ယူရိုစံချိန်သစ်တွေ တင်ပြလိုက်တဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အိမ်ရှင်ဟန်ဂေရီကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယူရိုမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့သလို ယူရိုပြိုင်ပွဲမှာ အများဆုံးပါဝင်ယှဉ်ပြိုင်သူအဖြစ် ၅ကြိမ်နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကြယ်ပွင့် စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၀၄ ပြိုင်ပွဲမှာ စတင်ပါဝင်ခဲ့ပြီးနောက် ၁၇ နှစ်အကြာမှာလည်း အသင်းခေါင်းဆောင်အဖြစ် ယူရိုမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဟန်ဂေရီနဲ့ပွဲအပြီးမှာ တစ်ဦးချင်းမှတ်တမ်းကောင်းတွေ ထပ်မံရေးထိုးနိုင်ခဲ့ပြီး ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပြီးနောက် ယူရိုဂိုးသွင်းဘုရင်အဖြစ် တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့သလို ပွဲပြီးခါနီးမှာ သူ့အတွက် ယူရိုသွင်းဂိုး ၁၁ဂိုးမြောက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်တုန်းက နောက်ခံလူပီပီ ၃၅ နှစ်၊ ၁၂၄ ရက်နဲ့ စံချိန်တင်ထားတဲ့ ပေါ်တူဂီအတွက် အဓိကပြိုင်ပွဲကြီးတွေမှာ ဂိုးသွင်းနိုင်တဲ့အသက်အကြီးဆုံးကစားသမားစံချိန်ကို ၃၆ နှစ်၊ ၁၃၀ ရက်နဲ့ ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ယူရိုပြိုင်ပွဲမှာ တစ်ပွဲတည်း အနည်းဆုံး ၂ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမားလည်းဖြစ်လာပြီး အရင်တုန်းကတော့ လက်ရှိယူကရိန်းနည်းပြ ရှက်ဗ်ချန်ကိုက အသက် ၃၅ နှစ်၊ ၂၅၆ ရက်နဲ့ စံချိန်တင်ထားခဲ့တာပါ။ ပေါ်တူဂီက စီရော်နယ်ဒိုရဲ့ဂိုးတွေအပြင် ပွဲချိန် ၈၄ မိနစ်မှာ ဂွါရဲရိုးရဲ့ဦးဆောင်ဂိုးပါ ရရှိခဲ့ရာ ယူရိုသမိုင်းတစ်လျှောက် ပွဲပြီးဖို့ ၁၀မိနစ်အလိုအတွင်း အနည်းဆုံး ၃ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းလည်းဖြစ်လာပါတယ်။

ယူနိုက်တက်နဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်း စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၂၀၀၄ မှာ စတင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဂရိကို ပေါ်တူဂီအသင်း မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ရပါတယ်။
အဲဒီနောက် သြစတြီးယားနဲ့ဆွစ်ဇာလန်တို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ယူရို ၂၀၀၈ မှာ စီရော်နယ်ဒို ပါဝင်လာပြီး အသင်းက အုပ်စုပထမရခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ ဂျာမနီကို အရေးနိမ့်ခဲ့ရပါတယ်။

ယူရို ၂၀၁၂ မှာ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ရပြီး စီရော်နယ်ဒိုက ၅လုံးမြောက်ပင်နယ်တီကန်ဖို့ စီစဉ်ထားလို့ စပိန်က ၄-၂ ဂိုးနဲ့အနိုင်ရသွားတဲ့အခါ သူလည်း ကန်တောင်မကန်လိုက်ရပါဘူး။
ယူရို ၂၀၁၆ မှာ အုပ်စုတွင်း ၃ပွဲစလုံး သရေကျခဲ့ပေမယ့် အဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကိုပါ အနိုင်ရခဲ့လို့ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ယခုအခါ ပေါ်တူဂီအသင်းအတွက် ၁၇၆ ပွဲမှာ ၁၀၆ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ရာ လက်ရွေးစင်သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့အီရန်တိုက်စစ်မှူး အလီဒါယီရဲ့မှတ်တမ်းကို လိုက်မီဖို့ ၃ဂိုးပဲ လိုပါတော့တယ်။

zawgyi

ယူ႐ိုစံခ်ိန္သစ္ေတြ တင္ျပလိုက္တဲ့ စီေရာ္နယ္ဒို

ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုဟာ အိမ္ရွင္ဟန္ေဂရီကို ဝ-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ယူ႐ိုမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ရပ္တည္ႏိုင္ခဲ့သလို ယူ႐ိုၿပိဳင္ပြဲမွာ အမ်ားဆုံးပါဝင္ယွဥ္ၿပိဳင္သူအျဖစ္ ၅ႀကိမ္နဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္း အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ယူ႐ို ၂၀၀၄ ၿပိဳင္ပြဲမွာ စတင္ပါဝင္ခဲ့ၿပီးေနာက္ ၁၇ ႏွစ္အၾကာမွာလည္း အသင္းေခါင္းေဆာင္အျဖစ္ ယူ႐ိုမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ဟန္ေဂရီနဲ႔ပြဲအၿပီးမွာ တစ္ဦးခ်င္းမွတ္တမ္းေကာင္းေတြ ထပ္မံေရးထိုးႏိုင္ခဲ့ၿပီး ပင္နယ္တီကေန ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ ယူ႐ိုဂိုးသြင္းဘုရင္အျဖစ္ တစ္ဦးတည္းလြတ္လြတ္ကြၽတ္ကြၽတ္ရပ္တည္ႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာ သူ႔အတြက္ ယူ႐ိုသြင္းဂိုး ၁၁ဂိုးေျမာက္သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္တုန္းက ေနာက္ခံလူပီပီ ၃၅ ႏွစ္၊ ၁၂၄ ရက္နဲ႔ စံခ်ိန္တင္ထားတဲ့ ေပၚတူဂီအတြက္ အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဂိုးသြင္းႏိုင္တဲ့အသက္အႀကီးဆုံးကစားသမားစံခ်ိန္ကို ၃၆ ႏွစ္၊ ၁၃၀ ရက္နဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ သူဟာ ယူ႐ိုၿပိဳင္ပြဲမွာ တစ္ပြဲတည္း အနည္းဆုံး ၂ဂိုးသြင္းယူႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမားလည္းျဖစ္လာၿပီး အရင္တုန္းကေတာ့ လက္ရွိယူကရိန္းနည္းျပ ရွက္ဗ္ခ်န္ကိုက အသက္ ၃၅ ႏွစ္၊ ၂၅၆ ရက္နဲ႔ စံခ်ိန္တင္ထားခဲ့တာပါ။ ေပၚတူဂီက စီေရာ္နယ္ဒိုရဲ႕ဂိုးေတြအျပင္ ပြဲခ်ိန္ ၈၄ မိနစ္မွာ ဂြါရဲ႐ိုးရဲ႕ဦးေဆာင္ဂိုးပါ ရရွိခဲ့ရာ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ ပြဲၿပီးဖို႔ ၁၀မိနစ္အလိုအတြင္း အနည္းဆုံး ၃ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံးအသင္းလည္းျဖစ္လာပါတယ္။

ယူႏိုက္တက္နဲ႔ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း စီေရာ္နယ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ ၂၀၀၄ မွာ စတင္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဂရိကို ေပၚတူဂီအသင္း မထင္မွတ္ဘဲ အေရးနိမ့္ခဲ့ရပါတယ္။
အဲဒီေနာက္ ၾသစႀတီးယားနဲ႔ဆြစ္ဇာလန္တို႔ ပူးတြဲအိမ္ရွင္အျဖစ္ က်င္းပခဲ့တဲ့ ယူ႐ို ၂၀၀၈ မွာ စီေရာ္နယ္ဒို ပါဝင္လာၿပီး အသင္းက အုပ္စုပထမရခဲ့ေပမယ့္ ကြာတားဖိုင္နယ္မွာ ဂ်ာမနီကို အေရးနိမ့္ခဲ့ရပါတယ္။

ယူ႐ို ၂၀၁၂ မွာ စီေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီအသင္းဟာ ဆီမီးဖိုင္နယ္မွာ စပိန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ရၿပီး စီေရာ္နယ္ဒိုက ၅လုံးေျမာက္ပင္နယ္တီကန္ဖို႔ စီစဥ္ထားလို႔ စပိန္က ၄-၂ ဂိုးနဲ႔အႏိုင္ရသြားတဲ့အခါ သူလည္း ကန္ေတာင္မကန္လိုက္ရပါဘူး။
ယူ႐ို ၂၀၁၆ မွာ အုပ္စုတြင္း ၃ပြဲစလုံး သေရက်ခဲ့ေပမယ့္ အဆင့္ဆင့္ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲမွာ အိမ္ရွင္ျပင္သစ္ကိုပါ အႏိုင္ရခဲ့လို႔ ေပၚတူဂီအသင္း ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ယခုအခါ ေပၚတူဂီအသင္းအတြက္ ၁၇၆ ပြဲမွာ ၁၀၆ ဂိုးအထိ သြင္းယူေပးထားၿပီးျဖစ္ရာ လက္ေ႐ြးစင္သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားတဲ့အီရန္တိုက္စစ္မႉး အလီဒါယီရဲ႕မွတ္တမ္းကို လိုက္မီဖို႔ ၃ဂိုးပဲ လိုပါေတာ့တယ္။