မာရာဒိုနာရဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်ကို မီဖို့နီးစပ်နေတဲ့ မက်ဆီ

အာဂျင်တီးနားအသင်းရဲ့ နာမည်ကျော်ကစားသမားမက်ဆီဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး မာရာဒိုနာသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့နီးစပ်နေပါပြီ။

အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်ပိုင်းမှာ ၂၀၂၁ ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲအဖြစ် ချီလီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ပွဲချိန်(၃၃)မိနစ်မှာ ဖရီးကစ်ကနေ လှလှပပကန်သွင်းပြီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် (၅၇)မိနစ်မှာ ချီလီအသင်းတိုက်စစ်မှူးဗားဂတ်စ်က ချေပဂိုးသွင်းယူခဲ့တာကြောင့် တစ်ဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ အခုဆိုရင် မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်က (၅၇)ဂိုးအထိရှိလာပြီဖြစ်လို့ အာဂျင်တီနားဂန္ထဝင်ကစားသမားကြီး မာရာဒိုရာရဲ့ ဖရီးကစ်သွင်းဂိုး (၆၂)ဂိုးကို မီဖို့(၅)ဂိုးသာလိုပါတော့တယ်။

မက်ဆီဟာ နိုင်ငံအသင်းအတွက် ဖရီးကစ်ကနေ (၇)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် စုစုပေါင်းဖရီးကစ်သွင်းဂိုး(၅၀)အထိသွင်းယူခဲ့တာပါ။ မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၇၄၅)ဂိုးအထိရှိပြီး အဲဒီဂိုးတွေထဲမှာ (၇.၆%)က ဖရီးကစ်ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာကတော့ ကစားသမားဘဝတစ်လျှောက် (၃၅၃)ဂိုးသွင်းယူခဲ့ပြီး သူသွင်းခဲ့တဲ့ဂိုးတွေထဲက (၁၇%)ဟာ ဖရီးကစ်ကနေသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် မက်ဆီဟာ သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုကို ဖရီးကစ်သွင်းဂိုးမှတ်တမ်းမှာ တစ်ဂိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာတော့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုဟာ အခုအချိန်အထိ ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ မပါဝင်နိုင်သေးပါဘူး။ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတာက လိုင်ယွန်အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်ကွင်းလယ်လူဟောင်း ဂျူနင်ဟိုဖြစ်ပြီး စုစုပေါင်း(၇၇)ဂိုးအထိသွင်းယူခဲ့တာပါ။

zawgyi

မာရာဒိုနာရဲ႕ ဖရီးကစ္သြင္းဂိုးအေရအတြက္ကို မီဖို႔နီးစပ္ေနတဲ့ မက္ဆီ

အာဂ်င္တီးနားအသင္းရဲ႕ နာမည္ေက်ာ္ကစားသမားမက္ဆီဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဂႏၴဝင္တိုက္စစ္မႉးႀကီး မာရာဒိုနာသြင္းယူခဲ့တဲ့ ဖရီးကစ္ဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ဖို႔နီးစပ္ေနပါၿပီ။

အာဂ်င္တီးနားအသင္းဟာ ဒီေန႔မနက္ပိုင္းမွာ ၂၀၂၁ ကိုပါအေမရိကဖလား အုပ္စုအဖြင့္ပြဲအျဖစ္ ခ်ီလီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ မက္ဆီဟာ ပြဲခ်ိန္(၃၃)မိနစ္မွာ ဖရီးကစ္ကေန လွလွပပကန္သြင္းၿပီး အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

မက္ဆီအေနနဲ႔ အာဂ်င္တီးနားအသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ (၅၇)မိနစ္မွာ ခ်ီလီအသင္းတိုက္စစ္မႉးဗားဂတ္စ္က ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ တစ္ဂိုးစီသေရနဲ႔ပြဲၿပီးဆုံးခဲ့ပါတယ္။ အခုဆိုရင္ မက္ဆီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ ဖရီးကစ္သြင္းဂိုးအေရအတြက္က (၅၇)ဂိုးအထိရွိလာၿပီျဖစ္လို႔ အာဂ်င္တီနားဂႏၴဝင္ကစားသမားႀကီး မာရာဒိုရာရဲ႕ ဖရီးကစ္သြင္းဂိုး (၆၂)ဂိုးကို မီဖို႔(၅)ဂိုးသာလိုပါေတာ့တယ္။

မက္ဆီဟာ ႏိုင္ငံအသင္းအတြက္ ဖရီးကစ္ကေန (၇)ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘာစီလိုနာအသင္းအတြက္ စုစုေပါင္းဖရီးကစ္သြင္းဂိုး(၅၀)အထိသြင္းယူခဲ့တာပါ။ မက္ဆီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၇၄၅)ဂိုးအထိရွိၿပီး အဲဒီဂိုးေတြထဲမွာ (၇.၆%)က ဖရီးကစ္ကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာကေတာ့ ကစားသမားဘဝတစ္ေလွ်ာက္ (၃၅၃)ဂိုးသြင္းယူခဲ့ၿပီး သူသြင္းခဲ့တဲ့ဂိုးေတြထဲက (၁၇%)ဟာ ဖရီးကစ္ကေနသြင္းယူခဲ့တာပဲျဖစ္ပါတယ္။ အခုဆိုရင္ မက္ဆီဟာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုကို ဖရီးကစ္သြင္းဂိုးမွတ္တမ္းမွာ တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။

ဒါေပမဲ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဖရီးကစ္သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာေတာ့ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုဟာ အခုအခ်ိန္အထိ ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ မပါဝင္ႏိုင္ေသးပါဘူး။ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဖရီးကစ္သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားတာက လိုင္ယြန္အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း ဂ်ဴနင္ဟိုျဖစ္ၿပီး စုစုေပါင္း(၇၇)ဂိုးအထိသြင္းယူခဲ့တာပါ။