ပေါ့ဘာကို သွားနဲ့ ကိုက်ဖို့ ကြိုးစားခဲ့တဲ့ ရူဒီဂါ

ဂျာမနီ လက်ရွေးစင် ချဲလ်ဆီး နောက်ခံလူ ရူဒီဂါကတော့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ယူရို အုပ်စု (F) ပွဲစဉ်မှာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ချဉ်းကပ်ပြီး သွားနဲ့ ကိုက်ဖို့ ကြိုးစားနေတဲ့ မြင်ကွင်း ထွက်ပေါ်လာခဲ့ပါတယ်။ ကင်မရာမှာ မြင်ရတဲ့ မြင်ကွင်းအရ ဂျာမနီ နောက်ခံလူ ရူဒီဂါဟာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို နောက်ကနေ ချဉ်းကပ်ပြီး ခေါင်းကို ကျောကုန်းပေါ်မှာ တင်ပြီးတဲ့နောက် ကျောကုန်းကို သွားနဲ့ ကိုက်ဖို့ ကြိုးစားနေခဲ့ပါတယ်။

ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ အလျှင်အမြန် ကွင်းလယ်ဒိုင်ကို သွားပြောခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင်အထိ ဘယ်သူမှ သတိမထားမိကြတာကြောင့် ရူဒီဂါက အဝါကဒ်ရော အနီကဒ်ရော ဘာကဒ်မှ မထိခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြင်သစ် လက်ရွေးစင် မန်ယူ ကွင်းလယ်လူ ပေါ့ဘာက ရူဒီဂါအနေနဲ့ သွားနဲ့ ကိုက်တာကြောင့် ပြစ်ဒဏ် တစ်ခုခု ချမှတ်ခံရမှာ မလိုလားပါဘူးလို့ မှတ်ချက်ပြု ပြောကြားသွားတာ ဖြစ်ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာက “ရူဒီဂါက ကျွန်တော့်ကို အနည်းငယ် ကိုက်တယ်။ ကိုက်တာကို ကျွန်တော် ခံစားရတယ်။ ဒီတော့ ကျွန်တော် ကွင်းလယ်ဒိုင်ကို သွားပြောတယ်။ ဒါပေမယ့် သူ့ကို အဝါကဒ် ပြဖို့ ဒါမှမဟုတ် အနီကဒ် ပြဖို့အတွက် တောင်းဆိုနေတာတော့ မဟုတ်ပါဘူး”

“ရူဒီဂါအနေနဲ့ ဘာကဒ်မှ အပြမခံရပါဘူး။ သူ ဒီလို သွားကိုက်တဲ့ ဖြစ်စဉ်ကြောင့် သူ ပွဲပယ်ခံရတာမျိုး ကျွန်တော် မလိုချင်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့ ဖက်ကြတယ်။ ဒီဖြစ်စဉ်က ပြီးသွားပါတယ်”လို့ ပြောသွားပါတယ်။

ပြိုင်ဘက်ကို ကိုက်တဲ့ ဖြစ်စဉ်က အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တိုက်စစ်မှူး ဆွာရက်စ်ဟာ (၂၀၁၄) ကမ္ဘာ့ဖလားမှာ နောက်ခံလူ ချီလီနီကို ကိုက်လို့ (၄) လကြာ ပွဲပယ် ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် (၆၆,၀၀၀) ချမှတ်ခံခဲ့ရပါတယ်။ ပြင်သစ်အသင်းဟာ ဂျာမနီအသင်းကို ဘန်ဇီမာရဲ့ လူကျွန်သွင်းဂိုးက လွဲလို့ အခြား သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန် (၂၂) မိနစ်က ဂျာမနီ နောက်ခံလူ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးကြောင့် (၁-ဝ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

zawgyi

ေပါ့ဘာကို သြားနဲ႔ ကိုက္ဖို႔ ႀကိဳးစားခဲ့တဲ့ ႐ူဒီဂါ

ဂ်ာမနီ လက္ေ႐ြးစင္ ခ်ဲလ္ဆီး ေနာက္ခံလူ ႐ူဒီဂါကေတာ့ အဂၤါေန႔ညက ကစားခဲ့တဲ့ ယူ႐ို အုပ္စု (F) ပြဲစဥ္မွာ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကို ခ်ဥ္းကပ္ၿပီး သြားနဲ႔ ကိုက္ဖို႔ ႀကိဳးစားေနတဲ့ ျမင္ကြင္း ထြက္ေပၚလာခဲ့ပါတယ္။ ကင္မရာမွာ ျမင္ရတဲ့ ျမင္ကြင္းအရ ဂ်ာမနီ ေနာက္ခံလူ ႐ူဒီဂါဟာ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကို ေနာက္ကေန ခ်ဥ္းကပ္ၿပီး ေခါင္းကို ေက်ာကုန္းေပၚမွာ တင္ၿပီးတဲ့ေနာက္ ေက်ာကုန္းကို သြားနဲ႔ ကိုက္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ အလွ်င္အျမန္ ကြင္းလယ္ဒိုင္ကို သြားေျပာခဲ့ေပမယ့္လည္း ပထမပိုင္း မၿပီးခင္အထိ ဘယ္သူမွ သတိမထားမိၾကတာေၾကာင့္ ႐ူဒီဂါက အဝါကဒ္ေရာ အနီကဒ္ေရာ ဘာကဒ္မွ မထိခဲ့တာ ျဖစ္ပါတယ္။ ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ျပင္သစ္ လက္ေ႐ြးစင္ မန္ယူ ကြင္းလယ္လူ ေပါ့ဘာက ႐ူဒီဂါအေနနဲ႔ သြားနဲ႔ ကိုက္တာေၾကာင့္ ျပစ္ဒဏ္ တစ္ခုခု ခ်မွတ္ခံရမွာ မလိုလားပါဘူးလို႔ မွတ္ခ်က္ျပဳ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာက “႐ူဒီဂါက ကြၽန္ေတာ့္ကို အနည္းငယ္ ကိုက္တယ္။ ကိုက္တာကို ကြၽန္ေတာ္ ခံစားရတယ္။ ဒီေတာ့ ကြၽန္ေတာ္ ကြင္းလယ္ဒိုင္ကို သြားေျပာတယ္။ ဒါေပမယ့္ သူ႔ကို အဝါကဒ္ ျပဖို႔ ဒါမွမဟုတ္ အနီကဒ္ ျပဖို႔အတြက္ ေတာင္းဆိုေနတာေတာ့ မဟုတ္ပါဘူး”

“႐ူဒီဂါအေနနဲ႔ ဘာကဒ္မွ အျပမခံရပါဘူး။ သူ ဒီလို သြားကိုက္တဲ့ ျဖစ္စဥ္ေၾကာင့္ သူ ပြဲပယ္ခံရတာမ်ိဳး ကြၽန္ေတာ္ မလိုခ်င္ပါဘူး။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္တို႔ ဖက္ၾကတယ္။ ဒီျဖစ္စဥ္က ၿပီးသြားပါတယ္”လို႔ ေျပာသြားပါတယ္။

ၿပိဳင္ဘက္ကို ကိုက္တဲ့ ျဖစ္စဥ္က အရင္ကလည္း ျဖစ္ခဲ့ဖူးၿပီး တိုက္စစ္မႉး ဆြာရက္စ္ဟာ (၂၀၁၄) ကမာၻ႔ဖလားမွာ ေနာက္ခံလူ ခ်ီလီနီကို ကိုက္လို႔ (၄) လၾကာ ပြဲပယ္ ျပစ္ဒဏ္ နဲ႔ ဒဏ္ေငြ ေပါင္ (၆၆,၀၀၀) ခ်မွတ္ခံခဲ့ရပါတယ္။

ျပင္သစ္အသင္းဟာ ဂ်ာမနီအသင္းကို ဘန္ဇီမာရဲ႕ လူကြၽန္သြင္းဂိုးက လြဲလို႔ အျခား သြင္းဂိုး တစ္ဂိုးမွ မသြင္းႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ (၂၂) မိနစ္က ဂ်ာမနီ ေနာက္ခံလူ ဟမ္းမဲလ္ရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းဂိုးေၾကာင့္ (၁-ဝ) နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။