာေတာ့မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။
အဖြင့္ပြဲစဥ္မွာ တူရကီအသင္းကို (၃)ဂိုးျပတ္နဲ႔အႏိုင္ယူခဲ့ၿပီး မနက္က ဆြစ္ဇာလန္နဲ႔ပြဲမွာလည္း (၃)ဂိုးသြင္းယူခဲ့ကာ အုပ္စုပြဲစဥ္ ႏွစ္ပြဲကစားၿပီးခ်ိန္ ေပးဂိုးမရွိ (၆)ဂိုး (၆)မွတ္ရရွိထားတဲ့ အီတလီအသင္းကို မီဒီယာေတြက စိတ္ဝင္တစားေဖာ္ျပလာခဲ့ပါတယ္။ အည္းျပ မန္ခ်ီနီရဲ႕ ဦးေဆာင္မႈနဲ႔အတူ အီတလီအသင္းဟာဟာ ဒီႏိုင္ပြဲ အပါအဝင္ ၿပိဳင္ပြဲစုံမွာ ေပးဂိုးမဲ့ ႏိုင္ပြဲ (၁၀)ပြဲဆက္တိုက္အထိ ရွိလာခဲ့ပါတယ္။

၂၀၀၆ မွာ အျမင့္ဆုံးေအာင္ျမင္မႈျဖစ္တဲ့ ကမာၻ႔ဖလားကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ေအာင္ုမင္မႈနဲ႔ လက္တကမ္းကိုေရာက္ခဲ့တာကေတာ့ ယူ႐ို ၂၀၁၂ ပါ…ဘာေလာတယ္လီတို႔ရဲ႕မ်ိဳးဆက္မွာ ျပန္လည္ေတာက္ပလာႏိုင္ခဲ့မယ္လို႔ေမွ်ာ္လင့္ခဲ့က်ေပမယ့္ ဆုဖလားရယူႏိုင္ခဲ့နာေတြမရွိခဲ့ပါဘူး။ (၉)ႏွစ္အၾကာ ယူ႐ို ၂၀၂၀မွာ ေတာက္ေလွ်ာက္ ေကာင္းလာေနတဲ့ အဇူရီတို႔ တာထြက္ေကာင္းလာေနပါၿပီ…

ႏိုင္ငံေတာ္သီခ်င္းရင္ အားရပါးရ သီဆိုေလ့ရွိပါတဲ့ အီတလီေဘာလုံးသမားေတြဟာ လက္ေ႐ြးစင္ကစားသမားဘဝကို တန္ဖိုးထားၾကသူေတြျဖစ္ၾကၿပီး မွန္ကန္တဲ့ နည္းျပရဲ႕လမ္းၫႊန္မႈေတြမွာ ျပန္လည္ေတာက္ပလာခဲ့ၾကပါၿပီ။
မေန႔ကဆြစ္ဇာလန္နဲ႔ပြဲက တည္ၿငိမ္တဲ့ ကစားဟန္ေတြနဲ႔ ကစားပြဲမွာၿပိဳင္ဘက္ကို ထိန္းခ်ဳပ္ကစားပုံေတြဟာ ဒီတစ္ပြဲတင္မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ေျခစစ္ပြဲ၊‌ ေျခစမ္းပြဲ ေတာက္ေလွ်ာက္မွာလဲ ဒီစြမ္းေဆာင္ရည္မ်ိဳးေတြပါပဲ။ ေဂ်ာ္ဂ်င္ဟို၊ ဘာရယ္လာနဲ႔ လိုကာတယ္လီတို႔လို မတူညီကြဲျပားတဲ့ ပုံစံကြဲ ကြင္းလယ္လူ ၃ေယာက္ကို ပိုင္ဆိုင္ထားၿပီး အသုံးခ်ႏိုင္တဲ့ မန္ခ်ီနီေၾကာင့္ တျခားအသင္းေတြထက္ ႀကီးမားတဲ့အားသာခ်က္ျဖစ္ေနပါတယ္။
အီတလီေတြရဲ႕အစဥ္အလာအတိုင္း ခံစစ္က်စ္လ်စ္တဲ့ အသင္းတစ္သင္းအျဖစ္ကို ဖြဲ႕စည္းႏိုင္ခဲ့႐ုံသာမက အီတလီရဲ႕ ကစားဟန္ကိုလဲ ေနာက္ထပ္အဆင့္တစ္ခုမွာ ရွိေနေအာင္ နည္းျပမန္ခ်ီနီ တည္ေဆာက္ထားတာဟာ အရမ္းကိုသိသာပါတယ္။ အုပ္စုၿပိဳင္ဘက္ တူရကီနဲ႔ ဆြစ္ဇာလန္ဆိုတာ ကန္ရ အရမ္းလြယ္ကူတဲ့ အသင္းေတြမဟုတ္ပါဘူး။
ဒီလို အသင္းေတြကို ဂိုးရလဒ္အတူနဲ႔ သက္ေသာင့္သက္သာ အႏိုင္ရကစားခဲ့တဲ့ အဇူရီေတြရဲ႕စြမ္းေဆာင္ရည္ေတြက ေနာက္ပြဲေတြမွာ ဘယ္လို ထပ္စြမ္းေဆာင္ျပမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာျဖစ္လာပါၿပီ။ ၿပိဳင္ပြဲအႀကိဳကာလေတြမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းမစားခဲ့တဲ့ အီတလီေတြဟာ ဖိအားကင္းၿပီး ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ ၁၆သင္းရႈံးထြက္အဆင့္ ကိုပထမဆုံး တက္ေရာက္ႏိုင္တဲ့အသင္းျဖစ္လာခဲ့ပါတယ္။