ဂန္ထဝင်ရဲ့ လမ်းခွဲချိန်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ယခုနှစ်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ကြောင်း ကြာသပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ကြေညာခဲ့ပါတယ်။

နောက်ခံလူ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်တွင် ၁၆ နှစ်ကြာကစားခဲ့ပြီး ဆုဖလားများစွာ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

စပိန်လက်ရွေးစင် ကစားသမား ဆာဂျီယိုရာမို့စ်ဟာ ၂၀၀၅ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ၁၆ နှစ်ကြာ ကစားခဲ့သူဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ရာမို့စ်ဟာ ကြာသပတေးနေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲ တွင် လွန်ခဲ့တဲ့လက ကစားခဲ့တဲ့
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ချယ်လ်ဆီးကို (၂-ဝ) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ၎င်းရဲ့ ကလပ်အသင်းအတွက် နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရာမို့စ်၏ ရီးရဲလ်အသင်းနှင့် စာချုပ်ဟာ ယခုဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းက ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှုကြောင့် ဘဏ္ဍာရေးအခက်အခဲအရ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အခြားကစားသမားများနည်းတူ စပေ ခကအ အနေဖြင့် လစာရဲ့ ၁၀ ရာခိုင်နှုန်း လျှော့ချကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

သို့သော် ရာမို့စ်အနေဖြင့် သူ၏ မူရင်းလစာအတိုင်း နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုနေ၍ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ရာမို့စ်အနေဖြင့် ရာသီအစပိုင်းကာလများတွင် သူရဲ့အကာင်းဆုံးပုံစံကိုရရှိဖို့ မျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာများ ကြောင့် ရုန်းကန်ခဲ့ရပါတယ်။


ချယ်လ်ဆီးနှင့်ပွဲတွင် ပြန်လည်ပါဝင်ခဲ့ပေမယ့် ပုံစံကောင်းကို မပြသနိုင်ခဲ့ပါဘူး။

အဲဒီလို ဒဏ်ရာ ပြဿနာများနဲ့ ရုန်းကန်ခဲ့ရပြီး ပထမဆုံးအကြိမ်အဖြစ် စပိန်အသင်းလူစာရင်းမှ လူးဝစ်အင်းနရစ်၏ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ရာမို့စ်သည် ၎င်းင်း၏ ရီးရဲလ်ကစားသမားဘဝတစ်လျှောက် ဥရောပဖလား(ချန်ပီယံလိဂ်)လေးကြိမ်၊ ကမ္ဘာ့ကလပ်ဖလား လေးကြိမ်၊ ဥရောပစူပါဖလားသုံးကြိမ်၊ လိဂ်ဖလား ငါးကြိမ်နှင့် ကိုပါဒယ်ရေးဖလား နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်တွင် ပွဲချိန် မိနစ် (၉၀) အထိ အက်သလက်တီကို မက်ဒရစ်အသင်းက

ပွဲချိန် ၃၆ မိနစ်တွင် သွင်းယူခဲ့သည့် ဒီယေဂို ဂိုဒင်၏ ဂိုးဦးဆောင်နေခဲ့ပြီး

ရာမို့စ်၏ နာကျင်အချိန် ၃ မိနစ် (၉၀+၃) ၌ သွင်းယူခဲ့သည့် ခေါင်းတိုက်ဂိုးသည် အသင်းသမိုင်းတစ်လျှောက် အရေးပါဆုံးဂိုးဖြစ်ခဲ့ပြီး
(La Decima) လာဒက်ဆီမာအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက် အချိန်ပို ဆက်လက်ကစားခဲ့ရပြီး ရီးရဲလ်အသင်းက ဂါရတ်ဘေးလ်၊ မာဆယ်လိုနဲ့ စီရော်နယ်ဒိုတို့က
ဂိုးများဆက်လက်သွင်းယူကာ အက်သလက်တီကိုမက်ဒရစ်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အသင်းအတွက် (La Decima)လာဒက်ဆီမာ ခေါ် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်။

ရီးရဲလ်အသင်းအနေဖြင့် ရာမို့စ်နေရာကို အစားထိုးရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းမှ ဒေးဗစ်အလာဘာကို
အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီဖြစ်သည်။


ရာမို့စ်ကို ခေါ်ယူရန် PSG နှင့် ဆီဗီလာအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

 

Zawgyi

ဂႏၴဝင္ရဲ႕ လမ္းခြဲခ်ိန္

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းက သူတို႔ရဲ႕အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ ယခုႏွစ္ေႏြရာသီတြင္ အသင္းမွ ထြက္ခြာမည္ေၾကာင္း ၾကာသပေတးေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ ေၾကညာခဲ့ပါတယ္။

ေနာက္ခံလူ အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္တြင္ ၁၆ ႏွစ္ၾကာကစားခဲ့ၿပီး ဆုဖလားမ်ားစြာ ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ ကစားသမား ဆာဂ်ီယိုရာမို႔စ္ဟာ ၂၀၀၅ ခုႏွစ္တြင္ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၁၆ ႏွစ္ၾကာ ကစားခဲ့သူျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ရာမို႔စ္ဟာ ၾကာသပေတးေန႔က ျပဳလုပ္တဲ့ မီဒီယာေတြ႕ဆုံပြဲ တြင္ လြန္ခဲ့တဲ့လက ကစားခဲ့တဲ့
ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္တြင္ ခ်ယ္လ္ဆီးကို (၂-ဝ) ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ဟာ ၎ရဲ႕ ကလပ္အသင္းအတြက္ ေနာက္ဆုံးပြဲစဥ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ရာမို႔စ္၏ ရီးရဲလ္အသင္းႏွင့္ စာခ်ဳပ္ဟာ ယခုဇြန္လကုန္တြင္ သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။
ရီးရဲလ္အသင္းက ကို႐ိုနာဗိုင္းရပ္စ္ သက္ေရာက္မႈေၾကာင့္ ဘ႑ာေရးအခက္အခဲအရ တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုရန္ အျခားကစားသမားမ်ားနည္းတူ စေပ ခကအ အေနျဖင့္ လစာရဲ႕ ၁၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။

သို႔ေသာ္ ရာမို႔စ္အေနျဖင့္ သူ၏ မူရင္းလစာအတိုင္း ႏွစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုေန၍ ညႇိႏႈိင္းမႈ အဆင္မေျပျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
ရာမို႔စ္အေနျဖင့္ ရာသီအစပိုင္းကာလမ်ားတြင္ သူရဲ႕အကာင္းဆုံးပုံစံကိုရရွိဖို႔ ေမွ်ာ္လင့္ခဲ့ေပမဲ့ ဒဏ္ရာျပႆနာမ်ား ေၾကာင့္ ႐ုန္းကန္ခဲ့ရပါတယ္။
ခ်ယ္လ္ဆီးႏွင့္ပြဲတြင္ ျပန္လည္ပါဝင္ခဲ့ေပမယ့္ ပုံစံေကာင္းကို မျပသႏိုင္ခဲ့ပါဘူး။
အဲဒီလို ဒဏ္ရာ ျပႆနာမ်ားနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ပထမဆုံးအႀကိမ္အျဖစ္ စပိန္အသင္းလူစာရင္းမွ လူးဝစ္အင္းနရစ္၏ ခ်န္လွပ္ျခင္း ခံခဲ့ရပါတယ္။

ရာမို႔စ္သည္ ၎င္း၏ ရီးရဲလ္ကစားသမားဘဝတစ္ေလွ်ာက္ ဥေရာပဖလား(ခ်န္ပီယံလိဂ္)ေလးႀကိမ္၊ ကမာၻ႔ကလပ္ဖလား ေလးႀကိမ္၊ ဥေရာပစူပါဖလားသုံးႀကိမ္၊ လိဂ္ဖလား ငါးႀကိမ္ႏွင့္ ကိုပါဒယ္ေရးဖလား ႏွစ္ႀကိမ္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

၂၀၁၃-၂၀၁၄ ခုႏွစ္က ကစားခဲ့သည့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္တြင္ ပြဲခ်ိန္ မိနစ္ (၉၀) အထိ အက္သလက္တီကို မက္ဒရစ္အသင္းက
ပြဲခ်ိန္ ၃၆ မိနစ္တြင္ သြင္းယူခဲ့သည့္ ဒီေယဂို ဂိုဒင္၏ ဂိုးဦးေဆာင္ေနခဲ့ၿပီး

ရာမို႔စ္၏ နာက်င္အခ်ိန္ ၃ မိနစ္ (၉၀+၃) ၌ သြင္းယူခဲ့သည့္ ေခါင္းတိုက္ဂိုးသည္ အသင္းသမိုင္းတစ္ေလွ်ာက္ အေရးပါဆုံးဂိုးျဖစ္ခဲ့ၿပီး
(La Decima) လာဒက္ဆီမာအိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ထို႔ေနာက္ အခ်ိန္ပို ဆက္လက္ကစားခဲ့ရၿပီး ရီးရဲလ္အသင္းက ဂါရတ္ေဘးလ္၊ မာဆယ္လိုနဲ႔ စီေရာ္နယ္ဒိုတို႔က

ဂိုးမ်ားဆက္လက္သြင္းယူကာ အက္သလက္တီကိုမက္ဒရစ္အသင္းကို (၄-၁) ဂိုးျဖင့္ အႏိုင္ရခဲ့ၿပီး အသင္းအတြက္ (La Decima)လာဒက္ဆီမာ ေခၚ ၁၀ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ပါတယ္။

ရီးရဲလ္အသင္းအေနျဖင့္ ရာမို႔စ္ေနရာကို အစားထိုးရန္အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းမွ ေဒးဗစ္အလာဘာကို
အလြတ္ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူထားၿပီျဖစ္သည္။
ရာမို႔စ္ကို ေခၚယူရန္ PSG ႏွင့္ ဆီဗီလာအသင္းတို႔က စိတ္ဝင္စားေနေၾကာင္း သိရသည္။