အင်္ဂလန်ရဲ့အနိုင်ဂိုးနဲ့ပတ်သက်လို့ ဟယ်ရီကိန်းရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါခဲ့လဲဆိုတာ ပရိသတ်တစ်ဦး ထောက်ပြ

ယမန်နေ့ညက ခရိုအေးရှားကို အနိုင်ရခဲ့တဲ့ပွဲမှာ အင်္ဂလန်ရဲ့အနိုင်ဂိုးနဲ့ပတ်သက်လို့ ဟယ်ရီကိန်းရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါခဲ့လဲဆိုတာ ပရိသတ်တစ်ဦးက တွစ်တာကနေ ထောက်ပြလာပါတယ်။ ဒုတိယပိုင်းမှာ ကယ်လ်ဗင်ဖီးလစ်ရဲ့ပေးပို့မှုကနေ စတာလင်းက ကန်သွင်းခဲ့လို့ အင်္ဂလန်အသင်းလည်း ခရိုအေးရှားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ဟယ်ရီကိန်းက ဖီးလစ် ဆွဲပြေးလာချိန်မှာ ခရိုအေးရှားခံစစ်အတွင်း နေရာလွတ်ထွက်ပေါ်လာအောင် ပြိုင်ဘက်နောက်ခံလူကို မျှားခေါ်ကစားရင်း နေရာလွတ်ဖန်တီးပေးခဲ့တာပါ။ တစ်ပွဲလုံးအနေနဲ့ ခြုံကြည့်ရင် ဟယ်ရီကိန်းအနေနဲ့ စိတ်ပျက်စရာကောင်းတဲ့ခြေစွမ်းမျိုး ပြသခဲ့ပေမယ့် သူ့ရဲ့ဉာဏ်ပြေးမှု၊ တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့မှုတွေကြောင့် အင်္ဂလန်အသင်း အရေးပါတဲ့နိုင်ပွဲရခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဒီပွဲမှာ လိဒ်ယူနိုက်တက်ကွင်းလယ်လူ ဖီးလစ်က အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပြီး အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့ စတာလင်းလည်း အနိုင်ဂိုးသွင်းယူသူဖြစ်လာပါတယ်။ ဒါပေမဲ့ ဖီးလစ် ဆွဲပြေးလာစဉ် ဟယ်ရီကိန်းသာ ခရိုအေးရှားနောက်ခံလူ ဗီဒါကို Out of Position ဖြစ်အောင် မလုပ်နိုင်ခဲ့ရင် စတာလင်းအတွက် နေရာလွတ်လည်း ထွက်ပေါ်လာဖို့ မလွယ်ပါဘူး။

”တချို့က ဘောလုံးမရှိဘဲ ဂိုးဖန်တီးသူလို အရေးကြီးတဲ့အရာမျိုး မလုပ်နိုင်ဘူးလို့ ထင်နေကြတယ်လေ”။ ”ဖာမီနိုရဲ့အကွက်တွေလိုပဲပေါ့”။ ”ဟယ်ရီကိန်း ဘာမှမလုပ်နိုင်ဘူးလို့ ပြောနေသူတွေက တကယ့်အရူးတွေပဲ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်ကလွဲလို့ ဟယ်ရီကိန်းအတွက်တော့ ခရိုအေးရှားနဲ့ပွဲက စိတ်ပျက်စရာဖြစ်ခဲ့ပြီး အပိုင်အခွင့်အရေးတစ်ကြိမ်လည်း လွဲချော်ခဲ့ပါတယ်။ သူဟာ ဒုတိယပိုင်းမှာ မေဆင်မောင့်ရဲ့ထောင့်ဖြတ်ဘောကနေ အနီးကပ်ပိတ်ခွင့်ရပေမယ့် ဂိုးပေါက်နဲ့လွဲချော်ခဲ့ရပြီး ပွဲချိန် ၈၂ မိနစ်မှာလည်း ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

zawgyi

အဂၤလန္ရဲ႕အႏိုင္ဂိုးနဲ႔ပတ္သက္လို႔ ဟယ္ရီကိန္းရဲ႕အခန္းက႑ ဘယ္ေလာက္အေရးပါခဲ့လဲဆိုတာ ပရိသတ္တစ္ဦး ေထာက္ျပ

ယမန္ေန႔ညက ခ႐ိုေအးရွားကို အႏိုင္ရခဲ့တဲ့ပြဲမွာ အဂၤလန္ရဲ႕အႏိုင္ဂိုးနဲ႔ပတ္သက္လို႔ ဟယ္ရီကိန္းရဲ႕အခန္းက႑ ဘယ္ေလာက္အေရးပါခဲ့လဲဆိုတာ ပရိသတ္တစ္ဦးက တြစ္တာကေန ေထာက္ျပလာပါတယ္။
ဒုတိယပိုင္းမွာ ကယ္လ္ဗင္ဖီးလစ္ရဲ႕ေပးပို႔မႈကေန စတာလင္းက ကန္သြင္းခဲ့လို႔ အဂၤလန္အသင္းလည္း ခ႐ိုေအးရွားကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ဒါေပမဲ့ ဟယ္ရီကိန္းက ဖီးလစ္ ဆြဲေျပးလာခ်ိန္မွာ ခ႐ိုေအးရွားခံစစ္အတြင္း ေနရာလြတ္ထြက္ေပၚလာေအာင္ ၿပိဳင္ဘက္ေနာက္ခံလူကို မွ်ားေခၚကစားရင္း ေနရာလြတ္ဖန္တီးေပးခဲ့တာပါ။
တစ္ပြဲလုံးအေနနဲ႔ ျခံဳၾကည့္ရင္ ဟယ္ရီကိန္းအေနနဲ႔ စိတ္ပ်က္စရာေကာင္းတဲ့ေျခစြမ္းမ်ိဳး ျပသခဲ့ေပမယ့္ သူ႕ရဲ႕ဉာဏ္ေျပးမႈ၊ တစ္ကိုယ္ေကာင္းစိတ္ကင္းမဲ့မႈေတြေၾကာင့္ အဂၤလန္အသင္း အေရးပါတဲ့ႏိုင္ပြဲရခဲ့တာလို႔ ဆိုႏိုင္ပါတယ္။
ဒီပြဲမွာ လိဒ္ယူႏိုက္တက္ကြင္းလယ္လူ ဖီးလစ္က အေကာင္းဆုံးပုံစံ ျပသႏိုင္ခဲ့ၿပီး အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တဲ့ စတာလင္းလည္း အႏိုင္ဂိုးသြင္းယူသူျဖစ္လာပါတယ္။
ဒါေပမဲ့ ဖီးလစ္ ဆြဲေျပးလာစဥ္ ဟယ္ရီကိန္းသာ ခ႐ိုေအးရွားေနာက္ခံလူ ဗီဒါကို Out of Position ျဖစ္ေအာင္ မလုပ္ႏိုင္ခဲ့ရင္ စတာလင္းအတြက္ ေနရာလြတ္လည္း ထြက္ေပၚလာဖို႔ မလြယ္ပါဘူး။

”တခ်ိဳ႕က ေဘာလုံးမရွိဘဲ ဂိုးဖန္တီးသူလို အေရးႀကီးတဲ့အရာမ်ိဳး မလုပ္ႏိုင္ဘူးလို႔ ထင္ေနၾကတယ္ေလ”။ ”ဖာမီႏိုရဲ႕အကြက္ေတြလိုပဲေပါ့”။ ”ဟယ္ရီကိန္း ဘာမွမလုပ္ႏိုင္ဘူးလို႔ ေျပာေနသူေတြက တကယ့္အ႐ူးေတြပဲ”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။

အဲဒီျဖစ္ရပ္ကလြဲလို႔ ဟယ္ရီကိန္းအတြက္ေတာ့ ခ႐ိုေအးရွားနဲ႔ပြဲက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး အပိုင္အခြင့္အေရးတစ္ႀကိမ္လည္း လြဲေခ်ာ္ခဲ့ပါတယ္။
သူဟာ ဒုတိယပိုင္းမွာ ေမဆင္ေမာင့္ရဲ႕ေထာင့္ျဖတ္ေဘာကေန အနီးကပ္ပိတ္ခြင့္ရေပမယ့္ ဂိုးေပါက္နဲ႔လြဲေခ်ာ္ခဲ့ရၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာလည္း ကြင္းလယ္လူ ဘယ္လင္ဂမ္နဲ႔ လူစားလဲခံခဲ့ရပါတယ္။