အာဂျင်တီးနား (၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေ
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲဆက်တိုက် သရေကျခဲ့သလို ဒီမနက်မှာ ကစားခဲ့တဲ့ ချီလီနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အနိုင်မရရှိခဲ့ဘဲ (၁-၁)ရလဒ်နဲ့သရေကျခဲ့ပြီး (၃)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
အခုနှစ်တွေမှာ အာဂျင်တီးနားဟာ ချီလီကို ကိုပါအမေရိကပြိုင်ပွဲမှာတွေ့ဆုံတိုင်း အသာစီးလုံးဝမရတော့တာက အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ကြပေမယ့် ဂိုးရရှိဖို့ မက်ဆီ့အပေါ်မီခိုလွန်းတဲ့ အာဂျင်တီးနားကစားသမားတွေရဲ့ ပုံစံဟာလည်း အတော်ကို စိတ်ပျက်စရာဖြစ်လာပါတယ်။
ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်အထိ ရရှိခဲ့ပေမယ့် ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်ပိုင်းဟာ ပြိုင်ဘက် ချီလီအသင်းထက်အခွင့်အရေးပိုရခဲ့တယ်ဆို ပေမယ့် ချီလီက ၅ ကြိမ်ကန်သွင်းရာမှာ ၄ ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။ ပထမပိုင်းမှာ ရရှိခဲ့တဲ့ မက်ဆီရဲ့ ဖရီးကစ်ဂိုးကြောင့်သာ ဒီပွဲမှာ အာဂျင်တီးနားတို့ မရှုံးနိမ့်ခဲ့သာဖြစ်ပြီး မက်ဆီအတွက်တော့ ဒီပြိုင်ပွဲဟာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်လာစေတော့မှာပါ။ နိုင်ငံအသင်းဂျာစီကို မစွန့်လွှတ်လိုသေးပဲ အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်ချင်နေတဲ့ မက်ဆီရဲ့ အိမ်မက်တွေက ဒီတစ်ခါမှာလည်း ပြည့်ဝနိုင်ပါ့မလား။
ဒီမာရီယာ၊ မာတီနက်ဇ်တို့လို ကစားသမားတွေပါရှိနေပေမယ့် နည်းပြရဲ့ လူထုတ်ပုံဟာလည်း မေးခွန်းထုတ်စရာဖြစ်နေခဲ့သလို သွင်းဂိုးရရှိဖို့ အရေးကြုံလာချိန်မှာ မက်ဆီကိုပဲ မှီခိုနေပြီး အားကိုးရမယ့် ကစားသမားတွေနည်းပါးနေတာက အာဂျင်တီးနားအသင်း ဘာကြောင့် ဆုဖလားတွေနဲ့ ဝေးနေရသလဲဆိုတဲ့အဖြေပါပဲ။
ဒီပွဲမှာ မက်ဆီဟာ ဖရီးကစ်ကန်သွင်းချက်နဲ့ ဂိုးရယူပြီး သူ့ရဲ့ကစားသမားဘဝမှာ ဖရီးကစ်ဂိုး (၅၇) ဂိုးအထိ ရရှိသွားခဲ့ပါတယ်။ သူ့နဲ့ ဖရီးကစ် စံချိန်မှာ ပြိုင်ဘက်ဖြစ်နေတဲ့ေ ရာ်နယ်ဒိုထက် တစ်ဂိုးသာလွန်သွားခဲ့တာက မက်ဆီအတွက်တော့ ကျေနပ်စရာမှတ်တမ်းတစ်ခု ဖြစ်စေနိုင်ပေမယ့် အသင်းနိုင်ပွဲမရရှိခဲ့တာကိုတော့ မက်ဆီကျေနပ်နေမယ်လို့မထင်ပါဘူး။
ပွဲချိန် (၅၇)မိနစ်မှာ ချီလီအတွက် ချေပဂိုးကို ဗားဂတ်က သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ တစ်ဘက်တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မက်ဆီက ရရှိသွားခဲ့ပါတယ်။
zawgyi