ဥရောပဖလားပြိုင်ပွဲ 5 ကြိမ်မြောက် ကစားမယ့် စီရော်နယ်ဒို

ဒီနေ့မှာတော့ ရော်နယ်ဒိုတစ်ယောက် မှတ်တမ်းကောင်းတစ်ခုကို သေချာပေါက်ပိုင်ဆိုင်ပါမယ်။ ပွတ်ရှ်ကက်စ်ကွင်းအတွင်း ကစားမယ့် ဟန်ဂေရီ-ပေါ်တူဂီပွဲတွင် ပါဝင်ကစားလိုက်တာနဲ့ စီ ရော်နယ်ဒိုဟာ ဥရောပဖလားပြိုင်ပွဲ ၅ ကြိမ် ပါဝင်ကစားတဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။လက်ရှိမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက အကျပ်ဆုံး အုပ်စုမှာ ကျရောက်နေရတယ်ဆိုပေမယ့်အသင်းရဲ့လူစာရင်းမှာတော့ ရော်နယ်ဒိုအပါအဝင် အရည်အသွေးကောင်းတဲ့ကစားသမား အများစု ပါဝင်နေတာကြောင့် ဗိုလ်စွဲဖို့အထိပါ ရေပန်းစားနေတာဖြစ်ပါတယ်။

စီရော်နယ်ဒိုက“လက်ရှိအချိန်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံးသောအရာက ယူရိုပြိုင်ပွဲကြီးပါပဲ။ ဒါက ကျွန်တော့်အတွက် (၅)ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်သွားရမယ့် ယူရိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပြိုင်ပွဲဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်လိုမျိုးကို ခံစားနေရပါတယ်။”

“ကျွန်တော်တို့ ပထမဦးဆုံး စလေ့ကျင့်ကတည်းက အသင်းက အဆင်သင့်ဖြစ်နေပါပြီ။ ဟန်ဂေရီနဲ့ပွဲမှာ အကောင်းဆုံးခြေလှမ်း လှမ်းနိုင်မယ်ထင်ပါတယ်။ နိုင်ပွဲရဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ အဖွင့်ပွဲကနေ နောက်ဆုံးပွဲစဉ်အထိ အကောင်းဆုံး စိတ်ခံယူချက်တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဟန်ဂေရီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲတွင် ရှုံးပွဲမရှိသေးပေ။ ဟန်ဂေရီအသင်းဟာ ယူရို-၂၀၁၆ တွင် အုပ်စုပွဲစဉ်များမှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရှုံးပွဲမရှိခဲ့ပါဘူး။

ပေါ်တူဂီအသင်းကတော့ နောက်ဆုံးပြိုင်ပွဲကြီး ၅ ပွဲတွင် အဖွင့်ပွဲစဉ်များမှာ ၃ ပွဲသရေ၊ ၂ ပွဲရှုံးပြီး တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ ပေါ်တူဂီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဥရောပဖလား ၆ ကြိမ်တွင် ရှုံးထွက်အဆင့်ကို ပုံမှန်တက်ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအသင်း ဖြစ်ပါတယ်။

zawgyi

ဥေရာပဖလားၿပိဳင္ပြဲ 5 ႀကိမ္ေျမာက္ ကစားမယ့္ စီေရာ္နယ္ဒို

ဒီေန႔မွာေတာ့ ေရာ္နယ္ဒိုတစ္ေယာက္ မွတ္တမ္းေကာင္းတစ္ခုကို ေသခ်ာေပါက္ပိုင္ဆိုင္ပါမယ္။
ပြတ္ရွ္ကက္စ္ကြင္းအတြင္း ကစားမယ့္ ဟန္ေဂရီ-ေပၚတူဂီပြဲတြင္ ပါဝင္ကစားလိုက္တာနဲ႔ စီ ေရာ္နယ္ဒိုဟာ ဥေရာပဖလားၿပိဳင္ပြဲ ၅ ႀကိမ္ ပါဝင္ကစားတဲ့ ပထမဦးဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားမွာ ျဖစ္ပါတယ္။ လက္ရွိမွာ ေရာ္နယ္ဒိုရဲ႕ ေပၚတူဂီအသင္းက အက်ပ္ဆုံး အုပ္စုမွာ က်ေရာက္ေနရတယ္ဆိုေပမယ့္ အသင္းရဲ႕လူစာရင္းမွာေတာ့ ေရာ္နယ္ဒိုအပါအဝင္ အရည္အေသြးေကာင္းတဲ့ ကစားသမား အမ်ားစု ပါဝင္ေနတာေၾကာင့္ ဗိုလ္စြဲဖို႔အထိပါ ေရပန္းစားေနတာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုက“လက္ရွိအခ်ိန္မွာ ကြၽန္ေတာ့္အတြက္ အေရးႀကီးဆုံးေသာအရာက ယူ႐ိုၿပိဳင္ပြဲႀကီးပါပဲ။ ဒါက ကြၽန္ေတာ့္အတြက္ (၅)ႀကိမ္ေျမာက္အျဖစ္ ယွဥ္ၿပိဳင္သြားရမယ့္ ယူ႐ိုၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီၿပိဳင္ပြဲဟာ ကြၽန္ေတာ့္အတြက္ ပထမဆုံးအႀကိမ္လိုမ်ိဳးကို ခံစားေနရပါတယ္။”

“ကြၽန္ေတာ္တို႔ ပထမဦးဆုံး စေလ့က်င့္ကတည္းက အသင္းက အဆင္သင့္ျဖစ္ေနပါၿပီ။ ဟန္ေဂရီနဲ႔ပြဲမွာ အေကာင္းဆုံးေျခလွမ္း လွမ္းႏိုင္မယ္ထင္ပါတယ္။ ႏိုင္ပြဲရဖို႔ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ေတြအေနနဲ႔ အဖြင့္ပြဲကေန ေနာက္ဆုံးပြဲစဥ္အထိ အေကာင္းဆုံး စိတ္ခံယူခ်က္ေတြနဲ႔ အေကာင္းဆုံး ယွဥ္ၿပိဳင္သြားခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဟန္ေဂရီအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲတြင္ ရႈံးပြဲမရွိေသးေပ။ ဟန္ေဂရီအသင္းဟာ ယူ႐ို-၂၀၁၆ တြင္ အုပ္စုပြဲစဥ္မ်ားမွာ ၁ ပြဲႏိုင္၊ ၂ ပြဲသေရက်ၿပီး ရႈံးပြဲမရွိခဲ့ပါဘူး။

ေပၚတူဂီအသင္းကေတာ့ ေနာက္ဆုံးၿပိဳင္ပြဲႀကီး ၅ ပြဲတြင္ အဖြင့္ပြဲစဥ္မ်ားမွာ ၃ ပြဲသေရ၊ ၂ ပြဲရႈံးၿပီး တစ္ပြဲမွ အႏိုင္မရခဲ့ပါဘူး။ ေပၚတူဂီအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဥေရာပဖလား ၆ ႀကိမ္တြင္ ရႈံးထြက္အဆင့္ကို ပုံမွန္တက္ေရာက္ႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာအသင္း ျဖစ္ပါတယ္။