ရာဇဝင်ပြိုင်ဘက် ခရိုအေးရှားအသင်းကို ဝင်ဘလေကွင်းမှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်း

ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ၁၉၆၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အုပ်စုအဖွင့်ပွဲတွေမှာ အနိုင်မရခဲ့တဲ့မှတ်တမ်းဆိုးကို နှစ်ပေါင်း ၅၀ ကျော်ကြာမှာ အင်္ဂလန်အသင်း ချိုးဖျက်နိုင်ခဲ့ပါပြီ။ ယူရို-၂၀၀၈ ခြေစစ်ပွဲ၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အင်္ဂလန်တို့ရဲ့ အသည်းကို ခွဲခဲ့တဲ့ ရာဇဝင်ပြိုင်ဘက် ခရိုအေးရှားအသင်းကို ဝင်ဘလေကွင်းမှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် ချိုမြိန်တဲ့နိုင်ပွဲလို့လည်းပြောရမယ်။

ဒါပေမဲ့ ခြေစွမ်းပိုင်းအရတော့ သိပ်အားရစရာမကောင်းခဲ့ဘူး။ ဆောက်ဂိတ်ဟာ ပွဲထွက်လူစာရင်းမှာ ကစားသမားနေရာအပြောင်းအလဲတွေလုပ်ခဲ့ပြီး ညာနောက်ခံလူထရစ်ပီယာကို ဘယ်ခြမ်းမှာ Converted Full Back အဖြစ်အသုံးပြုခဲ့ပြီး ဖိုဒန်ကိုလည်း ညာခြမ်းတိုက်စစ်မှာထားကစားခဲ့ပါတယ်။

ထူးခြားတာက ယူရို-၉၂ အုပ်စုပွဲစဉ် ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံးအဖြစ် အင်္ဂလန်အသင်းပွဲထွက်လူစာရင်းမှာ လီဗာပူးလ် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးမှ မပါခဲ့တာပါပဲ။ ဒီပွဲမှာ အင်္ဂလန်ခံစစ်အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ တိုင်ရွန်မင်းစ်ဟာ ယူရို-၉၆ ပြိုင်ပွဲတုန်းက ဂျာမနီနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ အခုနည်းပြဆောက်ဂိတ်နောက်ပိုင်း ယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့ပွဲထွက်ခွင့်ရခဲ့တဲ့ ပထမဆုံး ဗီလာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

အင်္ဂလန်အသင်းဟာ ပွဲစလို့ မိနစ် ၂၀ ကျော်အတွင်း ခရိုအေးရှားအသင်းကို အသာစီးရယူနိုင်ခဲ့ပြီး ဖိုဒန်ရဲ့ ကန်သွင်းချက် တိုင်ထိခဲ့တာ၊ ကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်ရဲ့ ကန်သွင်းမှုကို ခရိုအေးရှားဂိုးသမား ကာကွယ်နိုင်ခဲ့တာတွေကြောင့် နစ်နာခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလန် အမှားများလာသလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတဲ့ ပုံစံမျိုးတွေတွေ့လာရပြီး ခရိုအေးရှားအသင်းက တည်ငြိမ်မှုပြန်ရလာခဲ့တယ်။

အင်္ဂလန်အသင်းမှာ လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်က ထိပ်သီးကလပ်တွေ မျက်စိကျစရာကောင်းတဲ့ခြေစွမ်းမျိုးပြသခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလို့တောင် ပြောရမယ်။ ဘယ်ခြမ်းက စတာလင်နဲ့ မေဆင်မောင့်အတွဲအလုပ်မဖြစ်ချိန်မှာ ဖိလစ်က ညာခြမ်းတစ်လျှောက် ရှေ့တက်နောက်ဆင်းနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အရေးပါတဲ့ဂိုးကလည်း သူ့ရဲ့ဖန်တီးပေးမှုကနေ ရရှိခဲ့တာပါ။

ဆောက်ဂိတ်အနေနဲ့ မန်စီးတီးအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ခြေစွမ်းပြကစားခဲ့တဲ့ ဖိုဒန်ကို ညာခြမ်းပို့ခဲ့တာက မှားတယ်လို့ပြောရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီဝက်ကျော်လောက်ကတည်းက Out of Form ဖြစ်နေတဲ့ စတာလင်ကို ယုံယုံကြည်ကြည်နဲ့ ပွဲထွက်သုံးခဲ့တာကို လက်ခံလို့ရပေမယ့် ဒုတိယပိုင်းအစမှာကတည်းက လူစားလဲသင့်တယ်လို့မြင်မိတယ်။ စတာလင်ဟာ အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တာကလွဲပြီး ကျန်တဲ့အချိန်မှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘူး။

ဆောက်ဂိတ်က တိုက်စစ်အသားပေး ၄-၃-၃ ကစားကွက်ခင်းကျင်းခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေကြားမှာ မချိတ်ဆက်နိုင်အောင် ခရိုအေးရှားအသင်းက တားဆီးနိုင်ခဲ့လို့ အင်္ဂလန်အသင်း တိုက်စစ်က ထင်သလောက်မထက်မြက်ခဲ့ဘူး။ နောက်ပိုင်းမှာ ဟယ်ရီကိန်းက False 9 ပုံစံနဲ့ ကွင်းလယ်ထိ ဘောလုံးဆင်းယူ၊ စတာလင်က Center forward အဖြစ်နေရာယူပြီး ဖိုဒန်က ဘယ်ခြမ်းကနေ အများဆုံးထိုးဖောက်တော့မှ အင်္ဂလန်တိုက်စစ်က ပြန်လှုပ်လာတယ်။

၅၇ မိနစ်မှာ ဖိလစ်ရဲ့ ပါးပါးနပ်နပ်နဲ့ ခင်းပေးလိုက်တဲ့ဘောလုံးကို စတာလင်က ပိတ်သွင်းယူခဲ့တာကြောင့် အင်္ဂလန်တို့ ဂိုးရခဲ့ပြီး ဒါက စတာလင်အတွက် နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ခရိုအေးရှားအသင်းမှာ အသက် ၃၅နှစ်အရွယ် ကွင်းလယ်လူမိုဒရစ် ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် ပါရီဆစ်၊ ရီဘစ်တို့ ဘာမှမလုပ်နိုင်တဲ့အပြင် လူစားဝင်လာတဲ့ကစားသမားတွေကလည်း လိုအပ်တဲ့ချေပဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘူး။ အဲဒါကြောင့် ပွဲအပြီးမှာ အင်္ဂလန်တို့ ၁-ဝဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုကနေတက်ဖို့ အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့ပါတယ်။

zawgyi

ရာဇဝင္ၿပိဳင္ဘက္ ခ႐ိုေအးရွားအသင္းကို ဝင္ဘေလကြင္းမွာ ရႈံးေႂကြးျပန္ဆပ္ႏိုင္ခဲ့တဲ့ အဂၤလန္အသင္း

ပထမဆုံးအႀကိမ္ ယူ႐ိုေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ ၁၉၆၈ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ အုပ္စုအဖြင့္ပြဲေတြမွာ အႏိုင္မရခဲ့တဲ့မွတ္တမ္းဆိုးကို ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာမွာ အဂၤလန္အသင္း ခ်ိဳးဖ်က္ႏိုင္ခဲ့ပါၿပီ။ ယူ႐ို-၂၀၀၈ ေျခစစ္ပြဲ၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အဂၤလန္တို႔ရဲ႕ အသည္းကို ခြဲခဲ့တဲ့ ရာဇဝင္ၿပိဳင္ဘက္ ခ႐ိုေအးရွားအသင္းကို ဝင္ဘေလကြင္းမွာ ရႈံးေႂကြးျပန္ဆပ္ႏိုင္ခဲ့တာေၾကာင့္ အဂၤလန္အသင္းအတြက္ ခ်ိဳၿမိန္တဲ့ႏိုင္ပြဲလို႔လည္းေျပာရမယ္။

ဒါေပမဲ့ ေျခစြမ္းပိုင္းအရေတာ့ သိပ္အားရစရာမေကာင္းခဲ့ဘူး။ ေဆာက္ဂိတ္ဟာ ပြဲထြက္လူစာရင္းမွာ ကစားသမားေနရာအေျပာင္းအလဲေတြလုပ္ခဲ့ၿပီး ညာ​ေနာက္ခံလူထရစ္ပီယာကို ဘယ္ျခမ္းမွာ Converted Full Back အျဖစ္အသုံးျပဳခဲ့ၿပီး ဖိုဒန္ကိုလည္း ညာျခမ္းတိုက္စစ္မွာထားကစားခဲ့ပါတယ္။

ထူးျခားတာက ယူ႐ို-၉၂ အုပ္စုပြဲစဥ္ ျပင္သစ္နဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္း ပထမဆုံးအျဖစ္ အဂၤလန္အသင္းပြဲထြက္လူစာရင္းမွာ လီဗာပူးလ္ ဒါမွမဟုတ္ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားတစ္ဦးမွ မပါခဲ့တာပါပဲ။ ဒီပြဲမွာ အဂၤလန္ခံစစ္အတြက္ ပြဲထြက္ခြင့္ရခဲ့တဲ့ တိုင္႐ြန္မင္းစ္ဟာ ယူ႐ို-၉၆ ၿပိဳင္ပြဲတုန္းက ဂ်ာမနီနဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တဲ့ အခုနည္းျပေဆာက္ဂိတ္ေနာက္ပိုင္း ယူ႐ိုၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းနဲ႔ပြဲထြက္ခြင့္ရခဲ့တဲ့ ပထမဆုံး ဗီလာကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။

အဂၤလန္အသင္းဟာ ပြဲစလို႔ မိနစ္ ၂၀ ေက်ာ္အတြင္း ခ႐ိုေအးရွားအသင္းကို အသာစီးရယူႏိုင္ခဲ့ၿပီး ဖိုဒန္ရဲ႕ ကန္သြင္းခ်က္ တိုင္ထိခဲ့တာ၊ ကြင္းလယ္လူ ကယ္လ္ဗင္ဖိလစ္ရဲ႕ ကန္သြင္းမႈကို ခ႐ိုေအးရွားဂိုးသမား ကာကြယ္ႏိုင္ခဲ့တာေတြေၾကာင့္ နစ္နာခဲ့ရတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ အဂၤလန္ အမွားမ်ားလာသလို တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈမရွိတဲ့ ပုံစံမ်ိဳးေတြေတြ႕လာရၿပီး ခ႐ိုေအးရွားအသင္းက တည္ၿငိမ္မႈျပန္ရလာခဲ့တယ္။

အဂၤလန္အသင္းမွာ လိဒ္စ္ကြင္းလယ္လူ ကယ္လ္ဗင္ဖိလစ္က ထိပ္သီးကလပ္ေတြ မ်က္စိက်စရာေကာင္းတဲ့ေျခစြမ္းမ်ိဳးျပသခဲ့ၿပီး ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားလို႔ေတာင္ ေျပာရမယ္။ ဘယ္ျခမ္းက စတာလင္နဲ႔ ေမဆင္ေမာင့္အတြဲအလုပ္မျဖစ္ခ်ိန္မွာ ဖိလစ္က ညာျခမ္းတစ္ေလွ်ာက္ ေရွ႕တက္ေနာက္ဆင္းနဲ႔ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး အေရးပါတဲ့ဂိုးကလည္း သူ႔ရဲ႕ဖန္တီးေပးမႈကေန ရရွိခဲ့တာပါ။

ေဆာက္ဂိတ္အေနနဲ႔ မန္စီးတီးအသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ေျခစြမ္းျပကစားခဲ့တဲ့ ဖိုဒန္ကို ညာျခမ္းပို႔ခဲ့တာက မွားတယ္လို႔ေျပာရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီဝက္ေက်ာ္ေလာက္ကတည္းက Out of Form ျဖစ္ေနတဲ့ စတာလင္ကို ယုံယုံၾကည္ၾကည္နဲ႔ ပြဲထြက္သုံးခဲ့တာကို လက္ခံလို႔ရေပမယ့္ ဒုတိယပိုင္းအစမွာကတည္းက လူစားလဲသင့္တယ္လို႔ျမင္မိတယ္။ စတာလင္ဟာ အသင္းအတြက္ အႏိုင္ဂိုးသြင္းခဲ့တာကလြဲၿပီး က်န္တဲ့အခ်ိန္မွာ ဘာမွမလုပ္ျပႏိုင္ခဲ့ဘူး။

ေဆာက္ဂိတ္က တိုက္စစ္အသားေပး ၄-၃-၃ ကစားကြက္ခင္းက်င္းခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြၾကားမွာ မခ်ိတ္ဆက္ႏိုင္ေအာင္ ခ႐ိုေအးရွားအသင္းက တားဆီးႏိုင္ခဲ့လို႔ အဂၤလန္အသင္း တိုက္စစ္က ထင္သေလာက္မထက္ျမက္ခဲ့ဘူး။ ေနာက္ပိုင္းမွာ ဟယ္ရီကိန္းက False 9 ပုံစံနဲ႔ ကြင္းလယ္ထိ ေဘာလုံး​ဆင္းယူ၊ စတာလင္က Center forward အျဖစ္ေနရာယူၿပီး ဖိုဒန္က ဘယ္ျခမ္းကေန အမ်ားဆုံးထိုးေဖာက္ေတာ့မွ အဂၤလန္တိုက္စစ္က ျပန္လႈပ္လာတယ္။

၅၇ မိနစ္မွာ ဖိလစ္ရဲ႕ ပါးပါးနပ္နပ္နဲ႔ ခင္းေပးလိုက္တဲ့ေဘာလုံးကို စတာလင္က ပိတ္သြင္းယူခဲ့တာေၾကာင့္ အဂၤလန္တို႔ ဂိုးရခဲ့ၿပီး ဒါက စတာလင္အတြက္ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ႏိုင္ငံအသင္းအတြက္ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ခ႐ိုေအးရွားအသင္းမွာ အသက္ ၃၅ႏွစ္အ႐ြယ္ ကြင္းလယ္လူမိုဒရစ္ ပုံစံေကာင္းျပႏိုင္ခဲ့ေပမယ့္ ပါရီဆစ္၊ ရီဘစ္တို႔ ဘာမွမလုပ္ႏိုင္တဲ့အျပင္ လူစားဝင္လာတဲ့ကစားသမားေတြကလည္း လိုအပ္တဲ့ေခ်ပဂိုးရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ၾကဘူး။ အဲဒါေၾကာင့္ ပြဲအၿပီးမွာ အဂၤလန္တို႔ ၁-၀ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အုပ္စုကေနတက္ဖို႔ အေျခအေနေကာင္းတစ္ရပ္ ပိုင္ဆိုင္ခဲ့ပါတယ္။