ဖာဒီနန်က အဲရစ်ဆန်ကို ဘောလုံးလောက ကနေအနားယူဖို့ တိုက်တွန်း

အခုအချိန်မှာ ဘောလုံးအရေးဝေဖန်သုံးသပ်သူဖြစ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် နောက်ခံလူဟောင်း ဖြစ်သူ ဖာဒီနန်က ပြီးခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းအတွင်း နှလုံးရှော့ခ်ဖြစ်ကာ သတိလစ် လဲကျခဲ့တဲ့ အဲရစ်ဆန်အနေနဲ့ဘောလုံးလောက ကနေ အနားယူဖို့ လိုတယ်ဆိုပြီး တိုက်တွန်းပြောဆိုထား ပါတယ်။

အသက် ၂၉နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆန်ဟာ ဒိန်းမတ်နဲ့ ဖင်လန်ပွဲစဉ်ရဲ့ပထမပိုင်း ပြီးဆုံးခါနီးမှာ ရုတ်တရတ် ကွင်းအတွင်း လဲကျကာ သတိလစ် မေ့မြောခဲ့တာဖြစ်ပြီး ဆေးအဖွဲ့တွေဟာ သူ့ကို အရေးပေါ် ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ရကာလက်ရှိမှာတော့ အဲရစ်ဆန်ဟာ ကိုပင်ဟေဂင်မြို့မှာ ရှိတဲ့ ဆေးရုံတစ်ရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဖာဒီနန်က သူ့အနေနဲ့ အဲရစ်ဆန်ရဲ့ အဲဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ အတွက် ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်လို့ဆိုလိုက်ပြီး အဲရစ်ဆန် အနေနဲ့ ဘောလုံးပြန်ကစားဖို့ထက်စာရင် ကျန်းမာရေးနဲ့ မိသားစုကိုသာ အာရုံစိုက်သင့်ကြောင်း အကြံပြုပြောဆိုထားပါတယ်။

ဖာဒီနန်က “ရိုးသားစွာ ပြောရမယ် ဆိုရင် အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေ ပြင်းထန်ခဲ့ပါတယ်။ ကွင်းထဲမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်း ၊ သူ့အတွက်ဇနီးဖြစ်သူ စိုးရိမ်ပူပင်နေတဲ့ မြင်ကွင်းတွေက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ခံစားရစေပါတယ်။”

“အဲဒီအချိန်မှာ အသက်ရှင်ဖို့ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကိုပဲ တွေးမိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး နေနိုင်တာ အရမ်းကောင်းပါတယ်။ အဲရစ်ဆန် ကိုယ်တိုင်ကလည်း ဘာတွေ ဖြစ်ခဲ့မှန်း မသိခဲ့တာကြောင့် သူ့အနေနဲ့ ဘာဖြစ်သွားသလဲဆိုတာ တအား သိချင်နေပါတယ်။”

“အဲရစ်ဆန်ဟာ အခုချိန်မှာ သူ့ရဲ့ ဘဝအတွက် ချိန်ဆနေမှာ သေချာပါတယ်။ သူအမြန်ဆုံး ပြန်လည် သက်သာလာပါစေလို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော်ကတော့ သူ နောက်ထပ် တစ်ကြိမ် ပြန်ကစားလိမ့်မယ်လို့ မထင်ပါဘူး။ ဒါက ကျွန်တော် အရိုးသားဆုံး ပြောတာပါ။ တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ဆက်ပြီး ကစားဖို့ တွေးမိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစု အတွက် ကျွန်တော် ကျန်းကျန်းမာမာနဲ့ နေချင်ပါတယ်” ဆိုပြီးပြောထားပါတယ်။

zawgyi

ဖာဒီနန္က အဲရစ္ဆန္ကို ေဘာလုံးေလာက ကေနအနားယူဖို့ တိုက္တြန္း

အခုအခ်ိန္မွာ ေဘာလုံးအေရးေ၀ဖန္သုံးသပ္သူျဖစ္ေနတဲ့ ယူနိုက္တက္အသင္းရဲ႕ နာမည္ေက်ာ္ ေနာက္ခံလူေဟာင္း ျဖစ္သူ ဖာဒီနန္က ၿပီးခဲ့တဲ့ ဒိန္းမတ္အသင္းနဲ႔ ဖင္လန္အသင္းတို့ရဲ့ ပြဲစဥ္မွာ ကြင္းအတြင္း ႏွလုံးေရွာ့ခ္ျဖစ္ကာ သတိလစ္ လဲက်ခဲ့တဲ့ အဲရစ္ဆန္အေနနဲ႔ေဘာလုံးေလာက ကေန အနားယူဖို့ လိုတယ္ဆိုၿပီး တိုက္တြန္းေျပာဆိုထား ပါတယ္။

အသက္ ၂၉ႏွစ္ အရြယ္ ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆန္ဟာ ဒိန္းမတ္နဲ႔ ဖင္လန္ပြဲစဥ္ရဲ့ပထမပိုင္း ၿပီးဆုံးခါနီးမွာ ႐ုတ္တရတ္ ကြင္းအတြင္း လဲက်ကာ သတိလစ္ ေမ့ေျမာခဲ့တာျဖစ္ၿပီး ေဆးအဖြဲ႕ေတြဟာ သူ႔ကို အေရးေပၚ ေဆးကုသမွုေတြ ျပဳလုပ္ေပးခဲ့ရကာလက္ရွိမွာေတာ့ အဲရစ္ဆန္ဟာ ကိုပင္ေဟဂင္ၿမိဳ့မွာ ရွိတဲ့ ေဆး႐ုံတစ္႐ုံမွာ ေဆးကုသမွု ခံယူေနရပါတယ္။

ဖာဒီနန္က သူ႔အေနနဲ႔ အဲရစ္ဆန္ရဲ႕ အဲဒီျမင္ကြင္းကို ျမင္ေတြ႕ခဲ့ရတဲ့ အတြက္ ေၾကာက္ရြံ့တုန္လွုပ္မိခဲ့တယ္လို့ဆိုလိုက္ၿပီး အဲရစ္ဆန္ အေနနဲ႔ ေဘာလုံးျပန္ကစားဖို့ထက္စာရင္ က်န္းမာေရးနဲ႔ မိသားစုကိုသာ အာ႐ုံစိုက္သင့္ေၾကာင္း အႀကံျပဳေျပာဆိုထားပါတယ္။

ဖာဒီနန္က “ရိုးသားစြာ ေျပာရမယ္ ဆိုရင္ အဲဒီျမင္ကြင္းကို ၾကည့္ၿပီး ကၽြန္ေတာ့္ရဲ့ စိတ္ခံစားခ်က္ေတြ ျပင္းထန္ခဲ့ပါတယ္။ ကြင္းထဲမွာ ျဖစ္ပ်က္ေနတဲ့ ျမင္ကြင္း ၊ သူ႔အတြက္ဇနီးျဖစ္သူ စိုးရိမ္ပူပင္ေနတဲ့ ျမင္ကြင္းေတြက ကၽြန္ေတာ့္ကို ျပင္းျပင္းထန္ထန္ ခံစားရေစပါတယ္။”

“အဲဒီအခ်ိန္မွာ အသက္ရွင္ဖို့ ဘယ္ေလာက္ အေရးႀကီးသလဲ ဆိုတာကိုပဲ ေတြးမိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔က ဒီလိုမ်ိဳး ေနနိုင္တာ အရမ္းေကာင္းပါတယ္။ အဲရစ္ဆန္ ကိုယ္တိုင္ကလည္း ဘာေတြ ျဖစ္ခဲ့မွန္း မသိခဲ့တာေၾကာင့္ သူ႔အေနနဲ႔ ဘာျဖစ္သြားသလဲဆိုတာ တအား သိခ်င္ေနပါတယ္။”

“အဲရစ္ဆန္ဟာ အခုခ်ိန္မွာ သူ႔ရဲ့ ဘဝအတြက္ ခ်ိန္ဆေနမွာ ေသခ်ာပါတယ္။ သူအျမန္ဆုံး ျပန္လည္ သက္သာလာပါေစလို့ ကၽြန္ေတာ္ ေမၽွာ္လင့္မိပါတယ္။ ကၽြန္ေတာ္ကေတာ့ သူ ေနာက္ထပ္ တစ္ႀကိမ္ ျပန္ကစားလိမ့္မယ္လို့ မထင္ပါဘူး။ ဒါက ကၽြန္ေတာ္ အရိုးသားဆုံး ေျပာတာပါ။ တကယ္လို့ ကၽြန္ေတာ္သာ သူ႔ေနရာမွာဆိုရင္ ဆက္ၿပီး ကစားဖို့ ေတြးမိမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ရဲ့ မိသားစု အတြက္ ကၽြန္ေတာ္ က်န္းက်န္းမာမာနဲ႔ ေနခ်င္ပါတယ္” ဆိုၿပီးေျပာထားပါတယ္။