အင်္ဂလန်အသင်းအတွက်ပါဝင်ကစားခွင့်ရခဲ့ပြီး သမိုင်းဝင်စံချိန်တစ်ခုပိုင်ဆိုင်ခဲ့တဲ့ ကလပ်အသင်းဖော် ဘယ်လင်ဂန်ကို ဟာလန်း ဂုဏ်ပြုစာရေးသား

ဒေ့ါမွန်အသင်းတိုက်စစ်မှူးဟာလန်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်ပါဝင်ကစားခွင့်ရခဲ့ပြီး သမိုင်းဝင်စံချိန်တစ်ခုပိုင်ဆိုင်ခဲ့တဲ့ ကလပ်အသင်းဖော် ဘယ်လင်ဂန်ကို Twitter မှာ စာရေးသားဂုဏ်ပြုခဲ့ပါတယ်။ အသက်(၁၇)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂန်ဟာ ခရိုအေးရှားအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲ ဒုတိယပိုင်း(၈၂)မိနစ်မှာ အသင်းခေါင်းဆောင်တိုက်စစ်မှူးဟယ်ရီကိန်းနေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂန်မတိုင်ခင်က ယူရို-၂၀၁၂ပြိုင်ပွဲမှာ နယ်သာလန်နောက်ခံလူ ဂျက်ထရိုဝီလီယံစ်ဟာ အသက်(၁၈)နှစ်၊ (၇၁)ရက်နဲ့ ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး အခု ဘယ်လင်ဂန်က (၁၇)နှစ်၊ (၃၄၅)ရက်နဲ့စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဒါ့အပြင် ဘယ်လင်ဂန်ဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ယူရိုပြိုင်ပွဲတွေမှာ အသင်းအတွက်ပါဝင်ကစားခွင့်ရခဲ့တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဘယ်လင်ဂန်ရဲ့အသက်က အရမ်းငယ်လွန်းတာကြောင့် လက်ရှိယူရိုပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်နေတဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းဝါရင့်တိုက်စစ်မှူး ပန်ဒက်ဗ် ပထမဆုံးနိုင်ငံတကာသွင်းဂိုးနှစ်ဂိုးသွင်းယူခဲ့ချိန်မှာ ဘယ်လင်ဂန်ဟာ မွေးတောင်မမွေးသေးပါဘူး။

ပြီးခဲ့တဲ့ရာသီက ဘာမင်ဂမ်အသင်းကနေ ဒေ့ါမွန်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဘယ်လင်ဂန်ဟာ အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ ဒေ့ါမွန်အတွက်ပြိုင်ပွဲစုံ(၄၆)ပွဲကစား၊ (၄)ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က သူ့ကို ယူရိုပြိုင်ပွဲဝင်အင်္ဂလန်အသင်းအတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး ခရိုအေးရှားနဲ့ပွဲဟာ ဘယ်လင်ဂန်ရဲ့ အင်္ဂလန်ကစားသမားဘ၀ (၅)ပွဲမြောက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ စံချိန်ကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ ဘယ်လင်ဂန်ကို ကလပ်အသင်းဖော်ဟာလန်းက ”ဂုဏ်ယူပါတယ် ဘယ်လင်ဂန်၊ ထိပ်တန်းကစားသမား၊ ထိပ်တန်းအဆင့်အရည်အသွေးရှိသူ၊ ဒီစံချိန်တွေနဲ့ထိုက်တန်သူ”လို့ Twitter မှာရေးသားဂုဏ်ပြုခဲ့တာပါ။ ဟာလန်းရဲ့နော်ဝေအသင်းဟာ ယူရို-၂၀၂၀ ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ဟာလန်းဟာ ကလပ်အသင်းဖော်ဘယ်လင်ဂန်လိုမျိုး အခုယူရိုပြိုင်ပွဲမှာ နိုင်ငံအတွက် ခြေစွမ်းပြခွင့်မရခဲ့ပါဘူး။

zawgyi

အဂၤလန္အသင္းအတြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး သမိုင္းဝင္စံခ်ိန္တစ္ခုပိုင္ဆိုင္ခဲ့တဲ့ ကလပ္အသင္းေဖာ္ ဘယ္လင္ဂန္ကို ဟာလန္း ဂုဏ္ျပဳစာေရးသား

ေဒ့ါမြန္အသင္းတိုက္စစ္မႉးဟာလန္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး သမိုင္းဝင္စံခ်ိန္တစ္ခုပိုင္ဆိုင္ခဲ့တဲ့ ကလပ္အသင္းေဖာ္ ဘယ္လင္ဂန္ကို Twitter မွာ စာေရးသားဂုဏ္ျပဳခဲ့ပါတယ္။ အသက္(၁၇)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘယ္လင္ဂန္ဟာ ခ႐ိုေအးရွားအသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ယူ႐ိုအုပ္စုအဖြင့္ပြဲ ဒုတိယပိုင္း(၈၂)မိနစ္မွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉးဟယ္ရီကိန္းေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဂန္မတိုင္ခင္က ယူ႐ို-၂၀၁၂ၿပိဳင္ပြဲမွာ နယ္သာလန္ေနာက္ခံလူ ဂ်က္ထ႐ိုဝီလီယံစ္ဟာ အသက္(၁၈)ႏွစ္၊ (၇၁)ရက္နဲ႔ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ၿပီး အခု ဘယ္လင္ဂန္က (၁၇)ႏွစ္၊ (၃၄၅)ရက္နဲ႔စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

ဒါ့အျပင္ ဘယ္လင္ဂန္ဟာ အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ အဓိကၿပိဳင္ပြဲႀကီးႏွစ္ခုျဖစ္တဲ့ ကမာၻ႔ဖလားနဲ႔ယူ႐ိုၿပိဳင္ပြဲေတြမွာ အသင္းအတြက္ပါဝင္ကစားခြင့္ရခဲ့တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဘယ္လင္ဂန္ရဲ႕အသက္က အရမ္းငယ္လြန္းတာေၾကာင့္ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ေျမာက္မက္ဆီဒိုးနီးယားအသင္းဝါရင့္တိုက္စစ္မႉး ပန္ဒက္ဗ္ ပထမဆုံးႏိုင္ငံတကာသြင္းဂိုးႏွစ္ဂိုးသြင္းယူခဲ့ခ်ိန္မွာ ဘယ္လင္ဂန္ဟာ ေမြးေတာင္မေမြးေသးပါဘူး။

ၿပီးခဲ့တဲ့ရာသီက ဘာမင္ဂမ္အသင္းကေန ေဒ့ါမြန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဘယ္လင္ဂန္ဟာ အခ်ိန္တိုအတြင္းမွာပဲ အသင္းရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ပါဝင္ခြင့္ရခဲ့ၿပီး ၂၀၂၀-၂၁ ရာသီမွာ ေဒ့ါမြန္အတြက္ၿပိဳင္ပြဲစုံ(၄၆)ပြဲကစား၊ (၄)ဂိုးသြင္းယူခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က သူ႔ကို ယူ႐ိုၿပိဳင္ပြဲဝင္အဂၤလန္အသင္းအတြက္ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ခ႐ိုေအးရွားနဲ႔ပြဲဟာ ဘယ္လင္ဂန္ရဲ႕ အဂၤလန္ကစားသမားဘ၀ (၅)ပြဲေျမာက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားနဲ႔ပြဲမွာ စံခ်ိန္ေကာင္းေတြပိုင္ဆိုင္ခဲ့တဲ့ ဘယ္လင္ဂန္ကို ကလပ္အသင္းေဖာ္ဟာလန္းက ”ဂုဏ္ယူပါတယ္ ဘယ္လင္ဂန္၊ ထိပ္တန္းကစားသမား၊ ထိပ္တန္းအဆင့္အရည္အေသြးရွိသူ၊ ဒီစံခ်ိန္ေတြနဲ႔ထိုက္တန္သူ”လို႔ Twitter မွာေရးသားဂုဏ္ျပဳခဲ့တာပါ။ ဟာလန္းရဲ႕ေနာ္ေဝအသင္းဟာ ယူ႐ို-၂၀၂၀ ေျခစစ္ပြဲမေအာင္ျမင္ခဲ့တာေၾကာင့္ ဟာလန္းဟာ ကလပ္အသင္းေဖာ္ဘယ္လင္ဂန္လိုမ်ိဳး အခုယူ႐ိုၿပိဳင္ပြဲမွာ ႏိုင္ငံအတြက္ ေျခစြမ္းျပခြင့္မရခဲ့ပါဘူး။