ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရမယ့် ကလပ်အသင်းဖော်ပေါ့ဘာကို သတိပေးလိုက်တဲ့ ဘရူနို

ပေါ်တူဂီအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ယူရိုအုပ်စုတွင်းမှာ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမယ့် ကလပ်အသင်းဖော်ပေ့ါဘာကို သတိပေးစကားဆိုလိုက်ပါတယ်။ ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ဟာ အုပ်စု(F)မှာအတူတူကျရောက်နေတာဖြစ်ပြီး လာမယ့်(၂၃)ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဂျာမနီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူဟမ်းမဲလ်ရဲ့ OG ဂိုးကြောင့်အနိုင်ရခဲ့ပြီး ပေ့ါဘာက ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် အဲဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(MVP)ကို ရရှိခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဂျာမနီနဲ့ပွဲအပြီး မီဒီယာတွေနဲ့ပေ့ါဘာ အင်တာဗျူးနေတဲ့ပုံကို သူ့ရဲ့ Instagram မှာဖော်ပြခဲ့ပြီး “မင်းအတွက် ဝမ်းသာပါတယ်ကွာ။ ဒါပေမဲ့ ဂျာမနီနဲ့ပွဲမှာပဲ MVP ဆုရမှာနော်”လို့ နောက်သလိုလိုနဲ့ သတိပေးစကားဆိုခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ပြောချင်တာက သူတို့အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲမှာတော့ ပေ့ါဘာ ခြေစွမ်းပြကစားနိုင်ဖို့ မမျှော်လင့်နဲ့ဆိုတဲ့သဘောပါပဲ။ ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့Post ကို ပေ့ါဘာမြင်အောင် ပေါ့ဘာကို Tag တွဲလိုက်ပါသေးတယ်။ ယူရိုလက်ရှိချန်ပီယံပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဟန်ဂေရီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲရအောင်ရုန်းကန်ခဲ့ရပြီး မိနစ်(၉၀)ပြည့်ဖို့ (၆)မိနစ်လောက်အလိုမှာ ဂွါရဲရိုး၊ စီရော်နယ်လ်ဒို(၂ဂိုး)တို့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့်သာ (၃)ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် အခုဇွန်လ(၁၉)ရက်ကျရင် ဂျာမနီအသင်းနဲ့ မြူးနစ်မြို့မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တကယ်လို့ အဲဒီပွဲမှာအခြေအနေမကောင်းခဲ့ရင်တော့ အုပ်စုကတက်ဖို့ ပြင်သစ်အသင်းနဲ့နောက်ဆုံးပွဲက အဆုံးအဖြတ်ဖြစ်လာမှာပါ

zawgyi

ၿပိဳင္ဘက္အျဖစ္ ျပန္ရင္ဆိုင္ရမယ့္ ကလပ္အသင္းေဖာ္ေပါ့ဘာကို သတိေပးလိုက္တဲ့ ဘ႐ူႏို

ေပၚတူဂီအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူ႐ိုအုပ္စုတြင္းမွာ ၿပိဳင္ဘက္အျဖစ္ ျပန္လည္ရင္ဆိုင္ရမယ့္ ကလပ္အသင္းေဖာ္ေပ့ါဘာကို သတိေပးစကားဆိုလိုက္ပါတယ္။ ေပၚတူဂီနဲ႔ ျပင္သစ္အသင္းတို႔ဟာ အုပ္စု(F)မွာအတူတူက်ေရာက္ေနတာျဖစ္ၿပီး လာမယ့္(၂၃)ရက္မွာ အုပ္စုေနာက္ဆုံးပြဲအျဖစ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ျပင္သစ္အသင္းဟာ အုပ္စုအဖြင့္ပြဲအျဖစ္ ဂ်ာမနီအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူဟမ္းမဲလ္ရဲ႕ OG ဂိုးေၾကာင့္အႏိုင္ရခဲ့ၿပီး ေပ့ါဘာက ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့အတြက္ အဲဒီပြဲရဲ႕အေကာင္းဆုံးကစားသမားဆု(MVP)ကို ရရွိခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဂ်ာမနီနဲ႔ပြဲအၿပီး မီဒီယာေတြနဲ႔ေပ့ါဘာ အင္တာဗ်ဴးေနတဲ့ပုံကို သူ႔ရဲ႕ Instagram မွာေဖာ္ျပခဲ့ၿပီး “မင္းအတြက္ ဝမ္းသာပါတယ္ကြာ။ ဒါေပမဲ့ ဂ်ာမနီနဲ႔ပြဲမွာပဲ MVP ဆုရမွာေနာ္”လို႔ ေနာက္သလိုလိုနဲ႔ သတိေပးစကားဆိုခဲ့တာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ေျပာခ်င္တာက သူတို႔အသင္းနဲ႔ရင္ဆိုင္ရမယ့္ပြဲမွာေတာ့ ေပ့ါဘာ ေျခစြမ္းျပကစားႏိုင္ဖို႔ မေမွ်ာ္လင့္နဲ႔ဆိုတဲ့သေဘာပါပဲ။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ သူ႔ရဲ႕Post ကို ေပ့ါဘာျမင္ေအာင္ ေပါ့ဘာကို Tag တြဲလိုက္ပါေသးတယ္။ ယူ႐ိုလက္ရွိခ်န္ပီယံေပၚတူဂီအသင္းဟာ အုပ္စုအဖြင့္ပြဲအျဖစ္ ဟန္ေဂရီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ႏိုင္ပြဲရေအာင္႐ုန္းကန္ခဲ့ရၿပီး မိနစ္(၉၀)ျပည့္ဖို႔ (၆)မိနစ္ေလာက္အလိုမွာ ဂြါရဲ႐ိုး၊ စီေရာ္နယ္လ္ဒို(၂ဂိုး)တို႔ သြင္းယူခဲ့တဲ့ဂိုးေတြေၾကာင့္သာ (၃)ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ အုပ္စုဒုတိယပြဲအျဖစ္ အခုဇြန္လ(၁၉)ရက္က်ရင္ ဂ်ာမနီအသင္းနဲ႔ ျမဴးနစ္ၿမိဳ႕မွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး တကယ္လို႔ အဲဒီပြဲမွာအေျခအေနမေကာင္းခဲ့ရင္ေတာ့ အုပ္စုကတက္ဖို႔ ျပင္သစ္အသင္းနဲ႔ေနာက္ဆုံးပြဲက အဆုံးအျဖတ္ျဖစ္လာမွာပါ