ရမ်ဆေးရဲ့ ဂိုးကြောင့် နာမည်ကျော်လူပုဂ္ဂိုလ်တွေ မျက်ခုံးလှုပ်နေ

မနေ့က ယူရို-၂၀၂၀ အုပ်စု(A) ဒုတိယပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝေးလ်စ်နဲ့ တူရကီတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ဝေးလ်စ်အသင်းက (၂)ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဝေးလ်စ်အသင်းဟာ နှစ်ပွဲကစား(၄)မှတ်နဲ့ အုပ်စုကတက်ဖို့ သေချာသလောက်ရှိသွားပြီဖြစ်တာကြောင့် သူတို့ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းခဲ့ပေမယ့် ကမ္ဘာတစ်ဝန်းက နာမည်ကျော်လူပုဂ္ဂိုလ်တွေကတော့ ရင်တထိတ်ထိတ်ဖြစ်နေကြပါပြီ။ အကြောင်းကတော့ ဝေးလ်စ်ကွင်းလယ်လူရမ်ဆေး ဂိုးသွင်းခဲ့လို့ပါပဲ။ Cele တွေ ရင်ထိတ်နေရတာကလည်း အကြောင်းရင်းခိုင်ခိုင်မာမာရှိပါတယ်။

အဲဒါက ရမ်ဆေးဂိုးသွင်းပြီဆိုရင် သိပ်မကြာခင်မှာ နာမည်ကျော်လူပုဂ္ဂိုလ်တစ်ဦး သေဆုံးတတ်လို့ပါပဲ။ ဒါဟာ တိုက်ဆိုင်တာပါလို့ဆင်ခြေပေးကောင်းပေးလို့ရပေမယ့် တစ်ခါမဟုတ်၊နှစ်ခါမဟုတ် နောက်ဆုံး အကြိမ်ကြိမ်ဖြစ်လာတော့ တိုက်ဆိုင်ရုံသက်သက်မဟုတ်တော့ဘူး။ အခုဆိုရင် ရမ်ဆေးဂိုးသွင်းပြီး သိပ်မကြာခင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့တဲ့ နာမည်ကျော်လူပုဂ္ဂိုလ်အရေအတွက်က (၂၀)ကျော်သွားပြီ။

ရမ်ဆေးရဲ့ သေမန်းတမန်ကျိန်စာစတင်ခဲ့တာက ၂၀၀၉ ခုနှစ်မှာဖြစ်ပါတယ်။ ၂၀၀၉၊ သြဂုတ်လတုန်းက ပို့စ်မောက်နဲ့ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ရမ်ဆေးဂိုးသွင်းခဲ့ပြီး (၃)ရက်အကြာမှာပဲ အမေရိကန်သံအမတ်(ဟောင်း)တက်ဒ်ကနေဒီ ကွယ်လွန်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားခဲ့တော့ ရမ်ဆေး ဂိုးထပ်သွင်းခဲ့ပြီး သိပ်မကြာခင်မှာပဲ အူစမာဘင်လာဒင် သေဆုံးခဲ့ပြန်တယ်။

ဒီလောက်အထိက တိုက်ဆိုင်မှုလို့ပြောနိုင်ပေမယ့် နောက်ထပ် မယုံနိုင်လောက်အောင် ရမ်ဆေးဂိုးသွင်းတိုင်း နာမည်ကျော်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့တော့တာပါပဲ။ ၂၀၁၁ ခုနှစ်ထဲမှာပဲ ရမ်ဆေးဟာ စပါးအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ဒီတစ်ခါ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့တာက Apple ကုမ္ပဏီတည်ဆောင်သူ စတိဗ်ဂျော့ဘ်ပဲဖြစ်ပါတယ်။

ရမ်ဆေးဂိုးသွင်းပြီးရင် သေဆုံးခဲ့တဲ့သူတွေထဲမှာ ကဒါဖီ(လစ်ဗျားအာဏာရှင်)၊ ဝစ်တနီဟူစတန်(အဆိုတော်)၊ ပေါလ်ဝေါလ်ကာ(ရုပ်ရှင်မင်းသား)၊ ရော်ဘင်ဝီလီယံ(ရုပ်ရှင်မင်းသား)၊ နန်စီရေဂန်(အမေရိကန်သမ္မတဟောင်း ရော်နယ်လ်ရေဂန်ရဲ့ဇနီးဖြစ်သူ)၊ စတီဖင်ဟော့ကင်း(သိပ္ပံပညာရှင်)စတဲ့ ကဏ္ဍအသီးသီးက နာမည်ကျော်တွေလည်းပါဝင်ခဲ့ကြတယ်။

သူ့ရဲ့ ကျိန်စာဆိုးနဲ့ပတ်သက်ပြီး လူပြောသူပြောများလာချိန်မှာ ရမ်ဆေးက အခုလိုပြောခဲ့ဖူးတယ်။ “ရယ်စရာအကောင်းဆုံး ကောလာဟလကတော့ ကျွန်တော်ဂိုးသွင်းပြီးတိုင်း နာမည်ကျော်လူပုဂ္ဂိုလ်တွေ သေဆုံးတယ်ဆိုတာပါပဲ။ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ ကောလာဟလတွေဖြစ်ပါတယ်” ရမ်ဆေးပြောခဲ့သလို ဒါက ရူးကြောင်ကြောင်နိုင်ပေမယ့် တိုက်ဆိုင်လွန်းမက တိုက်ဆိုင်လာတာတော့ မယုံကြည်လို့မရတော့ဘူး။

အခုဆိုရင် ဝေးလ်စ်အသင်းအတွက် ရမ်ဆေး ဂိုးသွင်းလိုက်ပြန်ပါပြီ။ ဒီသတင်းကြားတဲ့ Cele တွေကတော့ ‘မျောက်မီးခဲကိုင်သလို’ အထိတ်ထိတ်အလန့်လန့်နဲ့ နေရထိုင်ရခက်နေမှာတော့ အမှန်ပါပဲ . .

zawgyi

ရမ္ေဆးရဲ့ ဂိုးေၾကာင့္ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြ မ်က္ခုံးလႈပ္ေန

မေန႔က ယူ႐ို-၂၀၂၀ အုပ္စု(A) ဒုတိယပြဲစဥ္တစ္ပြဲျဖစ္တဲ့ ေဝးလ္စ္နဲ႔ တူရကီတို႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဝးလ္စ္အသင္းက (၂)ဂိုးျပတ္အႏိုင္ရခဲ့တယ္။ ေဝးလ္စ္အသင္းဟာ ႏွစ္ပြဲကစား(၄)မွတ္နဲ႔ အုပ္စုကတက္ဖို႔ ေသခ်ာသေလာက္ရွိသြားၿပီျဖစ္တာေၾကာင့္ သူတို႔ပရိသတ္ေတြအတြက္ ေပ်ာ္႐ႊင္စရာေကာင္းခဲ့ေပမယ့္ ကမာၻတစ္ဝန္းက နာမည္ေက်ာ္လူပုဂၢိဳလ္ေတြကေတာ့ ရင္တထိတ္ထိတ္ျဖစ္ေနၾကပါၿပီ။ အေၾကာင္းကေတာ့ ေဝးလ္စ္ကြင္းလယ္လူရမ္ေဆး ဂိုးသြင္းခဲ့လို႔ပါပဲ။ Cele ေတြ ရင္ထိတ္ေနရတာကလည္း အေၾကာင္းရင္းခိုင္ခိုင္မာမာရွိပါတယ္။

အဲဒါက ရမ္ေဆးဂိုးသြင္းၿပီဆိုရင္ သိပ္မၾကာခင္မွာ နာမည္ေက်ာ္လူပုဂၢိဳလ္တစ္ဦး ေသဆုံးတတ္လို႔ပါပဲ။ ဒါဟာ တိုက္ဆိုင္တာပါလို႔ဆင္ေျခေပးေကာင္းေပးလို႔ရေပမယ့္ တစ္ခါမဟုတ္၊ႏွစ္ခါမဟုတ္ ေနာက္ဆုံး အႀကိမ္ႀကိမ္ျဖစ္လာေတာ့ တိုက္ဆိုင္႐ုံသက္သက္မဟုတ္ေတာ့ဘူး။ အခုဆိုရင္ ရမ္ေဆးဂိုးသြင္းၿပီး သိပ္မၾကာခင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးခဲ့တဲ့ နာမည္ေက်ာ္လူပုဂၢိဳလ္အေရအတြက္က (၂၀)ေက်ာ္သြားၿပီ။

ရမ္ေဆးရဲ႕ ေသမန္းတမန္က်ိန္စာစတင္ခဲ့တာက ၂၀၀၉ ခုႏွစ္မွာျဖစ္ပါတယ္။ ၂၀၀၉၊ ၾသဂုတ္လတုန္းက ပို႔စ္ေမာက္နဲ႔ကစားခဲ့တဲ့ပြဲမွာ အာဆင္နယ္အသင္းအတြက္ ရမ္ေဆးဂိုးသြင္းခဲ့ၿပီး (၃)ရက္အၾကာမွာပဲ အေမရိကန္သံအမတ္(ေဟာင္း)တက္ဒ္ကေနဒီ ကြယ္လြန္ခဲ့တယ္။ ၂၀၁၁ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ကစားခဲ့ေတာ့ ရမ္ေဆး ဂိုးထပ္သြင္းခဲ့ၿပီး သိပ္မၾကာခင္မွာပဲ အူစမာဘင္လာဒင္ ေသဆုံးခဲ့ျပန္တယ္။

ဒီေလာက္အထိက တိုက္ဆိုင္မႈလို႔ေျပာႏိုင္ေပမယ့္ ေနာက္ထပ္ မယုံႏိုင္ေလာက္ေအာင္ ရမ္ေဆးဂိုးသြင္းတိုင္း နာမည္ေက်ာ္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေသဆုံးခဲ့ေတာ့တာပါပဲ။ ၂၀၁၁ ခုႏွစ္ထဲမွာပဲ ရမ္ေဆးဟာ စပါးအသင္းနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီး ဒီတစ္ခါ ကံဆိုးသူေမာင္ရွင္ျဖစ္ခဲ့တာက Apple ကုမၸဏီတည္ေဆာင္သူ စတိဗ္ေဂ်ာ့ဘ္ပဲျဖစ္ပါတယ္။

ရမ္ေဆးဂိုးသြင္းၿပီးရင္ ေသဆုံးခဲ့တဲ့သူေတြထဲမွာ ကဒါဖီ(လစ္ဗ်ားအာဏာရွင္)၊ ဝစ္တနီဟူစတန္(အဆိုေတာ္)၊ ေပါလ္ေဝါလ္ကာ(႐ုပ္ရွင္မင္းသား)၊ ေရာ္ဘင္ဝီလီယံ(႐ုပ္ရွင္မင္းသား)၊ နန္စီေရဂန္(အေမရိကန္သမၼတေဟာင္း ေရာ္နယ္လ္ေရဂန္ရဲ႕ဇနီးျဖစ္သူ)၊ စတီဖင္ေဟာ့ကင္း(သိပၸံပညာရွင္)စတဲ့ က႑အသီးသီးက နာမည္ေက်ာ္ေတြလည္းပါဝင္ခဲ့ၾကတယ္။

သူ႔ရဲ႕ က်ိန္စာဆိုးနဲ႔ပတ္သက္ၿပီး လူေျပာသူေျပာမ်ားလာခ်ိန္မွာ ရမ္ေဆးက အခုလိုေျပာခဲ့ဖူးတယ္။ “ရယ္စရာအေကာင္းဆုံး ေကာလာဟလကေတာ့ ကြၽန္ေတာ္ဂိုးသြင္းၿပီးတိုင္း နာမည္ေက်ာ္လူပုဂၢိဳလ္ေတြ ေသဆုံးတယ္ဆိုတာပါပဲ။ ဒါဟာ ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ ေကာလာဟလေတြျဖစ္ပါတယ္” ရမ္ေဆးေျပာခဲ့သလို ဒါက ႐ူးေၾကာင္ေၾကာင္ႏိုင္ေပမယ့္ တိုက္ဆိုင္လြန္းမက တိုက္ဆိုင္လာတာေတာ့ မယုံၾကည္လို႔မရေတာ့ဘူး။

အခုဆိုရင္ ေဝးလ္စ္အသင္းအတြက္ ရမ္ေဆး ဂိုးသြင္းလိုက္ျပန္ပါၿပီ။ ဒီသတင္းၾကားတဲ့ Cele ေတြကေတာ့ ‘ေမ်ာက္မီးခဲကိုင္သလို’ အထိတ္ထိတ္အလန႔္လန႔္နဲ႔ ေနရထိုင္ရခက္ေနမွာေတာ့ အမွန္ပါပဲ . .