ဂျာမနီ နဲ့ ပြင်သစ် ယူရို ပွဲစဉ်မှာ (၁၅) စက္ကန့်ကြာ သတိမေ့ခဲ့တဲ့ ပါဗက်

ပြင်သစ် နောက်ခံလူ ပါဗက်ကတော့ မနေ့ည၊ အင်္ဂါနေ့ညက ဂျာမနီအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို အုပ်စု (အက်ဖ်) ပွဲစဉ်မှာ ကွင်းအတွင်း (၁၀) စက္ကန့်၊ (၁၅) စက္ကန့်ကြာ သတိမေ့နေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

နောက်ခံလူ ပါဗက်ဟာ ပင်နယ်တီ ဧရီယာထဲမှာ လေထဲက ဘောလုံးကို ခေါင်းနဲ့ ရယူဖို့ ကြိုးစားတဲ့ အချိန်မှာပဲ ဂျာမနီ နောက်ခံလူ ဂိုဆက်နဲ့ အချင်းချင်း တိုက်မိခဲ့တာကြောင့် ထိခိုက်သွားခဲ့ပြီး သတိမေ့သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ခံလူ ပါဗက်ဟာ ကွင်းထဲမှာပဲ ပြင်သစ်ဆေးအဖွဲ့ရဲ့ ကုသပေးမှုကို ခံယူခဲ့ပြီး အချိန် အနည်းငယ် အကြာမှာ ဆေးအဖွဲ့ရဲ့ ထောက်ခံချက်ကြောင့် လက်ကျန် ပွဲကစားချိန် မိနစ်တွေကို ဆက်လက် ကစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ဘန်ဇီမားရဲ့ သွင်းဂိုးကို ရရှိခဲ့ပေမယ့် လူကျွန်နေခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် မိနစ် (၂၀) မှာ ရရှိခဲ့တဲ့ ဂျာမနီ နောက်ခံလူ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးကြောင့် (၁-ဝ) နဲ့ နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

beIN Sports သတင်းမှာ နောက်ခံလူ ပါဗက်က “ကျွန်တော် တကယ် တုန်လှုပ်ပါတယ်။ ကျွန်တော် (၁၀) စက္ကန့်၊ (၁၅) စက္ကန့်ကြာ အနည်းငယ် သတိမေ့သွားတယ်။ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှု ကောင်းတဲ့ ဂျာမနီအသင်းနဲ့ ကစားခဲ့တယ် ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ခံစစ်ရော တိုက်စစ်ရော ကောင်းစွာ ကစားခဲ့ပါတယ်။”

“ကျွန်တော်တို့ စည်းလုံးခဲ့ပါတယ်။ ခံစားမှု ကောင်းခဲ့တယ်။ ကြံခိုင်မှုပိုင်းအရ ကျွန်တော်တို့ ပို အားကောင်းတယ်။ ဒီဟာက လာမယ့် ပွဲစဉ်အတွက် ကောင်းပါတယ်။ ကျွန်တော်တို့ အသင်းလိုက် ခုခံခဲ့ကြပါတယ်။ ဒီပွဲစဉ်က ပွဲကောင်း တစ်ပွဲထက် ပိုပါတယ်။ ဂျာမနီအသင်းကို ယှဉ်ပြိုင်ပြီး အနိုင်ကစားတာ ကောင်းမွန်ပါတယ်”လို့ ပြောသွားပါတယ်။


ပြင်သစ် နောက်ခံလူ ပါဗက်ဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆန် ပြီးရင် ကွင်းအတွင်းမှာ သတိမေ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပြီး သူကတော့ စိုးရိမ်းရတဲ့ အခြေအနေ မရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ဂျာမနီအသင်းကို အနိုင် ကစားသွားခဲ့တာကြောင့် အုပ်စု (အက်ဖ်) ရဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး လာမယ့် ယူရို ပွဲစဉ် အဖြစ် စနေနေ့ညမှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

zawgyi

ဂ်ာမနီ နဲ႔ ျပင္သစ္ ယူ႐ို ပြဲစဥ္မွာ (၁၅) စကၠန႔္ၾကာ သတိေမ့ခဲ့တဲ့ ပါဗက္

ျပင္သစ္ ေနာက္ခံလူ ပါဗက္ကေတာ့ မေန႔ည၊ အဂၤါေန႔ညက ဂ်ာမနီအသင္းကို (၁-ဝ) ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို အုပ္စု (အက္ဖ္) ပြဲစဥ္မွာ ကြင္းအတြင္း (၁၀) စကၠန႔္၊ (၁၅) စကၠန႔္ၾကာ သတိေမ့ေနခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ေနာက္ခံလူ ပါဗက္ဟာ ပင္နယ္တီ ဧရီယာထဲမွာ ေလထဲက ေဘာလုံးကို ေခါင္းနဲ႔ ရယူဖို႔ ႀကိဳးစားတဲ့ အခ်ိန္မွာပဲ ဂ်ာမနီ ေနာက္ခံလူ ဂိုဆက္နဲ႔ အခ်င္းခ်င္း တိုက္မိခဲ့တာေၾကာင့္ ထိခိုက္သြားခဲ့ၿပီး သတိေမ့သြားခဲ့တာ ျဖစ္ပါတယ္။
ေနာက္ခံလူ ပါဗက္ဟာ ကြင္းထဲမွာပဲ ျပင္သစ္ေဆးအဖြဲ႕ရဲ႕ ကုသေပးမႈကို ခံယူခဲ့ၿပီး အခ်ိန္ အနည္းငယ္ အၾကာမွာ ေဆးအဖြဲ႕ရဲ႕ ေထာက္ခံခ်က္ေၾကာင့္ လက္က်န္ ပြဲကစားခ်ိန္ မိနစ္ေတြကို ဆက္လက္ ကစားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ဘန္ဇီမားရဲ႕ သြင္းဂိုးကို ရရွိခဲ့ေပမယ့္ လူကြၽန္ေနခဲ့ၿပီး ပထမပိုင္း ပြဲကစားခ်ိန္ မိနစ္ (၂၀) မွာ ရရွိခဲ့တဲ့ ဂ်ာမနီ ေနာက္ခံလူ ဟမ္းမဲလ္ရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းဂိုးေၾကာင့္ (၁-ဝ) နဲ႔ ႏိုင္ပြဲ ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။

beIN Sports သတင္းမွာ ေနာက္ခံလူ ပါဗက္က “ကြၽန္ေတာ္ တကယ္ တုန္လႈပ္ပါတယ္။ ကြၽန္ေတာ္ (၁၀) စကၠန႔္၊ (၁၅) စကၠန႔္ၾကာ အနည္းငယ္ သတိေမ့သြားတယ္။ ကြၽန္ေတာ္တို႔ ေဘာလုံး ပိုင္ဆိုင္မႈ ေကာင္းတဲ့ ဂ်ာမနီအသင္းနဲ႔ ကစားခဲ့တယ္ ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ခံစစ္ေရာ တိုက္စစ္ေရာ ေကာင္းစြာ ကစားခဲ့ပါတယ္။”

“ကြၽန္ေတာ္တို႔ စည္းလုံးခဲ့ပါတယ္။ ခံစားမႈ ေကာင္းခဲ့တယ္။ ႀကံခိုင္မႈပိုင္းအရ ကြၽန္ေတာ္တို႔ ပို အားေကာင္းတယ္။ ဒီဟာက လာမယ့္ ပြဲစဥ္အတြက္ ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ အသင္းလိုက္ ခုခံခဲ့ၾကပါတယ္။ ဒီပြဲစဥ္က ပြဲေကာင္း တစ္ပြဲထက္ ပိုပါတယ္။ ဂ်ာမနီအသင္းကို ယွဥ္ၿပိဳင္ၿပီး အႏိုင္ကစားတာ ေကာင္းမြန္ပါတယ္”လို႔ ေျပာသြားပါတယ္။
ျပင္သစ္ ေနာက္ခံလူ ပါဗက္ဟာ လက္ရွိ ယူ႐ို ၿပိဳင္ပြဲမွာ ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆန္ ၿပီးရင္ ကြင္းအတြင္းမွာ သတိေမ့တဲ့ ဒုတိယေျမာက္ ကစားသမား ျဖစ္လာၿပီး သူကေတာ့ စိုးရိမ္းရတဲ့ အေျခအေန မရွိခဲ့တာပဲ ျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ဂ်ာမနီအသင္းကို အႏိုင္ ကစားသြားခဲ့တာေၾကာင့္ အုပ္စု (အက္ဖ္) ရဲ႕ အဆင့္ (၂) ေနရာမွာ ရပ္တည္ေနၿပီး လာမယ့္ ယူ႐ို ပြဲစဥ္ အျဖစ္ စေနေန႔ညမွာ ဟန္ေဂရီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။