ကစားသမားနဲ့ နည်းပြ ဘယ်သူက သြဇာပိုရှိသလဲ…

လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက သတင်းစာ ရှင်းလင်းပွဲမှာ ကိုကာကိုလာ အချိုရည်ကိုဖယ်ပြီး ” ရေကို သောက်ပါ “ဆိုပြီး ပြောခဲ့တဲ့နောက်မှာ ယူရိုပြိုင်ပွဲရဲ့ အင်တာဗျူးခုံပေါ်က ကိုကာကိုလာ အချိုရည်ဘူးဟာ သတိထားစရာ ဖြစ်လာပါတယ်။ ရော်နယ်ဒိုရဲ့ အပြုအမူအပြီးနာရီဝက်အကြာမှာ ကိုကာကိုလာဟာ စတော့ဈေးကွက်ထဲကသူ့ရဲ့တန်ဖိုးဟာ (၄) ဘီလီယံလောက်ကျဆင်းသွားခဲ့ပါတယ်။

ရော်နယ်ဒို ရဲ့ အပြုအမူဟာ ကိုကာကိုလာအတွက်တော့ စိတ်ပျက်စရာဖြစ်စေခဲ့သလို ကုမ္ပဏီကလည်း ကြေငြာချက် တစ်စောင်လည်း ချက်ခြင်းထုတ်ပြန်ခဲ့ရပါတယ်။ ကိုကာကိုလာရဲ့ကြေငြာချက်ထဲမှာ လူတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်တဲ့အရသာကို ရွေးချယ်ခံစားနိုင်ပြီး လူတိုင်းမှာ မတူညီတဲ့ အရသာလိုအပ်ချက်တွေ ရှိတယ်ဆိုပြီး ရေးသားထားပါတယ်။

ရော်နယ်ဒို ကိုလေးစားအားကျတဲ့ကစားသမားတွေအတွက်တော့ ဒီအချက်ဟာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီအချိန်မှာ မနေ့က ဖင်လန်အသင်းကိုအနိုင်ရယူခဲ့တဲ့ ရုရှားအသင်းရဲ့နည်းပြကတော့ မထင်မှတ်တဲ့အပြုအမူတစ်ခုကို မီဒီယာတွေရှေ့မှာ ပြုလုပ်ပြခဲ့ပါတယ်။ ဒါကတော့ ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့တာပဲဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ ပြောင်းပြန်လုပ်ပြခဲ့တဲ့ အသက် (၅၇) နှစ်အရွယ် ရုရှား နည်းပြ ဖြစ်သူ စတာနီစလေ ချာချီဆော့ဗ်က သူ့ရှေ့က ခုံပေါ်မှာ ချထားတဲ့ ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့တာဟာ အနိုင်ဂိုး သွင်းယူပေးတဲ့ အသင်းရဲ့ တိုက်စစ်မှူး မီရန်ချုကို ဂုဏ်ပြုတဲ့ အနေဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ စတာနီစလေ ချာချီဆော့ဗ်က ကိုကာကိုလာ အချိုရည်ဟာ အောင်ပွဲခံတဲ့အမှတ်အသားတစ်ခုလို့ သွယ်ဝိုက်တဲ့အနေနဲ့ ပြသလိုက်တယ်လို့ဆိုနိုင်ပါတယ်။

မနေ့ကပွဲမှာရုရှားအသင်းဟာ ဖင်လန်အသင်းရဲ့တိုက်စစ်ကို စနစ်တကျ ချေဖျက်နိုင်ခဲ့သလို ထိရောက်တဲ့ တန်ပြန်တိုက်စစ် တွေနဲ့လည်း ဖင်လန်အသင်းဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရုရှားအသင်းရဲ့ ထိုးဖောက်မှုတွေကို ဖင်လန်ဂိုးသမား ဟာရာဒက်ကီက အပိုင် ကာကွယ်နိုင်ခဲ့လို့သာ နောက်ထပ် သွင်းဂိုးတွေ မရရှိခဲ့တာဖြစ်ပြီး ရုရှားအသင်းရဲ့ အသင်းလိုက် ကစားအားကလည်း ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ပွဲဦးထွက် ဘယ်ဂျီယံ အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် H2H အရ ဖင်လန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စု (ဘီ) မှာ ဇယား ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ နောက် အဆင့် (၂) နေရာမှာရပ်တည်နိုင် နေပါတယ်။ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒိန်းမက်အသင်းကိုသာ အနိမ့်ဆုံး သရေကစားနိုင်ခဲ့မယ်ဆိုရင် ရုရှားအသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။

zawgyi

ကစားသမားနဲ႔ နည္းျပ ဘယ္သူက ၾသဇာပိုရွိသလဲ…

လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုက သတင္းစာ ရွင္းလင္းပြဲမွာ ကိုကာကိုလာ အခ်ိဳရည္ကိုဖယ္ၿပီး ” ေရကို ေသာက္ပါ “ဆိုၿပီး ေျပာခဲ့တဲ့ေနာက္မွာ ယူ႐ိုၿပိဳင္ပြဲရဲ႕ အင္တာဗ်ဴးခုံေပၚက ကိုကာကိုလာ အခ်ိဳရည္ဘူးဟာ သတိထားစရာ ျဖစ္လာပါတယ္။ ေရာ္နယ္ဒိုရဲ႕ အျပဳအမူအၿပီးနာရီဝက္အၾကာမွာ ကိုကာကိုလာဟာ စေတာ့ေဈးကြက္ထဲကသူ႔ရဲ႕တန္ဖိုးဟာ (၄) ဘီလီယံေလာက္က်ဆင္းသြားခဲ့ပါတယ္။

ေရာ္နယ္ဒို ရဲ႕ အျပဳအမူဟာ ကိုကာကိုလာအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ေစခဲ့သလို ကုမၸဏီကလည္း ေၾကျငာခ်က္ တစ္ေစာင္လည္း ခ်က္ျခင္းထုတ္ျပန္ခဲ့ရပါတယ္။ ကိုကာကိုလာရဲ႕ေၾကျငာခ်က္ထဲမွာ လူတိုင္းဟာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အရသာကို ေ႐ြးခ်ယ္ခံစားႏိုင္ၿပီး လူတိုင္းမွာ မတူညီတဲ့ အရသာလိုအပ္ခ်က္ေတြ ရွိတယ္ဆိုၿပီး ေရးသားထားပါတယ္။

ေရာ္နယ္ဒို ကိုေလးစားအားက်တဲ့ကစားသမားေတြအတြက္ေတာ့ ဒီအခ်က္ဟာ စဥ္းစားစရာျဖစ္ေနပါတယ္။ ဒီအခ်ိန္မွာ မေန႔က ဖင္လန္အသင္းကိုအႏိုင္ရယူခဲ့တဲ့ ႐ုရွားအသင္းရဲ႕နည္းျပကေတာ့ မထင္မွတ္တဲ့အျပဳအမူတစ္ခုကို မီဒီယာေတြေရွ႕မွာ ျပဳလုပ္ျပခဲ့ပါတယ္။ ဒါကေတာ့ ပြဲၿပီးသတင္းစာ ရွင္းလင္းပြဲမွာ ကိုကာကိုလာ အခ်ိဳရည္ကို ေသာက္ခဲ့တာပဲျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ အျပဳအမူနဲ႔ ေျပာင္းျပန္လုပ္ျပခဲ့တဲ့ အသက္ (၅၇) ႏွစ္အ႐ြယ္ ႐ုရွား နည္းျပ ျဖစ္သူ စတာနီစေလ ခ်ာခ်ီေဆာ့ဗ္က သူ႔ေရွ႕က ခုံေပၚမွာ ခ်ထားတဲ့ ကိုကာကိုလာ အခ်ိဳရည္ကို ေသာက္ခဲ့တာဟာ အႏိုင္ဂိုး သြင္းယူေပးတဲ့ အသင္းရဲ႕ တိုက္စစ္မႉး မီရန္ခ်ဳကို ဂုဏ္ျပဳတဲ့ အေနျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါဟာ စတာနီစေလ ခ်ာခ်ီေဆာ့ဗ္က ကိုကာကိုလာ အခ်ိဳရည္ဟာ ေအာင္ပြဲခံတဲ့အမွတ္အသားတစ္ခုလို႔ သြယ္ဝိုက္တဲ့အေနနဲ႔ ျပသလိုက္တယ္လို႔ဆိုႏိုင္ပါတယ္။

မေန႔ကပြဲမွာ႐ုရွားအသင္းဟာ ဖင္လန္အသင္းရဲ႕တိုက္စစ္ကို စနစ္တက် ေခ်ဖ်က္ႏိုင္ခဲ့သလို ထိေရာက္တဲ့ တန္ျပန္တိုက္စစ္ ေတြနဲ႔လည္း ဖင္လန္အသင္းဂိုးေပါက္ကိုၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ႐ုရွားအသင္းရဲ႕ ထိုးေဖာက္မႈေတြကို ဖင္လန္ဂိုးသမား ဟာရာဒက္ကီက အပိုင္ ကာကြယ္ႏိုင္ခဲ့လို႔သာ ေနာက္ထပ္ သြင္းဂိုးေတြ မရရွိခဲ့တာျဖစ္ၿပီး ႐ုရွားအသင္းရဲ႕ အသင္းလိုက္ ကစားအားကလည္း ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။

ပြဲဦးထြက္ ဘယ္ဂ်ီယံ အသင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ေပမယ့္ H2H အရ ဖင္လန္အသင္းကို အႏိုင္ရရွိခဲ့တာေၾကာင့္ အုပ္စု (ဘီ) မွာ ဇယား ထိပ္ဆုံးကေန ဦးေဆာင္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ေနာက္ အဆင့္ (၂) ေနရာမွာရပ္တည္ႏိုင္ ေနပါတယ္။ အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဒိန္းမက္အသင္းကိုသာ အနိမ့္ဆုံး သေရကစားႏိုင္ခဲ့မယ္ဆိုရင္ ႐ုရွားအသင္းအေနနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္မွာျဖစ္ပါတယ္။