ပရိသတ်တွေနဲ့အတူ အားပေးခဲ့တဲ့ လင်ဂတ်

မန်ချက်စတာ ယူနိုက်တက်ကနေ ဝက်စ်ဟမ်းစ်မှာ အငှားသွား‌ရောက်ကစားအပြီး ခြေစွမ်းပြသနေတဲ့ ‌ဂျေစီ လင်ဂတ်ဟာ
ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ( ၂၀၂၀ ) အုပ်စုအဖွင့်ပွဲစဉ်ကို ပရိသတ်တွေနဲ့ အတူ ကြည့်ရှုအားပေးခဲ့ပါတယ်။

လင်ဂတ်က အဆိုပါ ပွဲစဉ်ကြည့်ရှုနေတဲ့ သူ့ရဲ့ ပုံရိပ်တချို့ကို ဆိုရှယ်မီဒီယာမှ တစ်ဆင့်မျှဝေခဲ့ပြီး သူဝတ်ဆင်ထားတဲ့ ဂျာစီနံပါတ်က
ဝက်စ်ဟမ်းပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ သေချာပါတယ်။

အသက် ( ၂၈ ) နှစ်အရွယ် ကစားသမားက ဝက်စ်ဟမ်းအသင်းဖော် ဒက်ကလန် ရိုက်စ်ရဲ့ အင်္ဂလန်လက်ရွေးစင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့ ပုခုံးပေါ်မှာလည်း ကြက်တူရွေးတစ်ကောင်ရှိနေတာ တွေ့ရပါတယ်။

The Sun သတင်းစာအရ ကွင်းလယ်တိုက်စစ်ကစားသမားဟာ လာမယ့်ရာသီ မန်ယူနိုက်တက်မှာ ကစားဖို့ ဆန္ဒရှိတယ်လို့ သိရပေမယ့်

အဆိုပါ အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က အရှေ့လန်ဒန်ကလပ်အပေါ် သံယောဇဉ်ရှိနေသေးကြောင်း ဖော်ပြရာရောက်ပါတယ်။

လင်ဂတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ
ခြေစမ်းပွဲတွေ ကစားခဲ့ပြီး ဆောက်ဂိတ်ရဲ့ အပြီးသတ်ကစားသမား

( ၂၆ ) ဦးစာရင်းမှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမယ့် အသင်းရဲ့ ခံစစ်လိုအပ်ချက်ကြောင့် လွဲချော်ခဲ့ရပါတယ်။

ဝင်ဘလေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အင်္ဂလန်က ခရိုအေးရှားအသင်းကို စတာလင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့


( ၁-၀ ) အနိုင်ရခဲ့ပြီး ရိုက်စ်ကလည်း ပွဲစဉ်တစ်လျှောက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

Zawgyi

ပရိသတ္ေတြနဲ႔အတူ အားေပးခဲ့တဲ့ လင္ဂတ္

မန္ခ်က္စတာ ယူႏိုက္တက္ကေန ဝက္စ္ဟမ္းစ္မွာ အငွားသြား‌ေရာက္ကစားအၿပီး ေျခစြမ္းျပသေနတဲ့ ‌ေဂ်စီ လင္ဂတ္ဟာ

ခ႐ိုေအးရွားနဲ႔ ကစားခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ယူ႐ို ( ၂၀၂၀ ) အုပ္စုအဖြင့္ပြဲစဥ္ကို ပရိသတ္ေတြနဲ႔ အတူ ၾကည့္ရႈအားေပးခဲ့ပါတယ္။

လင္ဂတ္က အဆိုပါ ပြဲစဥ္ၾကည့္ရႈေနတဲ့ သူ႔ရဲ႕ ပုံရိပ္တခ်ိဳ႕ကို ဆိုရွယ္မီဒီယာမွ တစ္ဆင့္မွ်ေဝခဲ့ၿပီး သူဝတ္ဆင္ထားတဲ့ ဂ်ာစီနံပါတ္က
ဝက္စ္ဟမ္းပရိသတ္ေတြကို ရင္ခုန္စိတ္လႈပ္ရွားေစမွာ ေသခ်ာပါတယ္။

အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ကစားသမားက ဝက္စ္ဟမ္းအသင္းေဖာ္ ဒက္ကလန္ ႐ိုက္စ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္အက်ႌကို ဝတ္ဆင္ထားၿပီး သူ႔ရဲ႕ ပုခုံးေပၚမွာလည္း ၾကက္တူေ႐ြးတစ္ေကာင္ရွိေနတာ ေတြ႕ရပါတယ္။

The Sun သတင္းစာအရ ကြင္းလယ္တိုက္စစ္ကစားသမားဟာ လာမယ့္ရာသီ မန္ယူႏိုက္တက္မွာ ကစားဖို႔ ဆႏၵရွိတယ္လို႔ သိရေပမယ့္

အဆိုပါ အက်ႌကို ဝတ္ဆင္ခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္က အေရွ႕လန္ဒန္ကလပ္အေပၚ သံေယာဇဥ္ရွိေနေသးေၾကာင္း ေဖာ္ျပရာေရာက္ပါတယ္။

လင္ဂတ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔အတူ
ေျခစမ္းပြဲေတြ ကစားခဲ့ၿပီး ေဆာက္ဂိတ္ရဲ႕ အၿပီးသတ္ကစားသမား
( ၂၆ ) ဦးစာရင္းမွာ ပါဝင္ဖို႔ နီးစပ္ခဲ့ေပမယ့္ အသင္းရဲ႕ ခံစစ္လိုအပ္ခ်က္ေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။

ဝင္ဘေလမွာ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာ အဂၤလန္က ခ႐ိုေအးရွားအသင္းကို စတာလင္ရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔
( ၁-၀ ) အႏိုင္ရခဲ့ၿပီး ႐ိုက္စ္ကလည္း ပြဲစဥ္တစ္ေလွ်ာက္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။