အရက်မူးပြီးဘောလုံးကန်ရင်တောင် ဖိုဒန်ထက် ပိုကောင်းတယ်လို့ဆိုခဲ့တဲ့ ဂတ်စ်ကွိုင်း

အင်္ဂလန်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ်ဂတ်စ်ကွိုင်းဟာ သူနဲ့ အခုအင်္ဂလန်အသင်းရဲ့လူငယ်ကြယ်ပွင့်ဖိုဒန်တို့ကို နှိုင်းယှဉ်နေတဲ့အပေါ် သဘောမကျဖြစ်နေပြီး သူ့ခြေစွမ်းကို မီတဲ့သူတစ်ယောက်မှမရှိဘဲ အရက်မူးပြီးဘောလုံးကန်ရင်တောင် ဖိုဒန်ထက်ပိုကောင်းတယ်လို့ ပြတ်ပြတ်သားသားဆိုခဲ့ပါတယ်။

ဖိုဒန်ဟာ ခရိုအေးရှားနဲ့ပွဲမတိုင်ခင် သူ့ရဲ့ဆံပင်ပုံစံကို ယူရို-၉၆ပြိုင်ပွဲတုန်းက ဂတ်စ်ကွိုင်းရဲ့ဆံပင်ပုံစံအတိုင်း ငွေရောင်ပြောင်းလဲခဲ့ပြီး မီဒီယာတွေက ယူရို-၉၆မှာ ဂတ်စ်ကွိုင်းခြေစွမ်းပြခဲ့သလို အခုဖိုဒန်ကလည်း အင်္ဂလန်အသင်းရဲ့ ‘ဂတ်စ်ကွိုင်းလက်သစ်’ဖြစ်လာမယ်လို့ တင်စားနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂတ်စ်ကွိုင်းကတော့ သူနဲ့ဖိုဒန်နှိုင်းယှဉ်နေတာကို သိပ်ပြီးသဘောမကျပါဘူး။

မီဒီယာတွေက ဖိုဒန်နဲ့ပတ်သက်လို့ မေးမြန်းကြတဲ့အပေါ် ဂတ်စ်ကွိုင်းက “ကျွန်တော့်ကို ဘယ်သူနဲ့မှနှိုင်းယှဉ်လို့ မရပါဘူး။ အရက်သောက်ပြီး မျက်စိမှိတ်ကစားရင်တောင် ပြိုင်ဘက်တိုင်းကို ကျွန်တော် ကျော်ဖြတ်နိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂတ်စ်ကွိုင်းဟာ ၁၉၉၀ ကမ္ဘာ့ဖလား၊ ယူရို-၉၆ပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူဟာ ပင်ကိုယ်အရည်အသွေးရှိတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ကစားသမားဘဝတစ်လျှောက် ပြဿနာတစ်ခုမဟုတ်တစ်ခု ဖန်တီးခဲ့တာ၊ အရက်အလွန်အကျွံသောက်သုံးတာကြောင့် လူနေမှုဘဝကိုပါ ထိခိုက်ခဲ့ပြီး ဘောလုံးသမားဘဝကို မထင်မရှားကလပ်တွေမှာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၉၆ပြိုင်ပွဲတုန်းက ဂတ်စ်ကွိုင်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်သာအမြင့်ဆုံးရောက်ရှိခဲ့ပေမယ့် ဂတ်စ်ကွိုင်းက အင်္ဂလန်အသင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲတိုင်းကစားနိုင်ရင် ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိရောက်နိုင်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

zawgyi

အရက္မူးၿပီးေဘာလုံးကန္ရင္ေတာင္ ဖိုဒန္ထက္ ပိုေကာင္းတယ္လို႔ဆိုခဲ့တဲ့ ဂတ္စ္ကြိဳင္း

အဂၤလန္ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါလ္ဂတ္စ္ကြိဳင္းဟာ သူနဲ႔ အခုအဂၤလန္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ဖိုဒန္တို႔ကို ႏႈိင္းယွဥ္ေနတဲ့အေပၚ သေဘာမက်ျဖစ္ေနၿပီး သူ႔ေျခစြမ္းကို မီတဲ့သူတစ္ေယာက္မွမရွိဘဲ အရက္မူးၿပီးေဘာလုံးကန္ရင္ေတာင္ ဖိုဒန္ထက္ပိုေကာင္းတယ္လို႔ ျပတ္ျပတ္သားသားဆိုခဲ့ပါတယ္။

ဖိုဒန္ဟာ ခ႐ိုေအးရွားနဲ႔ပြဲမတိုင္ခင္ သူ႔ရဲ႕ဆံပင္ပုံစံကို ယူ႐ို-၉၆ၿပိဳင္ပြဲတုန္းက ဂတ္စ္ကြိဳင္းရဲ႕ဆံပင္ပုံစံအတိုင္း ေငြေရာင္ေျပာင္းလဲခဲ့ၿပီး မီဒီယာေတြက ယူ႐ို-၉၆မွာ ဂတ္စ္ကြိဳင္းေျခစြမ္းျပခဲ့သလို အခုဖိုဒန္ကလည္း အဂၤလန္အသင္းရဲ႕ ‘ဂတ္စ္ကြိဳင္းလက္သစ္’ျဖစ္လာမယ္လို႔ တင္စားေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ဂတ္စ္ကြိဳင္းကေတာ့ သူနဲ႔ဖိုဒန္ႏႈိင္းယွဥ္ေနတာကို သိပ္ၿပီးသေဘာမက်ပါဘူး။

မီဒီယာေတြက ဖိုဒန္နဲ႔ပတ္သက္လို႔ ေမးျမန္းၾကတဲ့အေပၚ ဂတ္စ္ကြိဳင္းက “ကြၽန္ေတာ့္ကို ဘယ္သူနဲ႔မွႏႈိင္းယွဥ္လို႔ မရပါဘူး။ အရက္ေသာက္ၿပီး မ်က္စိမွိတ္ကစားရင္ေတာင္ ၿပိဳင္ဘက္တိုင္းကို ကြၽန္ေတာ္ ေက်ာ္ျဖတ္ႏိုင္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။

အသက္(၅၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂတ္စ္ကြိဳင္းဟာ ၁၉၉၀ ကမာၻ႔ဖလား၊ ယူ႐ို-၉၆ၿပိဳင္ပြဲေတြမွာ အဂၤလန္အသင္းအတြက္ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး သူဟာ ပင္ကိုယ္အရည္အေသြးရွိတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ ကစားသမားဘဝတစ္ေလွ်ာက္ ျပႆနာတစ္ခုမဟုတ္တစ္ခု ဖန္တီးခဲ့တာ၊ အရက္အလြန္အကြၽံေသာက္သုံးတာေၾကာင့္ လူေနမႈဘဝကိုပါ ထိခိုက္ခဲ့ၿပီး ေဘာလုံးသမားဘဝကို မထင္မရွားကလပ္ေတြမွာ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ယူ႐ို-၉၆ၿပိဳင္ပြဲတုန္းက ဂတ္စ္ကြိဳင္းရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ၿပိဳင္ပြဲေတြမွာ ကြာတားဖိုင္နယ္သာအျမင့္ဆုံးေရာက္ရွိခဲ့ေပမယ့္ ဂတ္စ္ကြိဳင္းက အဂၤလန္အသင္းဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ပြဲတိုင္းကစားႏိုင္ရင္ ဒီႏွစ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိေရာက္ႏိုင္မယ္လို႔ သုံးသပ္ခဲ့ပါတယ္။