ပွဲပြီးမီဒီယာတွေ့ဆုံပွဲမှာ ဟန်နီကယ်ဘီယာပုလင်းကို ဖယ်ရှားခဲ့တဲ့ ပေါ့ဘာ

ယူရိုပြိုင်ပွဲရဲ့ မရဏအုပ်စုလို့ တင်စားရမယ့် အုပ်စု (F)မှာ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ ယူရိုချန်ပီယံ ပေါ်တူဂီနဲ့ နာမည်ကြီးဂျာမနီတို့ပါဝင်နေပါတယ်။
အုပ်စု (F) ရဲ့ ဒုတိယပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဂျာမနီတို့ဟာ အင်္ဂါနေ့ညမှာ ကစား ခဲ့ပြီး ပြင်သစ်အသင်းက (၁-ဝ) ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ်။

တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၂၀ မှာ ဂျာမနီ နောက်ခံလူ ဟမ်းမဲလ်ရဲ့ Own Goal နဲ့ရရှိ ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာ ဘန်ဇီမာက ဒုတိယဂိုးသွင်းယူခဲ့ပေမဲ့ VAR နဲ့ ငြင်းပယ်ခံခဲ့ ရပါတယ်။


ပြင်သစ် (၁-ဝ) ဂျာမနီပွဲပြီး မီဒီယာတွေ့ဆုံပွဲမှာ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ၎င်းင်းရဲ့ရှေ့မှာတင်ထားတဲ့ Heineken ဘီယာပုလင်းကို ဖယ်ရှားပစ်ခဲ့ပါတယ်။
ပေါ့ဘာဟာ ဘာသာတရားကိုင်းရှိုင်းသူ ဖြစ်ပြီး သူတို့ဘာ သာအရ အရက်သောက်မှုကို ကန့်သတ်ထား လို့ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟာ ပြိုင်ပွဲရဲ့စပွန်ဆာကုမ္ပဏီတစ်ခုဖြစ်တဲ့ Heineken ဘီယာပုလင်းကို သူ့ရဲ့မြင်ကွင်းထဲကနေ မီဒီယာရှင်းလင်းပွဲလုပ်နေစဉ်အတွင်းမှာပဲ ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

Heineken ကုမ္ပဏီဟာ ယူရို (၂၀၂၀) ကို စီစဉ်နေတဲ့ UEFA နဲ့ မိတ်ဖက်ဖြစ်တာကြောင့် ဟန်နီကယ်ကယူရို ပြိုင်ပွဲရဲ့ စပွန်ဆာဖြစ်ပြီး

ပေါ့ဘာကတော့ Heineken ကုမ္ပဏီကို မထောက်ခံလိုတာလားတော့ မသိနိုင်ပါဘူး။
ဒီဖြစ်ရပ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ စီရော်နယ်ဒိုက ကိုကာကိုလာ ပုလင်းကို သူ့ မျက်စိရှေ့ကနေ ဖယ်ရှားခဲ့တဲ့နောက် ဒုတိယ မြောက်ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဘလွန်းဒီအော် (၅) ကြိမ်ဆုရှင် ရော်နယ်ဒိုကတော့ ကျန်းမာရေး အလွန် လိုက်စားတဲ့ သူ ဖြစ်တာမို့ ကိုလာကို မသောက်ချင်တာ ဖြစ်နိုင်ပြီး

ကိုကာကိုလာ (၂) ဗူးကို သူ့ရှေ့က ဖယ်ရှားပြီးတာနဲ့ ရေသန့်ဗူးကို လေထဲမှာ မြောက်ပြီး ပေါ်တူဂီလို “Agua”၊ မြန်မာလိုက ရေလို့ ပြောခဲ့ပါတယ်။

ကိုကာကိုလာ ကုမ္ပဏီဟာ ယူရို (၂၀၂၀) ကို စီစဉ်နေတဲ့နၤဗ နဲ့ မိတ်ဖက်ဖြစ်တာကြောင့် ကိုကာကိုလာကယူရို ပြိုင်ပွဲရဲ့ စပွန်ဆာ ဖြစ်ပြီး

ရော်နယ်ဒိုက ယူရို ပြိုင်ပွဲရဲ့ စပွန်ဆာ ကိုလာ အချိုရည်ကို သောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

Zawgyi

ပြဲၿပီးမီဒီယာေတြ႕ဆုံပြဲမွာ Heineken ဘီယာပုလင္းကို ဖယ္ရွားခဲ့တဲ့ ေပါ့ဘာ

ယူ႐ိုၿပိဳင္ပြဲရဲ႕ မရဏအုပ္စုလို႔ တင္စားရမယ့္ အုပ္စု (F)မွာ ကမာၻ႔ဖလားခ်န္ပီယံ ဂ်ာမနီ၊ ယူ႐ိုခ်န္ပီယံ ေပၚတူဂီနဲ႔ နာမည္ႀကီးဂ်ာမနီတို႔ပါဝင္ေနပါတယ္။
အုပ္စု (F) ရဲ႕ ဒုတိယပြဲစဥ္အျဖစ္ ျပင္သစ္နဲ႔ ဂ်ာမနီတို႔ဟာ အဂၤါေန႔ညမွာ ကစား ခဲ့ၿပီး ျပင္သစ္အသင္းက (၁-ဝ) ရလဒ္ နဲ႔ အႏိုင္ရခဲ့ပါတယ္။

တစ္လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဂ်ာမနီ ေနာက္ခံလူ ဟမ္းမဲလ္ရဲ႕ Own Goal နဲ႔ရရွိ ခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ဘန္ဇီမာက ဒုတိယဂိုးသြင္းယူခဲ့ေပမဲ့ VAR နဲ႔ ျငင္းပယ္ခံခဲ့ ရပါတယ္။
ျပင္သစ္ (၁-ဝ) ဂ်ာမနီပြဲၿပီး မီဒီယာေတြ႕ဆုံပြဲမွာ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာက ၎င္းရဲ႕ေရွ႕မွာတင္ထားတဲ့ Heineken ဘီယာပုလင္းကို ဖယ္ရွားပစ္ခဲ့ပါတယ္။

ေပါ့ဘာဟာ ဘာသာတရားကိုင္းရႈိင္းသူ ျဖစ္ၿပီး သူတို႔ဘာ သာအရ အရက္ေသာက္မႈကို ကန႔္သတ္ထား လို႔ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ၾကယ္ပြင့္ဟာ ၿပိဳင္ပြဲရဲ႕စပြန္ဆာကုမၸဏီတစ္ခုျဖစ္တဲ့ Heineken ဘီယာပုလင္းကို သူ႔ရဲ႕ျမင္ကြင္းထဲကေန မီဒီယာရွင္းလင္းပြဲလုပ္ေနစဥ္အတြင္းမွာပဲ ဖယ္ရွားပစ္ခဲ့တာျဖစ္ပါတယ္။

Heineken ကုမၸဏီဟာ ယူ႐ို (၂၀၂၀) ကို စီစဥ္ေနတဲ့ UEFA နဲ႔ မိတ္ဖက္ျဖစ္တာေၾကာင့္ ဟန္နီကယ္ကယူ႐ို ၿပိဳင္ပြဲရဲ႕ စပြန္ဆာျဖစ္ၿပီး

ေပါ့ဘာကေတာ့ Heineken ကုမၸဏီကို မေထာက္ခံလိုတာလားေတာ့ မသိႏိုင္ပါဘူး။
ဒီျဖစ္ရပ္ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ စီေရာ္နယ္ဒိုက ကိုကာကိုလာ ပုလင္းကို သူ႔ မ်က္စိေရွ႕ကေန ဖယ္ရွားခဲ့တဲ့ေနာက္ ဒုတိယ ေျမာက္ျဖစ္စဥ္ျဖစ္ခဲ့ပါတယ္။

ဘလြန္းဒီေအာ္ (၅) ႀကိမ္ဆုရွင္ ေရာ္နယ္ဒိုကေတာ့ က်န္းမာေရး အလြန္ လိုက္စားတဲ့ သူ ျဖစ္တာမို႔ ကိုလာကို မေသာက္ခ်င္တာ ျဖစ္ႏိုင္ၿပီး

ကိုကာကိုလာ (၂) ဗူးကို သူ႔ေရွ႕က ဖယ္ရွားၿပီးတာနဲ႔ ေရသန႔္ဗူးကို ေလထဲမွာ ေျမာက္ၿပီး ေပၚတူဂီလို “Agua”၊ ျမန္မာလိုက ေရလို႔ ေျပာခဲ့ပါတယ္။
ကိုကာကိုလာ ကုမၸဏီဟာ ယူ႐ို (၂၀၂၀) ကို စီစဥ္ေနတဲ့နဗၤ နဲ႔ မိတ္ဖက္ျဖစ္တာေၾကာင့္ ကိုကာကိုလာကယူ႐ို ၿပိဳင္ပြဲရဲ႕ စပြန္ဆာ ျဖစ္ၿပီး

ေရာ္နယ္ဒိုက ယူ႐ို ၿပိဳင္ပြဲရဲ႕ စပြန္ဆာ ကိုလာ အခ်ိဳရည္ကို ေသာက္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။